ဝိညာဉ်ကျန်းမာဖို့ နှုတ်ကပတ်တော်များများဖတ်ပါ။

ခရစ်ယာန်အိမ်ထောင်

မိသားစုမှာပျော်ရွှင်ပါစေ


အ​ချင်း​ချင်း ကျေး​ဇူး​ပြု​ခြင်း၊ သ​နား​စုံ​မက်​ခြင်း၊ ဘု​ရား​သ​ခင်​သည် ခ​ရစ်​တော်​ကြောင့် သင်​တို့၏​အ​ပြစ်​ကို လွှတ်​တော်​မူ​သ​ကဲ့​သို့ အ​ချင်း​ချင်း အ​ပြစ်​လွှတ်​ခြင်း ရှိ​ကြ​လော့။

ဧဖက်၊ ၄း၃၂


လူ့ဘဝသက်တမ်းဆိုတာ ခဏလေးပါ။ ဘယ်ချိန်ဘယ်မှာ ဘယ်လိုပုံစံမျိုး အဆုံးသတ်ရမလဲဆိုတာလည်း မသေချာပါဘူး။ ခဏသာအသက်ရှင်တဲ့အခါ ပျော်ရွှင်ကြည်နူးစရာ ကောင်းတဲ့ အိမ်ထောင်မိ သားစုများဖြစ်စေချင်တာကိုယ်တော်၏အလိုတော်ပါ။ အခက်အခဲ ပြသနာဆိုတာရှိမည်မှန်သော် လည်း ထိုအခက်အခဲပြသနာကြောင့် မိသားစုများ၊လင်မယားတွေအကြား စကားများ၊ရန်ဖြစ် စကားမပြောမဆိုနိုင်အောင်မဖြစ်စေလိုပါ။ ဘုရားသခင်အလိုတော် မဟုတ်ပါ။

အကြောင်းကိစ္စတစ်ခုကြောင့်လင်မယားစကား      တွေများ ပြီး တစ်ယောက်နဲ့တစ်ယောက် စိတ်မပြေပဲ အကြာကြီးနေခြင်း၊ ထွက်သွားခြင်းမျိုးလည်း မဖြစ်သင့်ပါဘူး။ ယနေ့လောကမှာ ထိုကဲ့သို့ဖြစ်ရင်း လင်မယားခဏစကားများလို့ စကားပြန်မပြော  ဖြစ်နိုင်သေးခြင်းကနေ တစ်သက်လုံးမတွေ့ဖြစ်တဲ့အခြေအနေမျိုးကြုံရသူတွေလည်း ဒူးနဲ့မျက်ရည်သုတ် ငိုယိုလည်း  ပြန်မရနိုင်တော့တဲ့ ခွဲခွါခြင်းနဲ့အဆုံးသတ်သူတွေလည်း မနည်းလှဘူး။

အိမ်ထောင်မိသားစုတိုင်း နားလည်စေလိုပါတယ်။ တစ်ဖက်တည်းညှိလို့မရပါဘူး။ နှစ်ဦးနှစ်ဖက် ဘုရားမျက်နှာကိုထောက်ထားလျက် တစ်ခဏသာလောက အသက်ရှင်တဲ့အခါ ပျော်ရွှင်တဲ့ မိသား စုလေးများဖြစ်စေချင်ပါတယ်။ မိသားစုမှာ အဓိက ပြသနာဖြစ်စေတာ ငွေကြေးပါ။ သိထားပါ။ ငွေဆို တာမေတ္တာကိုအရောင်ဆိုးတတ်တယ်။ဒါပေမဲ့ မေတ္တာကိုမဖန်တီးနိုင်ဘူး။ တစ်ဦးကိုတစ်ဦး အနိုင်ယူလိုတဲ့စိတ်ကလည်း လင်မယားကြား စကားမပြောနိုင်အောင်ဖြစ်စေတတ်ပါတယ်။

သင့်နှလုံးသားကို ခရစ်တော်အုပ်စိုးပါစေ။ သင့်မိသားစုမှာ ခရစ်တော်အုပ်စိုးပါစေ။

ခရစ်တော်အုပ်စိုးသောနေရာဟာ ဝမ်းမြောက်ခြင်းရှိပါတယ်။


Leave a Reply

Pastor Manar Chai


သင့်ဝိညာဉ် ကျန်းမာဖို့ နှုတ်ကပတ်တော်များများဖတ်ပါ။ သင့်ယုံကြည်ခြင်း ကြီးမားဖို့ နှုတ်ကပတ်တော်များများ နားထောင်ပါ။ သင့်ဝိညာဉ် ကြီးထွားရင့်ကျင့်လာဖို့ နှုတ်ကပတ်တော် ကိုနေ့စဉ်သင်ကြားခံယူပါ။


Let’s connect

အလိုအပ်ဆုံးအရာ

Discover more from mcministry

Subscribe now to keep reading and get access to the full archive.

Continue reading