ကယ်တင်ခြင်း

လူတိုင်း ကယ်တင်ခြင်းရဖို့ ဘုရားသခင်အလိုတော်ရှိတယ်။ယုံကြည်သူတိုင်း သမ္မာတရားသိဖို့ ဘုရားသခင်အလိုတော်ရှိတယ်။

Bible

အပြစ်တရား

  • အပြစ်ဆိုတာ လူနဲ့ဘုရားကို ကင်းကွာစေပါတယ်။
  • လူက ဘုရားကိုမယုံကြည်ခြင်း၊ စကားနားမထောင်ခြင်းကို အပြစ်လို့ခေါ်တယ်။
  • အပြစ်ကြောင့်လူဟာ ထာဝရဝိညာဉ်သေရမှာဖြစ်။ ထာဝရမီးငရဲသွးရမှာဖြစ်တယ်။
    အပြစ်လို့ပြောတဲ့အခါမှာ

၁။ ဗီဇအပြစ်လို့ခေါ်တဲ့ မွေးရာပါ။ အာဒံဧဝပြစ်မှားသောအပြစ် – လူတိုင်း အပြစ်ရှိတယ်။ ဗီဇအပြစ်ကြောင့် ငရဲ –

တစ်ယောသောသူ – လူအာဒံ
‣ ရော၊ ၅း၁၈ – ပြစ်မှားခြင်းအားဖြင့်
‣ ထို​ကြောင့်၊ တစ်​ယောက်​သော​သူ၏ ပြစ်​မှား​ခြင်း​အား​ဖြင့်၊ လူ​အ​ပေါင်း​တို့​သည် အ​ပြစ်​စီ​ရင်​ခြင်း​နှင့် တွေ့​ကြုံ​ရ​ကြ​သည်​နည်း​တူ၊ ‣ ရော၊ ၅း၁၉ - နားမထောင်ခြင်းအားဖြင့် ‣ အ​ကြောင်း​မူ​ကား၊ တစ်​ယောက်​သော​သူ​သည် နား​မ​ထောင်​သော​အား​ဖြင့်၊ လူ​များ​တို့​သည် အ​ပြစ်​ရောက်​သည်​နည်း​တူ၊ ‣ ဆာ၊ ၅၁း၅ - မွေးစကပင် ‣ ”အ​ကျွန်ုပ်​သည် မွေး​စ​က​ပင် အ​ပြစ်​ပါ​လျက်​ရှိ၏။ အ​မိ​ဝမ်း​ထဲ​မှာ ပ​ဋိ​သ​န္ဓေ​ယူ​စဉ်​ပင် အ​ပြစ်​စွဲ​ပါ၏။“

၂။ ဒုစရိုက်အပြစ်ကတော့ – ကိုယ်တိုင်လွန်ကျူးသောအပြစ်လို့ခေါ်တယ်။ ပြစ်ဒဏ်ခံရမယ်။
ဟေရှာ၊ ၆၅း၆-၇ ၊ ယေရမိ၊ ၂း၂၂ ၊ ၁၇း၁

ငါ့​ရှေ့​မှာ စာ​ရင်း​မှတ်​လျက် ရှိ​သည်​ဖြစ်၍၊ ငါ​သည် တိတ်​ဆိတ်​စွာ​မ​နေ၊ အ​ကျိုး​အ​ပြစ်​ကို ဆပ်​ပေး​မည်။ 7သင်​တို့၏ ဒု​စ​ရိုက်​အ​ပြစ်​ကို​လည်း​ကောင်း၊ တောင်​ပေါ်​မှာ လော​ဗန်​ကို မီး​ရှို့၍၊ ကုန်း​ပေါ်​မှာ ငါ့​ကို​ကဲ့​ရဲ့​သော သင်​တို့​ဘိုး​ဘေး၏ ဒု​စ​ရိုက်​အ​ပြစ်​ကို​လည်း​ကောင်း သင်​တို့​ရင်​ခွင်၌ ငါ​ဆပ်​ပေး​မည်။ အ​ကယ်​စင်​စစ် သူ​တို့​ပြု​ဖူး​သော အ​ကျင့်​တို့၏​အ​ကျိုး​အ​ပြစ်​ကို သူ​တို့​ရင်​ခွင်၌ ငါ​ခြင်၍​ပေး​မည်​ဟု၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​၏။

ရောမ၊ ၂း၆ – ဆာ၊ ၆၂း၁၂ ၊ ၂၄း၁၂
ဘုရားသခင်သည် လူအသီးအသီးတို့အား မိမိတို့ အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ဆပ်ပေးတော်မူလတ္တံ့၊-

Pages: 1 2

Pastor Manar Chai


သင့်ဝိညာဉ် ကျန်းမာဖို့ နှုတ်ကပတ်တော်များများဖတ်ပါ။ သင့်ယုံကြည်ခြင်း ကြီးမားဖို့ နှုတ်ကပတ်တော်များများ နားထောင်ပါ။ သင့်ဝိညာဉ် ကြီးထွားရင့်ကျင့်လာဖို့ နှုတ်ကပတ်တော် ကိုနေ့စဉ်သင်ကြားခံယူပါ။


Let’s connect

အလိုအပ်ဆုံးအရာ