Ⓜ️ နေ့သစ်မင်္ဂလာအတွက် ကျေးဇူးတော်ကို စတင်ချီးမွမ်းပါ။ ယနေ့အတွက် ကျေးဇူးတော်ကို တစ်ခုချင်းစီ ရေတွက်ပါ။ မြင်နေရသော ကောင်းကြီးတွေ မရေတွက်ခင် မမြင်ရတဲ့ ကောင်းကြီးတွေကို ရေတွက်ကြည့်ပါ။ အသက်ရှုလိုက်တိုင်းအတွက် တန်ဖိုးပေးရမယ်ဆိုရင် ပေးဆပ်နိုင်သလား။ အောက်ဆီဂျင်မလုံလောက်လို့ ဆေးရုံတက်နေရတယ်ဆိုရင် ကုန်ကျမှု့အတော်လေးများနေမှာပဲ။
Ⓜ️ ရှုသွင်းလိုက်တဲ့လေထဲမှာ မမြင်ရတဲ့ အငွေ့အဆိပ်တွေအများကြီးရှိတယ်လို့ ဖတ်ဖူးပါတယ်။ ဒါတွေကို သန့်စင်ပေးထားတယ်။ နံက်တိုင်း ကျေးဇူးကရုဏာအသစ်ကို ပြင်ဆင်ပေးတယ်။ ရေတွက် စဉ်းစားကြည့်ပါ။
Ⓜ️ မြင်နေရတဲ့ ကိုယ်တော်ရဲ့ ကောင်းကြီးရော ဘာတွေမြင်ရသလဲ။ သူဖန်ဆင်းထားတဲ့ သဘာဝတွေမြင်ခွင့်ရခြင်းကနေ စရေတွက်ကြည့်စမ်းပါအုံး။ ဒါတွေ ရေတွက်တတ်ရင် မချီးမွမ်းပဲမနေနိုင်ပါဘူး။ မရေတွက်တတ်သူဟာ ဘယ်သောအခါမှ အလိုဆန္ဒပြည့်နေမှာ မဟုတ်ဘူး။ ချီးမွမ်းနိုင်မှာမဟုတ်ဘူး။
Ⓜ️ ချီးမွမ်းတတ်ရင် ချီးမွမ်းစရာချည်းပါပဲ။ ကျေးဇူးတော်သာ ရေတွက်တတ်ရင် သင့်ရဲ့နှလုံးသားဟာ ပေးကမ်းသော နှလုံးသားဖြစ်လာလိမ့်မယ်။ လိုနေသောသူတွေကို မစသောလက်ဖြစ်လာလိမ့်မယ်။ ပေးသီးစိုက်တတ်လာမယ်။
သခင့်ကျေးဇူး ၊ လုံလောက်တဲ့ သခင့်ရဲ့ကျေးဇူးဂရုဏာကို အစဉ်အမြဲ နှလုံးသွင်းပြီး ချီးမွမ်းပါအုံး။
ဆာလံ၊ ၁၀၃း၁-၅ -အို ငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းချီးပေးလော့။ ငါ၏အထဲမှာရှိသမျှတို့၊ သန့်ရှင်းသောနာမတော်ကို ကောင်းချီးပေးကြလော့။ 2အို ငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းချီးပေးလော့။ ကျေးဇူးတော်အပေါင်းကို မမေ့လျော့နှင့်။ 3သင်၏အပြစ်အလုံးစုံတို့ကိုဖြေလွှတ်၍၊ သင်၏အနာရောဂါရှိသမျှတို့ကိုလည်း ပျောက်စေတော်မူ၏။ 4သင်၏အသက်ကို ဖျက်ဆီးခြင်းထဲကရွေး၍ ကျေးဇူးတော်၊ ကရုဏာတော်များနှင့် သင်၏ခေါင်းကို ပတ်ရစ်တော်မူ၏။ 5သင့်ကိုအသက်ကြီးစဉ်၊ ကောင်းသောအရာနှင့် ရောင့်ရဲစေတော်မူသဖြင့်၊ သင်၏အရွယ်သည် ရွှေလင်းတ၏အရွယ်ကဲ့သို့ ပြုပြင်ခြင်းရှိ၏။






Leave a Reply