◾အစေခံခြင်းထက် ကိုးကွယ်ခြင်းကို ဦးစားပေးသင့်ကြောင်း ခရစ်တော်က ပြောတယ်။ ဘုရားသခင်အားကိုးကွယ်ခြင်းဟာ အင်မတန်အရေးကြီး ဦးစားပေးရမဲ့အရာဖြစ်တယ်။ ကိုးကွယ်ခြင်းမရှိရင် ဘုရားသခင်နှင့်ရင်းနှီးကျွမ်းဝင်နိုင်မှာမဟုတ်ပေ။ ကိုးကွယ်ခြင်းဖြင့် ဘုရားမျက်နှာကိုရှာပါ။
◾ ဓမ္မသီချင်းသီကျူးနေရင်းကိုးကွယ်ပါ။ လူတစ်ချို့က Praise & Worship ချိန်ကိုတန်ဖိုးမထား အလေးမထားကြဘူး။ စိတ်လည်းမပါကြဘူး။ ကိုးကွယ်ခြင်းရဲ့နက်နဲမှု့နဲ့ပြည့်စုံမှု့မှာ ဓမ္မတေးသီကျူးခြင်းလည်းပါတယ်။ သီချင်းဆိုနေချိန်မှာ သီချင်းသက်သက်အဖြစ်မဆိုပါနဲ့။ နှလုံးသားနဲ့နားထောင်ပြီး ချီးမွမ်းပါ။ ကိုးကွယ်ပါ။ ဘုရားသခင်ရဲ့ မျက်မှောက်တော်ထဲရှိနေပါ။ လူစောင့်သီချင်းမဟုတ်ဘူး။ သတိပြုပါ။ ဘုရားကျောင်းသွားသွား၊ Home cell သွားသွား ဓမ္မတေး သီဆိုကျူးချိန်ကို အချိန်မှီသွားပါ။ ကိုးကွယ်ပါ။
◾ ဆုတောင်းချိန်ဟာလည်း ကိုးကွယ်နေချိန်ဖြစ်တယ်။ ဘုရားသခင်နှင့်စကားပြောနေချိန်ဖြစ်တယ်။ သူတစ်ပါးအတွက်ရော ကိုယ့်အတွက်ပါ ဘုရားသခင်နှင့်ရင်းနှီးစွာ စကားပြောနေချိန်ပါ။ ပေါ့ပေါ့ဆဆမလုပ်ပါနဲ့။ အချို့က ဆုတောင်းကိုးကွယ်နေချိန်မှာ အိပ်နေကြတယ်။ ဖုန်းဆော့နေကြတယ်။ ဝင်လိုက်ထွက်လိုက်လုပ်တတ်ကြတယ်။ ဟိုကလိဒီကလိလုပ်တတ်ကြတယ်။ ဆုတောင်းခြင်းဟာ စစ်မှန်တဲ့ကိုးကွယ်ခြင်းရဲ့ အစိတ်အပိုင်းဆိုတာမမေ့ပါနဲ့။ စိတ်နှလုံးနဲ့၎င်းညာဏ်နှင့်၎င်း ဆုတောင်းရမှာဖြစ်တယ်။
◾ တရားဒေသနာတော် နားထောင်ချိန်မှာ နှလုံးတံခါးကိုဖွင့်ပြီးနားထောင်ပါ။ ဒေသနာရှင်ဘယ်သူလဲဆိုတာထက် အဲ့ဒီဒေသနာဟာ ဘုရားသခင်ထံကဖြစ်တယ်ဆိုတာ သတိပြုပါ။ ဆုတောင်းခြင်းဟာ သင်ဘုရားကိုပြောနေတာဖြစ်သလို တရားဒေသနာနားထောင်ခြင်းဟာ သင့်ကိုဘုရားသခင်က စကားပြောနေတာဖြစ်တယ်။ တရားဒေသနာကို ကောင်းကောင်း အားရုံစိုက်နားမထောင်ခြင်းဟာ ဘုရားသခင်က စကားပြောနေတာကို မထီမဲ့မြင်ပြုခြင်းဖြစ်တယ်။ အချို့က ဒေသနာချိန်မှာ အာရုံကိုလွှဲပြီး ငေးနေလေ့ရှိကြတယ်။ အချို့က ခုံအောက်ငုံပြီးဆော့နေကြတယ်။ ဖုန်းကလိလိုက်၊ ကလေးတွေနဲ့ဆော့လိုက်လုပ်နေတတ်ကြတယ်။ ဘုရားကျောင်းသွားပေမဲ့ တရားဒေသနာတော်ကို ကောင်းကောင်းနားမထောင်ပဲ ပြန်သွားခြင်းဟာ အလာလမ်းထက်အပြန်လမ်းက မလှပဘူး။
◾ ကိုးကွယ်ခြင်းမှာ ပေးလူခြင်းလည်း မပါလို့မဖြစ်ဘူး။ မာကုပညာရှိများက သူငယ်တော်ယေရှုကို ကိုးကွယ်တဲ့အခါ အကောင်းဆုံး အဖိုးတန်ဆုံးဘဏ္ဍာများနဲ့ ပူဇော်ကြပါတယ်။ ကိုးကွယ်ဖို့သွားရင် ပူဇော်သက္ကာအလှုကိုလည်း ပြင်ဆင်သွားပါ။ ဆယ်ဖို့တစ်ဖို့ကို ချန်မထားခဲ့ပါနဲ့။ ကိုးကွယ်ဖို့ ယူသွားပါ။
◾ အချို့က ဝတ်ပြုကိုးကွယ်နေချိန်မှာ စည်းမဲ့ကမ်းမဲ့ပြုမူတတ်ကြတယ်။ အချို့က ဖင်လှည့်ခေါင်းလှည့်လုပ်တတ်ကြတယ်။ အချို့က ဖုန်းပွတ်ပြီးအလုပ်ရှုပ်ကြတယ်။ အချို့က ဘုရားကျောင်းအစဆုံးပါဝင်ကြပေမဲ့ မကိုးကွယ်ပဲ အပတ်တိုင်းအိမ်ပြန်သူတွေရှိကြတယ်။ ထိုအသက်တာဟာ ကြီးထွားရင့်ကျင့်ခြင်းလည်း မရှိသလို၊ တိုးပွားခြင်းလည်းမရှိဘူး။
🦅 ဘယ်နေရာ၊ ဘယ်ချိန်မှာဖြစ်ဖြစ် ဘုရားသခင်ကို ကိုးကွယ်သောသူဖြစ်ကြရအောင်။ စစ်မှန်သောကိုးကွယ်ခြင်းဖြင့် ဘုရားသခင်ကို ကိုးကွယ်နိုင်သောသူဖြစ်ဖို့ ဘုရားရှင်သင့်ကို မစပါစေ။





Leave a Reply