ဓမ္မသီချင်းများ

() ကျွန်ပ်ခေါ်ပါ၏

(ယေရှု….ယေရှု…..ကျွန်ပ်ခေါ်ပါ၏။
အခြားသောသူကိုခေါ်၍နေစဉ်..လွန်မသွားပါနှင့်။)၂

ကြိုမမြင်နိုင်တဲ့ဘဝခရီးစဉ်၊ သောကပြည့်နှက်နေ၊
ဝိညာဉ်တော်လမ်းမပြခဲ့ရင်အမှောင်ကမ္ဘာနယ်ထဲတွင်၊
ထင်ရာခြေလမ်းမလှမ်းဝံ့ပါ၊
ကျွန်ပ်တစ်ယောက်ထဲဘဝမှာ၊
ဝိညာဉ်တော်မီးသွင်းလောင်းပါ၊ ရှင်သန်ဆဲဘဝမှာ။

ဒီကမ္ဘာမြေကြီးအဆုံးသတ်ဟာတဖြေးဖြေးနည်းကပ်လာ၊
တချိန်မှာ ပျက်ဆီးသွားတော့မယ်၊ သင်္ခါရလောက၊ 
ရှင်သန်နေဆဲအခိုက်တန့်မှာ၊တန်ခိုးနှင့်ပြည့်ဖို့ရာ၊
ဝိညာဉ်တော်မီးသွင်းလောင်းပါ၊ ရှင်သန်ဆဲဘဝမှာ။

မကျော်လွန်နိုင်တဲ့အကျင့်ဆိုးတွေ တဖြေးဖြေးဆိုးရွားနေ၊
အိမ်ထောင်မိသားစုထဲမှာ အရာရာယိုယွင်းနေ၊
ကိုယ်တိုင်ကကြိုးစားလည်းလေ၊ အချည်းနှီးသက်သက်တွေ၊
ဝိညာဉ်တော်လမ်းပြခဲ့ရင်၊ ကျော်လွန်ခဲ့ရပြီ။

Pages: 1 2 3

Pastor Manar Chai


သင့်ဝိညာဉ် ကျန်းမာဖို့ နှုတ်ကပတ်တော်များများဖတ်ပါ။ သင့်ယုံကြည်ခြင်း ကြီးမားဖို့ နှုတ်ကပတ်တော်များများ နားထောင်ပါ။ သင့်ဝိညာဉ် ကြီးထွားရင့်ကျင့်လာဖို့ နှုတ်ကပတ်တော် ကိုနေ့စဉ်သင်ကြားခံယူပါ။


Let’s connect

အလိုအပ်ဆုံးအရာ