ဝိညာဉ်ကျန်းမာဖို့ နှုတ်ကပတ်တော်များများဖတ်ပါ။

အထက်ကိုမျှော်ကြည့်ပါ

အရာအားလုံးရဲ့အထက်မှာ စိုးစံတဲ့ဘုရားကို သင်ကိုးကွယ်တာဖြစ်တယ်။ အထက်ကိုသာမျှော်ကြည့်ပါ။

◾ သင့်ရဲ့ ရင်ထဲမှာကြိတ်မှိတ်ပြီးခံစားတဲ့ သင့်ရဲ့ခံစားချက်ကို ဘယ်သူမှမသိဘူး၊ဘယ်သူကမှမမြင်ဘူး။ဟန်ဆောင်ပြီးပြုံးနေရပေမဲ့ အထဲမှာနာကြင်စွာခံစားနေရတယ်။ ဖွင့်ပြောမယ်ဆိုလည်း ဘယ်သူကမှနားလည်မပေးနိုင်ဘူးထင်လို့ မျိုသိပ်ပြီးသိမ်းထားခဲ့ရတာကြောင့် နှလုံးအိမ်မှာပေါက်ကွဲလုမတတ်ခံစားခဲ့ရတယ်။လူသူမမြင်တဲ့အခါ အိပ်ယာပေါ်မှာမျက်ရည်စက်စက်ကျခဲ့ရတယ်။ စာနာပေးနိုင်မည့်သူ ရှိအုံးမှာလား။ တွေးရင်းရူးမတတ်ခံစားခဲ့ရတာ မနည်းတော့ဘူး။ မိမိကိုယ်မိမိ အဆုံးစီရင်လိုက်ချင်လောက်အောင် နာကျင်နေရတယ်။ ဘယ်လုပ်မလဲ ။

◾ အထက်ကိုသာမျှော်ကြည့်ရင်း ကိုယ်တော်မစပါလို့ ကျိုးနွံစွာ ခေါ်ကြည့်လိုက်ပါ.။ နွေးထွေးသော လက်တစ်စုံက သင့်အတွက်ပါ။ကျခဲ့တဲ့မျက်ရည်သုတ်ပေးဖို့၊လောင်ကျွမ်းခဲ့တဲ့အပူမီးကိုငြိမ်းပေးဖို့ ကိုယ်တော့်လက်တော် ကမ်းလို့နေပါတယ်။ယုံကြည်စွာခေါ်ကြည့်လိုက်ပါ။

◾ တစ်ဆယ့်နှစ်နှစ်သွေးသွန်အနာစွဲနေတဲ့အမျိုးသမီးက ဆရာဝန်ပေါင်းစုံနှင့်ကုသပေမဲ့ အနာကမပျောက်တဲ့အပြင် ပိုပြီးအနာတိုးလာပါတယ်။ သူ့ပစ္စည်းလည်းကုန်ပြီလေ။ မျှော်လင့်ချက်မဲ့နေပြီ။ ခရစ်တော်ထံ ဘယ်သူမှမသိအောင် တိုးဝင်လာခဲ့ချိန် ရှိသမျှအနာပျောက်သွားတယ်။

◾ဟန္နက ကလေးရဖို့ အထဲမှာကြေကွဲပြီးဆုတောင်းခဲ့တယ်။ လူတွေရဲ့ကဲ့ရဲ့ဒဏ်ကိုသူမခံနိုင်တော့ဘူး။ ခံနိုင်ရည်ခွန်အားလည်းကုန်ပြီ။ လူတွေရှေ့မှာမျက်နှာမပြရဲတော့လောက်အောင် ခွန်အားမရှိတော့ဘူး။ ကြိတ်ခံစားလာရတာ နှစ်နဲ့ချီရှိလာခဲ့ပြီ။ ယဇ်ပရောဟိတ် ဧလိကိုယ်တိုင်က စပျစ်ရည်မူးနေပြီလို့ထင်ရလောက်အောင် သူ့အထဲ၌ကြိတ်ခံစားလာခဲ့ရတယ်။ ဘယ်လောက်များသူ့အထဲမှာ နာကျင်နေမလဲ။ ဒါပေမဲ့ အတွင်းကခေါ်သံကို ကိုယ်တော်က နား ညောင်းလို့ ကလေးချီးနေရပြီမဟုတ်လား။

◾သင့်အထဲက ငိုသံ၊ ခံစားချက်တွေကို ဘယ်သူမှမသိလို့ နားလည်မပေးနိုင်ကြပေမဲ့ သင့်ကိုနွေးထွေးစွာထွေးပွေ့ပေးတဲ့ ယေရှုဘုရားသင့်အနားမှာရှိနေတယ်။ ခရစ်တော်ထံ တိုးဝင်လိုက်ပါ။◾




Leave a Reply

Pastor Manar Chai


သင့်ဝိညာဉ် ကျန်းမာဖို့ နှုတ်ကပတ်တော်များများဖတ်ပါ။ သင့်ယုံကြည်ခြင်း ကြီးမားဖို့ နှုတ်ကပတ်တော်များများ နားထောင်ပါ။ သင့်ဝိညာဉ် ကြီးထွားရင့်ကျင့်လာဖို့ နှုတ်ကပတ်တော် ကိုနေ့စဉ်သင်ကြားခံယူပါ။


Let’s connect

အလိုအပ်ဆုံးအရာ

Discover more from mcministry

Subscribe now to keep reading and get access to the full archive.

Continue reading