ဘုရားဝတ်၌ မွေ့လျော်ခြင်းဆိုတာ ဘုရားစကားကို နားထောင်ပြီး သူ၏အလိုတော်ကို လုပ်ဆောင်ခြင်း၊ ဦးစားပေးခြင်းဖြစ်တယ်။
◾အာဗြဟံက ခေါင်ခိုက်တဲ့နေရာမှာနေဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါပေမဲ့ သူ့ဘုရားကို စဉ်ဆက်မပြတ်ကိုးကွယ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဆုံးဖြတ်တဲ့အတိုင်း ကိုးကွယ်တယ်။ ဘုရားသခင်ရဲ့ကောင်းကြီးက သာယာသောမြစ်နားကဲ့သို့ စိမ်းလန်းသောကျက်စားရာဖြစ်လာခဲ့တယ်။
◾လောတက စိမ်းလန်းစိုပြေတဲ့ ရေရှိရာမြစ်နားမှာ နေဖို့ရွေးချယ်ခဲ့တယ်။ ဒါပေမဲ့ သူမသိတာက မတရားသောသူတွေနဲ့နေရမှာကို သူထည့်မတွက်ဂရုမစိုက်ခဲ့ဘူး။ ဒါကသူ့ရဲ့ ကိုးကွယ်ခြင်းကို အနှောက်အယှက်ဖြစ်စေတယ်။ နောက်ဆုံးမှာ သူနေတဲ့မြို့ မီးနဲ့ဖျက်ဆီးခြင်းခံလိုက်ရတယ်။
◾ယုံကြည်သူဟာ ခေါင်ခိုက်နေတဲ့ နေရာမှာနေနေ ဘုရားသခင်ကို ကိုးကွယ်ခြင်းမပြတ်ဖို့အရေးကြီးတယ်။ ဘုရားသခင်နဲ့ အဆက်မပြတ်ဖို့အရေးကြီးတယ်။ ခက်ခဲကြမ်းတမ်းနေတဲ့အချိန်မှာပဲဖြစ်ဖြစ် ဘုရားသခင်၌ မွေ့လျော်ခြင်းပြတ်မသွားဖို့လိုပါတယ်။ ဘုရားရှင်ရဲ့ ကတိတော်က နောက်မကျဘူး။ အချိန်မှန်တယ်။ လုံလောက်ရုံမကဘူး၊ လျှံထွက်တယ်။ လျှံထွက်တာဆိုတာ ပိုလျှံတာကိုပြောတာမဟုတ်ဘူး။ လိုအပ်နေသူများကို မစန်ုင်ခြင်း၊ စွန့်ကြဲပေးကမ်းစရာရှိခြင်းကို ဆိုလိုပါတယ်။
◾ဘုရားသခင်နဲ့ မိသဟာယပြတ်ခြင်းကတော့ လောတလိုပဲ ဘယ်လောက် အဆင်ပြေပြေတဲ့နေရာရွေးရွေး၊ ဘယ်လောက်အဆင်ပြေတဲ့ လုပ်ငန်းရှိရှိ ခန်းခြောက်ခြင်းမုန်တိုင်းက အမြဲကပ်လိုက်နေတတ်တယ်။ မုန်တိုင်းကမနေဘူး။ ပူလောင်ခြင်းမီးက စာနာသနားခြင်းမရှိဘူး။
◾ဒါကြောင့် ခရစ်တော်က သင်တို့သည် ငါနှင့်ကွာလျှင် အဘယ်အမှု့ကိုမျှမတတ်နိုင်ဘူးလို့ ပြောတယ်။ ယုံကြည်သူအတွက် ဘုရားသခင်ရဲ့ နိယာမကိုနားလည်ထားဖို့အရေးကြီးတယ်။
◾ဘုရားသခင်ကို မပြတ်ကိုးကွယ်ဆည်းကပ်တဲ့ ဒံယေလ၊ ဒုက္ခဆင်းရဲမျိုးစုံထဲက ကိုယ်တော်မစခဲ့တယ်။ ဘုရားသခင်၌သာ ပျော်မွေ့နေတတ်သူ ဒါဝိဒ်ကို မြေမှုန့်ထဲက ချီးမြှောက်ကောင်းကြီးပေးခဲ့တယ်။ ဘုရားသခင်ကိုသာ ဦးစားပေးရွေးတတ်သူ အာဗြဟံဟာ ယနေ့ထိ အမျိုးမပြတ်သလို ကောင်းကြီးမပြတ်ဘူး။
◾ဘုရားသခင်နဲ့ပတ်စက်လာရင် ဘုရားဖက်မှာရွေးချယ်ရပ်တည်ဖို့ ခက်ခဲတာအမှန်ပဲ။ ဧသောကဲ့သို့ လက်ရှိဆာလောင်နေတဲ့ပိုက်ပြည့်ဖို့ကိုသာ အာရုံစိုက်တတ်တယ်။ ယခုလက်ရှိအခက်ခဲကို ဖြေရှင်းကျော်လွှားဖို့သာ ပိုအာရုံစိုက်တတ်ကြတယ်။
◾ဘုရားသခင်ရဲ့သဘောတော်က ရိုးရှင်းတယ်။ ကတိတော်နဲ့တွဲပေးတယ်။ ထိုကတိတော်ထက်မလျော့ ပို၍ပေးသော ဘုရားဖြစ်တယ်။ ဒါကိုသိတဲ့ ယောရှုကတော့ ဘုရားသခင်ကိုသာ ဘယ်အခြေအနေမှာဖြစ်ဖြစ် ကိုးကွယ်ဖို့ ရွေးချယ်ခဲ့တယ်။ မိတ်ဆွေရော၊ ဘုရားသခင်၌ မွေ့လျော်မည့်နေရော အခြေအနေကိုသာ ရွေးချယ်တတ်ပြီး ဘုရားသခင်ကို အစဉ်မပြတ်ကိုးကွယ်ဆည်းကပ်ကြရအောင်။ ဘုရားသခင် ပို့ဆောင်တော်မူလိမ့်မယ်။
ဖတ်ရှုရန်၊ ဆာ၊ ၃၇:၄ | ၂ပေ၊ ၂:၉ | ယောဘ၊ ၂၂:၂၁











Leave a Reply