ကယ်တင်ခြင်း

လူတိုင်းအပြစ်သား

  • နေမကောင်းမကျန်းမာခြင်းတွေ၊ စိတ်ဝေဒနာများခံစားရင်ခြင်း၊ လောဘစိတ်၊ ပြစ်မှု့ကျူးလွန်ခြင်း၊ စစ်ဖြစ်ခြင်းတွေနဲ့ သေဆုံးခြင်းတွေကို လူတိုင်းကြုံတွေ့နေကြရတယ်။ ဒီပြဿနာဟာ တစ်ကမ္ဘာလုံးဖြစ်ပါတယ်။ လူတိုင်းက အံ့ဩနေကြရတယ်။ ဒီပြဿနာရဲ့ အဓိကအရင်းအမြစ်ကဘာလဲ။ အဖြေကဘာလဲ။
  • သမ္မာကျမ်းစာသွန်သင်တာက လူတွေရဲ့အဓိကဒီပြဿနာရဲ့ အရင်းမြစ်ဟာ အပြစ်ဖြစ်တယ်လို့ပြောတယ်။ ဒါနဲ့ အပြစ်ဆိုတာကရောဘာလဲ။ အပြစ်ဆိုတာ ဘုရားသခင်ရဲ့ ဥပဒေကိုချိုးဖောက်ခြင်း၊ ဘုရားသခင်ရဲ့စကားကို နားမထောင်ခြင်း၊ ဘုရားသခင်ကို မယုံကြည်ခြင်းကို ဆိုလိုပါတယ်။ အဲ့ဒီအပြစ်ဟာ လူတိုင်းမှာအလိုလို ထင်ရှားပါတယ်။ စဉ်းစားတွေးခေါ်မှု့၊ လှုပ်ရှားမှု့၊ ပြောဆိုမှု့တွေနဲ့ ရေးဆွဲတဲ့အစီစဉ်တွေမှာ ပေါ်လွင်ထင်ရှားနေပါတယ်။
  • လူတိုင်းအပြစ်သားဖြစ်ရခြင်း အကြောင်း နည်းလမ်း (၂)ခုရှိသည်

မွေးရာပါနှင့်ဒုစရိုက်အပြစ်
၁။ မွေးရာပါ


အာဒံ၏အပြစ်ကြောင့်လူအားလုံးသည်အပြစ်ကျူးလွန်ခြင်းနှင့်ယင်း၏အကျိုးဆက်များကိုခံယူကြသည်။ (မွေးရာပါအပြစ်)
‣ ရောမ၊ ၅း၁၂- ၁၉
‣ ဆာ၊၅၁း၅
‣ ၁ကော၊ ၁၅း၂၂
‣ ရောမ၊ ၃း၁၀-၁၈ ၊ ၂၃

၂။ ဒုစရိုက်အပြစ်
လူတိုင်းသည်အပြစ်ရှိသောလုပ်ရပ်များအတွက်အပြစ်ရှိသည်။ (ဒုစရိုက်) – ဂလာ၊ ၅း၁၉-၂၁

အပြစ်တရား၏အခ

    ‣ ရောမ၊ ၆း၂၃
    ‣ ရောမ၊ ၆း၁၁
    ‣ မသဿဲ ၂၅;၄၁ ငရဲ

အပြစ်ကိုဖြေသောအရာ အသွေးတော်

    ‣ ဟေဗြဲ၊ ၉း၂၂ - အသွေးမသွန်းလျင်အပြစ်မလွတ် ( ကုသိုလ်နဲ့မရ)
    ‣ ဝတ်၊ ၁၇း၁၁ - အသက်သည်အသွေးမှာတည်
    ‣ ဧဖက်၊ ၁း၇- 
    ‣ ဟေဗြဲ၊ ၉း၇ ၊ ၁၂ ၊ 
    ‣ ဟေဗြဲ၊ ၁၀း၄၊ တိရိစ္ဆာန်အသွေးက အပြစ်ကိုမပယ်နိုင်

ဘုရားမေတ္တာ ( ကျေးဇူးတရား)
‣ ၁တိ၊ ၁း၁၅
‣ ရော၊ ၅း၈
‣ ၂ကော၊ ၅း၂၁
‣ ယော၊၃း၁၇

  • ရောမ၊ ၅း၆-၈ – ၊ ၁ပေ၊ ၂း၂၄ ၊ ၃း၁၈
    ‣ ခရစ်တော်အသေခံခဲ့
    ‣ သဂြိုလ်ခြင်းကိုခံ
    ‣ သုံးရက်မြောက်နေ့မှာထမြောက်

ကယ်တင်ခြင်းရဖို့ ကျွန်ပ်ဘာလုပ်ရမည်နည်း။/

  • အပြစ်သားဖြစ်ကြောင်းဝန်ခံရမည် ‣ ရောမ ၃:၂၃ လူတိုင်းအပြစ်သား ‣ psalms 139: 23-24/ 38:18 ‣ 1 John 1:9 ‣ Hebrew 10:17
  • ခရစ်တော်သည် အပြစ်ကိုယ်စားအသေခံကြောင်း ယုံကြည်ရမည်
    ‣ ၁ပေ ၃:၁၈
    ‣ ရော ၅:၈
    ‣ Hebrew 10:12
  • ခရစ်တော်ကို နှလုံးထဲက ခေါ်ဖိတ်ရမည်
    ‣ ယော ၁:၁၂
    ‣ ရော ၁၀:၉-၁၁ နှုတ်ဖြင့် ဝန်ခံရမည်

ဒုက္ခထဲကဘယ်သူကကယ်တင်နိုင်မည်နည်း

⏭️ ဆာ၊ ၆၀း၁၁ –  ဒုက္ခနှင့်ကင်းလွတ်စေခြင်းငှါ မစတော်မူပါ။ လူတို့သည် ကယ်တင်ခြင်းငှါ မတတ်နိုင် ကြပါ။

လူသည် ဒုက္ခပြသနာ ဆင်းရဲခြင်းမျိုးစုံနှင့် ကင်းသည်ဟူ၍မရှိပါ။ လွတ်သည်ဟူ၍လည်းမရှိပါ။ မကြုံချင်လေ ဆိုးရွားစွာကြုံရချိန် မျိုးလည်းရှိတတ်သည်ပင်။ ထိုဒုက္ခပြဿနာ တွေထဲက လူတိုင်း ရုန်းထွက်လိုကြသည်။ ကင်းလိုကြသည်။ ထိုဒုက္ခပြဿနာမျိုးစုံကို ကူညီဖြေရှင်းပေးမည့်သူကို လူတိုင်းက တမ်းတလိုချင်ကြသည်။ တောင့်တနေကြသည်။ သို့ပေမဲ့ ထို ဆင်းရဲခြင်းဒုက္ခထဲမှ ကယ်တင်နိုင်သောသူရယ်လို့ လူသားတို့၌မရှိပါပေ။ အဘယ်သူက ကျွ်နပ်တို့ကို ကယ်လွှတ်မည်နည်း။

▶️ တ၊ ၄း၁၁-၁၂ တွင် ‘’ ကောင်းကင်အောက်မြေကြီးပေါ်တွင် ကယ်တင်နိုင်သောသူ တစ်ဦးတစ်ယောက်မျှ မရှိကြောင်းဖော်ပြထားပါသည်။ သို့ဆိုလျှင် – –

ကျွန်ပ်တို့၏ပြဿနာကဘာလဲ?

ကျွန်ပ်တို့၏ အဓိကပြဿနာမှာ အပြစ်ပင်ဖြစ်သည်။ ဘာအပြစ်လဲ? မမွေးဖွားခင် အမိဝမ်းတွင်းကပင် ပါလာသော မွေးရာပါ (ဗီဇ) အပြစ်ဖြစ်သည်။ ဘာကြောင့်အပြစ်ရှိသနည်း။ အပြစ်ဆိုတာ ဘာလဲ။ အပြစ်ဆိုသည်မှာ ဖန်ဆင်းရှင် ဘုရားသခင်နှင့် ကင်းကွာခြင်း၊ ဘုရားကိုမယုံခြင်းပေတည်း။ ကိုယ်ပြုသောအရာမဟုတ်ပါ။ ဖန်ဆင်းခံလူအာဒံပြစ်မှားခြင်း ကြောင့် လူအာဒံမှဆင်းသက်သူ လူသားအားလုံးအပြစ်ရှိကြောင်း ကျမ်းစာကဖော်ပြပါသည်။ ထိုအပြစ်ကြောင့် ငရဲကိုလမ်းဆုံးရမည်ဖြစ်သည်။ ထိုအရာသည် ကျွန်ပ်တို့၏ အဓိကပြဿနာ ပင်ဖြစ်သည်။

ထိုအပြစ်မှ လွတ်ရန် မည်သူမျှမစွမ်းနိုင်ပါ။ အဘယ်ကြောင့်နည်း။ ကျမ်းစာက လူတိုင်းအပြစ်သားဟုဆိုပါသည်။ အပြစ်သားအချင်းချင်း ကယ်တင်ရန်မဖြစ်နိုင်ပေ။ မိမိကိုယ်မိမိလည်း မကယ်တင်နိုင်ပါ။သူဌေးသူကြွယ်၊ ပညာတတ်တွေကလည်း မကယ်တင်နိုင်ပေ။ သူတို့မှာလည်း သူတို့ ဒုက္ခနှင့်ဖြစ်သည်။ သို့ဆိုလျှင် မည်သူရှိပါဦးမည်နည်း။ 

တ၊ ၄း၁၂ တွင်  ‘’ ထိုသခင်မှတပါး ‘’ ယေရှုခရစ်တော်မှတစ်ပါး အဘယ်သူမျှမရှိပါ။ ယေရှုခရစ်တော်သည်သာ လောကီသားများ၏အပြစ်ကို ဖြေလွှတ်နိုင်သောသူဖြစ်သည်။ ထိုသူတည်းဟူသော ယေရှုကို ယုံကြည်သောသူသည် ထာ၀ရအသက်တည်းဟူသော ကယ်တင်ခြင်းကိုရမည်ဖြစ်ပါသည်။ ထိုသခင်ယေရှုခရစ်တော်ကို ယုံကြည်လက်ခံခြင်းမှတစ်ပါး ဒုက္ခထဲကလွတ်မြောက်ရန် လမ်းမရှိပါ။ ထိုယေရှုသည် ကျွန်ပ်တို့၏ ဝိညာဉ်ဒုက္ခမှ ကယ်ချွတ်ပေးနိုင်ရုံမက ကျွန်ပ်တို့၏ နေ့စဉ်ဒုက္ခပြဿနာမျိုးစုံ အခက်အခဲမျိုးစုံမှလည်း ကယ်တင်ပေးနိုင်သော ဘုရားဖြစ်သည်။

မိတ်ဆွေ . . . ထိုယေရှုခရစ်တော်ကို မိမိ၏ကယ်တင်ပိုင်အဖြစ် ယုံကြည်လက်ခံပြီးပြီလား။ ယခုဘ၀နောင်ဘ၀အတွက် အာမခံချက်ပေးနိုင်သော ကယ်တင်ရှင်ဖြစ်ပါသည်။ မယုံကြည်သေးပါက ယခုပင် ယုံကြည်လက်ခံနိုင်ပါ၏။ ကျွန်ပ်တို့၏ လောကီ၊လောကုတ္တရာ ဒုက္ခမျိုးစုံမှ ကယ်တင်နိုင်သောသူသည် ယေရှုခရစ်တော်တစ်ပါးတည်းသာလျှင် ဖြစ်ကြောင်း မေတ္တာနှင့် အသိပေးဝေငှလိုက်ရပါသည်။

Pages: 1 2

Pastor Manar Chai


သင့်ဝိညာဉ် ကျန်းမာဖို့ နှုတ်ကပတ်တော်များများဖတ်ပါ။ သင့်ယုံကြည်ခြင်း ကြီးမားဖို့ နှုတ်ကပတ်တော်များများ နားထောင်ပါ။ သင့်ဝိညာဉ် ကြီးထွားရင့်ကျင့်လာဖို့ နှုတ်ကပတ်တော် ကိုနေ့စဉ်သင်ကြားခံယူပါ။


Let’s connect

အလိုအပ်ဆုံးအရာ