ဝိညာဉ်ကျန်းမာဖို့ နှုတ်ကပတ်တော်များများဖတ်ပါ။

ချီးမွမ်းပါ။ ဘုရားသခင်နှစ်သက်တယ်။

( ၂ရာ၊ ၂၀း၂၂) ထိုသူတို့သည် ချီးမွမ်းရာသီချင်းကို ဆိုစပြုကြ သောအခါ၊ ယုဒပြည်ကိုတိုက်အံ့သောငှါ လာသော၊ စိရ တောင်သားတို့ကို အမ္မုန်အမျိုး သား၊ မောဘအမျိုးသား တို့တဘက်၌ ထာဝရဘုရားချောင်းမြောင်းစေတော် မူသဖြင့်၊ အမ္မုန်အမျိုးသား၊ မောဘအမျိုးသားတို့သည် အထိအခိုက်ခံရသောကြောင့်၊ 23 တဖန်စိရတောင်သားတို့ကို သုတ်သင်ပယ်ရှင်း ခြင်းငှါ လှန်၍ တိုက်သဖြင့်၊ အကုန်အစင်သတ်ပြီးမှ၊ တယောက်ကိုတယောက်တိုက်ခိုက်၍၊ ပျက်စီးခြင်းသို့ ရောက်ကြ၏။


 ယောရှဖတ်သည် မင်းကောင်းမင်းမြတ်တစ်ပါးဖြစ်သည်။ ထာ၀ရဘုရား၏လမ်း၌ စိတ်စွဲလန်း (၂ရာ၊ ၁၇း၆) သောကြောင့် ကြီးမားသော မင်္ဂလာအချိန်အခါသို့ပို့ဆောင်ခဲ့သည်။မောဘလူမျိုးများနှင့် အမ္မုန်လူမျိုးတို့သည် ယုဒကိုတိုက်ခိုက်ကြသော်လည်း ယောရှဖတ်သည် ထာ၀ရဘုရားကိုရှာ၍ ရန်သူ ကိုလွယ်ကူစွာ အောင်နိုင်သည်။ ဘုရားသခင်သည် မည်သူဖြစ်သည်ကိုလည်းကောင်း၊ အတိတ်၌ ဘု ရားသခင်ပြုခဲ့သောအရာတို့ကိုလည်းကောင်း၊ ဘုရားသခင် ကတိထားခဲ့သောအရာတို့ကိုလည်းကောင်း  ပြန်လည်သတိရပြီး သူ၏ဆုတောင်းချက်သည် ဘုရားသခင်အပေါ်၌သာ လုံးလုံးအာရုံစူးစိုက်သည်။ 

ကျွန်ပ်တို့သည် မည်သည့်အရာ ပြုရမည်ကိုမသိကြသော်လည်း ဘုရားသခင်၌သာအာရုံပြုရပါမည်။ ဘု ရားသခင်သည် ပရောဖက်တစ်ပါးအားဖြင့်အဖြေပေးကာ စစ်မှူ့သည် သင်၏အမှူ့မဟုတ် ဘုရားသခင်ပြု မည့်အမှူ့ဖြစ်ကြောင်း ပြောကြားကာ ခိုင်ခန့်စွာရပ်တည်ဖို့ အားပေးသည်။

 နောက်နေ့မနက်တွင် ယောရှဖတ်သည် ထူးခြားသောအရာတစ်ခုကိုပြုသည်။သူသည်တပ်ရှေ့၌ သွားပြီး ဂုဏ်တော်ချီးမွမ်းမည့်အဖွဲ့ကိုရွေးချယ်သည်။( ၂ရာ၊ ၂၀း၂၁) သူတို့သည် ချီးမွမ်းသီဆိုကြသော အခါ ဘုရားသခင်သည် ရန်သူစစ်သားတို့ကို အချင်းချင်းတိုက်ခိုက်စေကာ အားလုံးသေကြေကြသည်။ ဘုရားသခင်လူတို့သည် လက်ညိုးတစ်ချောင်းကိုမျှ မထောင်ရပဲလျက် ချီးမွမ်းခြင်း တန်ခိုးအားဖြင့် စစ်ပွဲ ကိုအောင်မြင်ကြသည်။ ချီးမွမ်းခြင်းတန်ခိုးတော်ကား အံ့သြဖွယ်ရာပင်မဟုတ်လော။

 ချီးမွမ်းခြင်းသည် တန်ခိုးနှင့်ပြည့်စုံပြီး မျက်လှည့်မဟုတ်ပါ။ချီးမွမ်းခြင်းသည် ကျွန်ပ်တို့လိုအပ် ချက်နှင့်အခြေအနေတို့၏အဖြေဖြစ်သော ဘုရားသခင်အား စေ့စေ့ကြည့်စေသည်။ထိုသို့သောအားဖြင့် ဘုရားသခင်က အောင်မြင်ခြင်းကိုပေးသည်။ 


Leave a Reply

Pastor Manar Chai


သင့်ဝိညာဉ် ကျန်းမာဖို့ နှုတ်ကပတ်တော်များများဖတ်ပါ။ သင့်ယုံကြည်ခြင်း ကြီးမားဖို့ နှုတ်ကပတ်တော်များများ နားထောင်ပါ။ သင့်ဝိညာဉ် ကြီးထွားရင့်ကျင့်လာဖို့ နှုတ်ကပတ်တော် ကိုနေ့စဉ်သင်ကြားခံယူပါ။


Let’s connect

အလိုအပ်ဆုံးအရာ

Discover more from mcministry

Subscribe now to keep reading and get access to the full archive.

Continue reading