ဝိညာဉ်ကျန်းမာဖို့ နှုတ်ကပတ်တော်များများဖတ်ပါ။


မောရှေသည် လက်ကိုချီသောအခါ၊ ဣသရေလလူတို့သည်နိုင်ကြ၏။ လက်ကို ချသောအခါ၊ အာမလက်လူတို့သည်နိုင်ကြ၏။
-ထွက်မြောက် 17 : 11

ယုံကြည်သူတို့ရဲ့အဓိကရန်သူဟာ မြင်နေရတဲဲ့အရာထက် မမြင်ရတဲ့အရာဖြစ်ပါတယ်။ နတ်ဆိုး၊ဝိညာဉ်ဆိုး စာတန်ဟာ ကျွန်ပ်တို့ကို ဖျက်ဆီးဖို့၊ လှည့်စားဖို့ အစဉ်ကြိုးစားနေတယ်။

စာတန်ဟာ အိပ်ငိုက်ခြင်းလည်းမရှိ ဘူး။ ယုံကြည်သူတို့ရဲ့ ကောင်းတဲ့အကြံအစည် များ၊ ပြုမူလုပ်ဆောင်မှု့များ အားလုံး ကို တားဆီးဖျက်ဆီးဖို့ အမြဲကြိုးစားနေတာဖြစ်တယ်။ ရန်သူဟာ မမြင်ရတဲ့ ကျွန်ပ်တို့ရဲ့ အရှေ့မှာရော၊အနောက်မှာရော၊ ဘေးမှာပါ အမြဲရှိနေတယ်။ အစဉ်ချောင်းမြောင်းနေတယ်။ သတိပြုပါ။

အထူးသဖြင့် ယုံကြည်ခြင်းကို သံသယဖြစ်စေပြီး စိတ်ပျက်စေလိုတယ်။ အိမ် ထောင်ရေးကို ဖျက်ဆီးချင်တယ်။ သားသမီးတွေကို လမ်းမှားသို့ သွေးဆောင်ဖြားယောင်းတယ်။ စာတန်ဟာ လိမ္မာပါးနပ်တယ်။ ကောက်ကျစ်စဉ်းလဲတယ်။ မြွေကိုအသုံးပြုခဲ့သလို ယုဒရှကာရုတ်ကိုလည်းအသုံးချခဲ့တယ်။ ကျွန်ပ်တို့ အနီးဆုံးက သူတွေဆီကနေလည်း တိုက်ခိုက်ဖျက်ဆီးတတ်တယ်။ စိတ်ဓါတ်ကျစေတတ်တယ်။ စာတန်ဟာ ဂျိုနဲ့အစွယ်နဲ့ မလာတာကတော့ သေချာတယ်။

ဘုရားနဲ့နီးကပ်မှု့အားနည်းသူ၊ ဘုရား ကိုချစ်တဲ့စိတ်မရှိသောသူကို သူစိတ်မဝင်စားပါ။ အချိုသတ်ချော့ထားပြီး ဖြစ်နေလို့ပါ။ ဘုရားကိုဆည်းကပ် သောသူ၊ ရှာဖွေသောသူကို ဖျက်ဆီးဖို့ သူအားသန်တယ်။ ဘာကြောင့်လဲ။

ဒီတော့ နေ့စဉ်ဘဝအသက်တာမှာ ရန်သူ၏ ဆီးတားဖျက်ဆီးခြင်းကို အောင်နိုင်ဖို့ ဆုတောင်းပါ။ မရပ်ပါနဲ့။ လက်မချပါနဲ့။ သန့်ရှင်းသော လက်ကို ချီ၍ ဆုတောင်းပါ။ စာတန်ရန်ကို ချေဖျက် အောင်မြင်ရပါလိမ့်မယ်။

မိသားစု ဦးဆောင်သောသူများ၊ အသင်းတော်ကို ဦးဆောင်နေသောသူ များ၊ ဆုတောင်းခြင်းကို မရပ်လိုက်ပါနဲ့။ မောရှေလက်ညောင်းတဲ့အခါ အာရုန်နဲ့ ဟုရက လက်ကိုကူမပေးသလိုမျိုး ဦးဆောင်သောသူတို့ကို ဖေးမပေးတတ်သော ယုံကြည်သူရှိနေရန်လည်း၊ ဖြစ်နေရန်လည်း အရေးကြီးပါတယ်။ စာတန်ဟာမမြင်ရတာမို့ ဆုတောင်းခြင်းနဲ့သာ ဆီးတားနိုင်တယ်။

ဆုတောင်းခြင်းဆိုတာ အကြီးမားဆုံးစစ်တိုက်လက်နက်ဖြစ်တယ်။ မိသားစု အရေးအတွက်လား၊ အသင်းတော်၊ ဧဝံ​ဂေလိ၊သာသနာအဖို့လား၊ စီးပွားရေးအတွက်လား၊ ဆုတောင်းခြင်းနဲ့ မောင်းနှင်ပါ။ အောင်မြင်ခြင်းကိုရစေဖို့ ဘုရားသခင် ဆင်းကြွ၍ အလုပ်လုပ်တော်မူလိမ့်မယ်။

Pastor Manar Chai
Chicago, Illinois


Leave a Reply

Pastor Manar Chai


သင့်ဝိညာဉ် ကျန်းမာဖို့ နှုတ်ကပတ်တော်များများဖတ်ပါ။ သင့်ယုံကြည်ခြင်း ကြီးမားဖို့ နှုတ်ကပတ်တော်များများ နားထောင်ပါ။ သင့်ဝိညာဉ် ကြီးထွားရင့်ကျင့်လာဖို့ နှုတ်ကပတ်တော် ကိုနေ့စဉ်သင်ကြားခံယူပါ။


Let’s connect

အလိုအပ်ဆုံးအရာ

Discover more from mcministry

Subscribe now to keep reading and get access to the full archive.

Continue reading