ဝိညာဉ်ကျန်းမာဖို့ နှုတ်ကပတ်တော်များများဖတ်ပါ။

ယုံကြည်သူအမျိုးသမီးများသို့ တိုက်တွန်းအားပေးစကား

သမ္မာကျမ်းစာတွင် အမျိုးသမီးများအကြောင်းမြောက်များစွာကိုဖော်ပြမှတ်တမ်းတင်ထားပါတယ်။ မြတ်သောအမျိုးသမီးများစွာက ဘုရားဘုန်းထင်ရှားခြင်းမှာ ပါဝင်နေကြပါတယ်။

ခရစ်ယာန်ယုံကြည်သူ အမျိုးသမီးများကို အားပေးတိုက်တွန်းလိုပါ၏၊ သင်တို့သည် ဘုရားသခင်၏အမှုတော်မြတ်တွင် အရေးပါသောနေရာမှ ရပ်တည်နေကြသူများဖြစ်သည်။

ရှင်လုကာ ၂၄:၁-၉ တွင် ဖော်ပြထားသော အမျိုးသမီးများသည် သခင်ယေရှု၏ထမြောက်ခြင်းသတင်းကောင်းကို ပထမဆုံးသက်သေခံသူများဖြစ်သည်။ သူတို့သည် ကြောက် ရွံ့မှုနှင့် မသေချာမှုများကြားတွင်လည်း ယုံကြည်ခြင်းဖြင့် သင်္ချိုင်းတော်သို့သွားရောက်ခဲ့ကြပြီး၊ ဘုရားသခင် ၏အံ့ဖွယ်အမှုကို မြင်တွေ့ခဲ့ကြသည်။ သူတို့၏ရဲစွမ်းသတ္တိနှင့် သစ္စာ စောင့်သိမှုသည် တပည့်တော်များထံ သတင်းကောင်းပေးပို့ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ထိုမှတစ်ဖန် နေရာအသီးသီးသို့ သတင်းကောင်းရောက်ရှိရန်အကြောင်းဖြစ်လာခဲ့သည်။

ကျွန်မ အမျိုးသမီးငယ်လေး

ထိုနည်းတူ၊ ၄ ဓမ္မရာဇဝင် ၅:၃ တွင် နေမာန်အား အနာပျောက်ကင်းရန် လမ်းပြပေးသော ကျွန်မလေးသည် ဘုရားသခင်၏တန်ခိုးတော်ကို ယုံကြည်စွာ ထုတ်ဖော်ပြောဆိုခဲ့သည်။ သူမ ကိုးကွယ်သော ဘုရားသခင်အသက်ရှင်ကြောင်းကို မကြောက်မရွံံ့ဘဲ ထုတ်ဖော်ခဲ့သည်။ သူမ၏ရိုးသားသော ယုံကြည်ခြင်းသည် အံ့ဖွယ်ကုသခြင်းသို့ ဦးတည်စေခဲ့သည်။ 

ရှမာရိအမျိုးသမီး

ရှင်ယောဟန် ၄:၂၈-၂၉ တွင်လည်း ရှမာရိအမျိုးသမီးသည် သခင်ယေရှုနှင့် ရေတွင်း၌တွေ့ဆုံခဲ့ပြီးနောက်၊ မိမိ၏အတိတ်ဘဝကို ကျော်လွှားကာ ခရစ်တော်အကြောင်းကို ရဲဝံ့စွာ သက်သေခံခဲ့သည်။ သူမ၏စကားကြောင့် လူများစွာသည် ယေရှုထံသို့ ရောက်ရှိလာခဲ့ကြသည်။ မိမိ၏အားနည်းချက်မှ ရဲဝံ့ခြင်းဆီသို့တက်လှမ်းလာနိုင်ခဲ့သည်မဟုတ်လော။ 

ဤအမျိုးသမီးများ၏ ဘဝများသည် သင်တို့အား ဤသို့သတိပေးသည်- သင်တို့၏ယုံကြည်ခြင်း၊ သစ္စာစောင့်သိမှုနှင့် ရဲစွမ်းသတ္တိသည် ဘုရားသခင်၏အမှုတော်တွင် ပြောင်းလဲမှုများဖြစ်ပေါ်စေမည်ဖြစ်သည်။ သင်တို့သည် သခင်ဘုရား၏ နောက်လိုက်များအဖြစ်၊ သူတော်စင်များ၊ ဘုရားသခင်၏ သန့်ရှင်းသူများကို ပြုစုကျွေးမွေးသူများအဖြစ်၊ သတင်း ကောင်းကို သက်သေခံသူများအဖြစ် ခေါ်တော်မူခြင်းခံရသည်။ သင်တို့၏ဘဝသည် ဘုရားသခင်၏တန်ခိုးတော်ကို ထင်ရှားစေရန် ဘုရားသခင်အလိုရှိသည်။ 

ထို့ကြောင့် ချီးမွမ်းခြင်းနှင့် မဆုတ်မနစ် ကြိုးစားအားထုတ်လျက် ရှေ့ဆက်လျှောက်လှမ်းကြပါ။ ဘုရားသခင်သည် သင်တို့၏လှမ်းသောခြေရာတိုင်းတွင် အတူရှိတော်မူ၏။ သင်တို့၏ယုံကြည်ခြင်းသည် အခြားသူများကို ခရစ်တော်ထံသို့ ပို့ဆောင်သော အလင်းဖြစ်ဖို့  **သင်တို့သည် ဘုရားသခင်၏ရွေးချယ်ထားသော သမီးတော်များဖြစ်သည်။** ဘုရားသခင်၏အမှုတော်တွင် ရဲဝံ့စွာ ပါဝင်ကြပါလော့။ ဆက်ကပ်ကြပါလော၊ ဟုတိုက်တွန် ခွန်အားပေးပါသည်။ အမျိုးသမီးများလုံးကို ဘုရားသခင်ကောင်းကြီးသွန်းလောင်းပါစေ။ 


Leave a Reply

Pastor Manar Chai


သင့်ဝိညာဉ် ကျန်းမာဖို့ နှုတ်ကပတ်တော်များများဖတ်ပါ။ သင့်ယုံကြည်ခြင်း ကြီးမားဖို့ နှုတ်ကပတ်တော်များများ နားထောင်ပါ။ သင့်ဝိညာဉ် ကြီးထွားရင့်ကျင့်လာဖို့ နှုတ်ကပတ်တော် ကိုနေ့စဉ်သင်ကြားခံယူပါ။


Let’s connect

အလိုအပ်ဆုံးအရာ

Discover more from mcministry

Subscribe now to keep reading and get access to the full archive.

Continue reading