⏩သင့်အိမ်မှာ မင်္ဂလာရှိစေချင်ရင်၊ ကောင်းကြီး ဖြစ်စေလိုလျှင် တစ်ဦးနှင့်တစ်ဦး ကျေးဇူးတင်ပါ။ ထမင်းဟင်းတွေ ချက်ပြုတ်ပေးတဲ့ ဇနီးသည်ကို အစာစားတိုင်း ကျေးဇူးတင်စကားပြောပါ။ ချီးမွမ်းစကားပြောပါ။ ဟိုဟာလိုတယ်၊ဒီဟာလိုတယ်၊ ဆားလေး၊ဆားပေါ့နေတယ်လို့ ညီးနေမည့်အစား ကျေးဇူးတင်ပေးပါ။
⏩ ကောင်းလည်း ဘာမှမပြော၊ မကောင်းလည်း ဘာမှမပြော စားပဲမစားပါနဲ့။ မညီးမညူ ချက်ပြုတ်ပေးနေတဲ့ သူ့လက်ရာအတွက် ချီးမွမ်းစကားဆိုပါ။
⏩ မိမိခင်ပွန်းသည်ကိုလည်း စားပေးတဲ့အတွက် ကျေးဇူးတင်ပါ။

မိမိခင်ပွန်းရဲ့ အားနည်းချက်ရှိသော်လည်း ကောင်းတဲ့အရာလေးအပေါ် ချီးမွမ်းပေးပါ။ လေးစားကြောင်းပြသပါ။ တစ်ဦးနှင့်တစ်ဦးလေးစားမယ်၊ ချီးမွမ်းမယ်ဆိုရင် မိသားစုအာ ပျော်စရာကောင်းတဲ့ မိသားစုဖြစ်လာလိမ့်မယ်။ဘုရားသခင် နှစ်သက်သောအမှု့ဖြစ်တယ်။
⏩ ယုံကြည်သူ အချင်းချင်းလည်း တစ်ဦးကိုတစ်ဦး အပြစ်ရှာမနေပဲ ကောင်းတဲ့အရာလေးပေါ်မှာ တစ်ဦးနှင့်တစ်ဦး ချီးမွမ်းတတ်တယ်ဆိုရင် ငြိမ်သက်ခြင်းနှင့် မင်္ဂလာခံစားရမည်အမှန်ပေ။ တစ်ဦးနှင့်တစ်ဦး လေးစားတန်ဖိုးထားတတ်ဖို့ ဘုရားသခင်အလိုတော်ရှိသလို စာတန်မာနတ်ကတော့ တစ်ဦးနှင့်တစ်ဦးကို အမြင်ကပ်ဖို့ မတည့်ဖို့ အဆီးအတားလုပ်ပြီးကြိုးစားလေ့ရှိတယ်။ တားဆီးရမယ်။
⏩ တစ်ဦးကိုတစ်ဦး လေးစားတန်ဖိုးထားလျှင် မိသားစုမှာဖြစ်စေ၊ ပတ်ဝန်းကျင်မှာဖြစ်စေ အလင်းကိုလင်းစေ၍ ဆားကဲ့သို့ ငန်သောအရသာ ဖြစ်စေမှာဖြစ်ပါတယ်။ ဘုရားဘုန်းသာ၍ ထင်ရှားလာလေလေဖြစ်ပါပဲ။




Leave a Reply