ဝိညာဉ်ကျန်းမာဖို့ နှုတ်ကပတ်တော်များများဖတ်ပါ။

ကောင်းစွာပြုသော်လည်း ပြစ်တင်ခံရလျှင် သီးခံပါ။

၁ ပေတရု ၂:၂၀
“ကိုယ်အပြစ်ကြောင့် ဒဏ်ခံရသောအခါ သည်းခံလျှင်၊ အဘယ်ချီးမွမ်းစရာရှိသနည်း။ ကောင်းမွန်စွာပြု၍ ဆင်းရဲခံရသောအခါ သည်းခံလျှင်၊ ဘုရားသခင့်ရှေ့တော်၌ ကျေးဇူးရှိ၏။”




ဤကျမ်းပိုဒ်သည် ယုံကြည်သူတစ်ဦး၏ ဘဝတွင် သည်းခံခြင်းနှင့် မတရားခံရခြင်းအကြောင်း ပြောပြထားသည်။ ပေတရုရေးသောစာသည် အစောပိုင်းခရစ်ယာန်များအား ၎င်းတို့၏ယုံကြည်ခြင်းကြောင့် နှိပ်စက်ညှဉ်းပန်းမှုများနှင့် ရင်ဆိုင်နေရချိန်တွင် အားပေးစကားဖြစ်သည်။ ဤနေရာတွင် ပေတရုက ကျွန်ုပ်တို့အား အပြစ်ကြောင့် ဒဏ်ခံရပြီး သည်းခံခြင်းသည် ချီးမွမ်းစရာမဟုတ်ကြောင်း သတိပေးသည်။ သို့သော် ကောင်းမွန်စွာပြုလုပ်ပြီး မတရားစွာ ဆင်းရဲဒုက္ခခံရချိန်တွင် သည်းခံနိုင်လျှင် ထိုသည်းခံခြင်းသည် ဘုရားသခင်၏ ရှေ့မှောက်တွင် တန်ဖိုးရှိသည်ဟု ဆိုသည်။

ဤသသွန်သင်ချက်ည် ကျွန်ုပ်တို့၏အသက်တာထဲတွင် မတရားမှုများနှင့် ရင်ဆိုင်ရချိန်၌ မည်သို့တုံ့ပြန်ရမည်ကို သွန်သင်ပေးနေသည်။ မတရားစွာ ဝေဖန်ခံရခြင်း၊ အပြစ်မရှိဘဲ စွပ်စွဲခံရခြင်း၊ သို့မဟုတ် ကောင်းစွာပြုသော်လည်း ဆန့်ကျင်မှုနှင့် ရင်ဆိုင်ရချိန်တွင် ကျွန်ုပ်တို့၏ တုံ့ပြန်မှုသည် ကျွန်ုပ်တို့၏ ယုံကြည်ခြင်း၏ သက်သေဖြစ်သည်။

ခရစ်တော်ကိုယ်တိုင်သည် မတရားခံရသော်လည်း သည်းခံခဲ့ပြီး (၁ ပေတရု ၂:၂၁-၂၃)၊ ကျွန်ုပ်တို့အား ထိုသည်းခံခြင်း၏ ပုံသက်သေပြခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဒုက္ခရောက်ချိန်တွင် ဘုရားသခင်ကို အားကိုးပြီး၊ သူ၏ကျေးဇူးတော်ဖြင့် စိတ်ရှည်သည်းခံရင်း သူ၏ဘုန်းတော်ကို ထင်ရှားစေနိုင်သည်။


ယနေ့တွင် သင်သည် မတရားမှုတစ်ခုခုနှင့် ရင်ဆိုင်နေရပါသလား။ လုပ်ငန်းခွင်တွင် မမျှတသောဆက်ဆံမှု၊ မိသားစုအတွင်း နားလည်မှုလွဲခြင်း၊ သို့မဟုတ် ယုံကြည်ခြင်းကြောင့် အထင်အမြင်လွဲခံရခြင်းမျိုး ဖြစ်နိုင်သည်။ ထိုအခါမျိုးတွင် ဘုရားသခင်ထံ ဆုတောင်းပြီး သည်းခံနိုင်ရန် ခွန်အားတောင်းခံပါ။ သင်၏သည်းခံခြင်းသည် ဘုရားသခင် ၏ရှေ့မှောက်တွင် တန်ဖိုးရှိပြီး၊ သင်၏အသက်တာမှတစ်ဆင့် အခြားသူများထံ ခရစ်တော်၏ဘုန်းတော်ကို ထင်ရှားစေနိုင်မည်ဖြစ်သည်။

ဆုတောင်းချက်။


အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကျွန်ုပ်အား မတရားမှုများကို သည်းခံနိုင်ရန်နှင့် ကိုယ်တော်၏ ကျေးဇူးတော်အားဖြင့် ဘုန်းတော်ကို ထင်ရှားစေနိုင်ရန် ခွန်အားပေးတော်မူပါ။ ကျွန်ုပ်၏ စိတ်နှလုံးကို ကိုယ်တော်၏ ငြိမ်သက်ခြင်းနှင့် ချစ်ခြင်းမေတ္တာဖြင့် ပြည့်စုံစေတော်မူပြီး၊ ကျွန်ုပ်၏လုပ်ဆောင်ပြုမူခြင်းသည် ကိုယ်တော်၏ ဘုန်းတော်ကို ထင်ရှားစေဖို့မစတော်မူပါ။ ယေရှုခရစ်တော်၏ နာမတော်အားဖြင့် ဆုတောင်းပါ၏။ အာမင်။


ဤခွန်အားပေးချက်သည် သင်၏နေ့ရက်အသက်တာတွင် ဝိညာဉ်ခွန်အားရရှိနိုင်စေရန် ရေးသားခြင်းဖြစ်ပါသည်။ ဘုရားသခင်သည် သင့်ကိုမစတော်မူပါစေ။


ဤဝေဌချက်သည် သင့်အဖို့ ခွန်အားဖြစ်လျှင် အခြားသူများကိုလည်း ဝေမျှပေးပါ။ share လုပ်ပေးပါ။

@mcministry

Leave a Reply

Pastor Manar Chai


သင့်ဝိညာဉ် ကျန်းမာဖို့ နှုတ်ကပတ်တော်များများဖတ်ပါ။ သင့်ယုံကြည်ခြင်း ကြီးမားဖို့ နှုတ်ကပတ်တော်များများ နားထောင်ပါ။ သင့်ဝိညာဉ် ကြီးထွားရင့်ကျင့်လာဖို့ နှုတ်ကပတ်တော် ကိုနေ့စဉ်သင်ကြားခံယူပါ။


Let’s connect

အလိုအပ်ဆုံးအရာ

Discover more from mcministry

Subscribe now to keep reading and get access to the full archive.

Continue reading