ဝိညာဉ်ကျန်းမာဖို့ နှုတ်ကပတ်တော်များများဖတ်ပါ။

ဝမ်းနည်းခြင်းကို နှစ်သိမ့်ပေးသူ

“မာ​ရိ​မှ​စ၍ လိုက်​လာ​သော​ယု​ဒ​လူ​တို့​သည် ငို​ကြွေး​ကြ​သည်​ကို ယေ​ရှု​သည်​မြင်​တော်​မူ​သော​အ​ခါ၊ အ​လွန်​ညှိုး​ငယ်​ခြင်း၊ စိတ်​ပူ​ပန်​ခြင်း​ရှိ၍၊- အ​လောင်း​ကို အ​ဘယ်​မှာ​ထား​ကြ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ သ​ခင်​ကြွ၍ ကြည့်​တော်​မူ​ပါ​ဟု လျှောက်​ကြ၏။- ယေ​ရှု​သည် မျက်​ရည်​ကျ​တော်​မူ၏။- ယု​ဒ​လူ​တို့​က၊ ကြည့်​ပါ၊ လာ​ဇ​ရု​ကို အ​လွန်​ချစ်​တော်​မူ​ပါ​သည်​တ​ကား​ဟု ဆို​ကြ၏။-”

‭‭ရှင်ယောဟန်‬ ‭11‬:‭33‬-‭36‬ ‭JBMLE‬‬

ဤကျမ်းပိုဒ်ဟာ လူသားတို့၏ ဝမ်းနည်းခြင်းအပေါ်မှာ ယေရှုခရစ်တော်၏ ကရုဏာတော်နက်ရှိုင်းစွာ ရှိနေခြင်းကို ဖော်ပြသည်။ လာဇရုသေဆုံးခြင်းကြောင့် ငိုကြွေးနေသော မာရိနှင့် ယုဒလူများကို မြင်သောအခါ ယေရှုသည် စိတ်နှလုံးထဲတွင် နာကျင်ညှိုးငယ်ပြီး မျက်ရည်ကျခဲ့သည်။ ထိုအချက်သည် ကျွန်ုပ်တို့၏ ဝမ်းနည်းခြင်းနှင့် ဆင်းရဲဒုက္ခများကို ဘုရားသခင်က နားလည်ပြီး ကျွန်ုပ်တို့နှင့်အတူ ခံစားပေးကြောင်း ထင်ရှားစေသည်။

သင်၏ ဘဝ၏အခက်အခဲများနှင့် ဝမ်းနည်းခြင်းများကို ရင်ဆိုင်နေရချိန်တွင် ယေရှုသည် သင်၏မျက်ရည်များကို မြင်နေကြောင်း သတိရပါ။ ယေရှုသည် သင်နှင့်အတူ ဝမ်းနည်းပြီး သင့်အား ချစ်ခြင်းရုဏာဖြင့်ဖေးမလိုသည်။ သင့်ဝန်ထုပ်ဝန်ပိုးများကို ခရစ်တော်ထံအပ်နှံပါ၊ သင့်အား ငြိမ်သက်ခြင်းနှင့် ခွန်အားပေးမည်ဖြစ်သည်။


“ထာဝရဘုရားသည် နှလုံးကြေကွဲသောသူတို့ကို နီးကပ်စေတော်မူ၏” (ဆာလံ ၃၄:၁၈)။


ယေရှု၏ချစ်ခြင်းမေတ္တာသည် သင့်အား အမြဲထောက်ပံ့ပေးနိုင်သည်။ သင့်ကို သိပ်ချစ်သော ဘုရားဖြစ်သည်။ ကျွန်ပ်တို့သည် သူ့ကိုသတိမရသည့်တိုင်အောင် သတိရနေသူဖြစ်သည်။ ကျွန်ပ်တို့ ဝမ်းနည်းနေချိန်တိုင်း၊ ကြေကွဲနေကြရချိန်တိုင်းတွင် အနားမှာနေ၍ မစတော်မူမည်။

ဆုတောင်းချက်

ကောင်းကင်ဘုံရှင်အဖ —
ကျွန်ပ်ကိုချစ်တော်မူသောကြောင့် ကျေးဇူးတင်ပါ၏။ ဝမ်းနည်းနေချိန်၊ ကြေကွဲမျက်ရည်ကျနေရသည့်အချိန်၌လည်း အနီးနားမှာရှိ၍ နှစ်သိမ့်ပေးကြောင်းသိရလို့ကျေးဇူးတင်ပါသည်။ ယနေ့တွင် အကြောင်းအမျိုးမျိုးကောင့် ဝမ်းနည်းမျက်ရည်ကျသောသူများ၊ ကြေကွဲနာကြင်နေရသောသူများကိုလည်း နှစ်သိမ့်ခွန်အားများ ပေးသနားတော်မူပါ။ သူတို့နှင့်နီးတော်မူပါ။ သခင်ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။


Leave a Reply

Pastor Manar Chai


သင့်ဝိညာဉ် ကျန်းမာဖို့ နှုတ်ကပတ်တော်များများဖတ်ပါ။ သင့်ယုံကြည်ခြင်း ကြီးမားဖို့ နှုတ်ကပတ်တော်များများ နားထောင်ပါ။ သင့်ဝိညာဉ် ကြီးထွားရင့်ကျင့်လာဖို့ နှုတ်ကပတ်တော် ကိုနေ့စဉ်သင်ကြားခံယူပါ။


Let’s connect

အလိုအပ်ဆုံးအရာ

Discover more from mcministry

Subscribe now to keep reading and get access to the full archive.

Continue reading