မိသားစုမှာပျော်ရွှင်ပါစေ
အချင်းချင်း ကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကို လွှတ်တော်မူသကဲ့သို့ အချင်းချင်း အပြစ်လွှတ်ခြင်း ရှိကြလော့။
ဧဖက်၊ ၄း၃၂
လူ့ဘဝသက်တမ်းဆိုတာ ခဏလေးပါ။ ဘယ်ချိန်ဘယ်မှာ ဘယ်လိုပုံစံမျိုး အဆုံးသတ်ရမလဲဆိုတာလည်း မသေချာပါဘူး။ ခဏသာအသက်ရှင်တဲ့အခါ ပျော်ရွှင်ကြည်နူးစရာ ကောင်းတဲ့ အိမ်ထောင်မိ သားစုများဖြစ်စေချင်တာကိုယ်တော်၏အလိုတော်ပါ။ အခက်အခဲ ပြသနာဆိုတာရှိမည်မှန်သော် လည်း ထိုအခက်အခဲပြသနာကြောင့် မိသားစုများ၊လင်မယားတွေအကြား စကားများ၊ရန်ဖြစ် စကားမပြောမဆိုနိုင်အောင်မဖြစ်စေလိုပါ။ ဘုရားသခင်အလိုတော် မဟုတ်ပါ။
အကြောင်းကိစ္စတစ်ခုကြောင့်လင်မယားစကား တွေများ ပြီး တစ်ယောက်နဲ့တစ်ယောက် စိတ်မပြေပဲ အကြာကြီးနေခြင်း၊ ထွက်သွားခြင်းမျိုးလည်း မဖြစ်သင့်ပါဘူး။ ယနေ့လောကမှာ ထိုကဲ့သို့ဖြစ်ရင်း လင်မယားခဏစကားများလို့ စကားပြန်မပြော ဖြစ်နိုင်သေးခြင်းကနေ တစ်သက်လုံးမတွေ့ဖြစ်တဲ့အခြေအနေမျိုးကြုံရသူတွေလည်း ဒူးနဲ့မျက်ရည်သုတ် ငိုယိုလည်း ပြန်မရနိုင်တော့တဲ့ ခွဲခွါခြင်းနဲ့အဆုံးသတ်သူတွေလည်း မနည်းလှဘူး။
အိမ်ထောင်မိသားစုတိုင်း နားလည်စေလိုပါတယ်။ တစ်ဖက်တည်းညှိလို့မရပါဘူး။ နှစ်ဦးနှစ်ဖက် ဘုရားမျက်နှာကိုထောက်ထားလျက် တစ်ခဏသာလောက အသက်ရှင်တဲ့အခါ ပျော်ရွှင်တဲ့ မိသား စုလေးများဖြစ်စေချင်ပါတယ်။ မိသားစုမှာ အဓိက ပြသနာဖြစ်စေတာ ငွေကြေးပါ။ သိထားပါ။ ငွေဆို တာမေတ္တာကိုအရောင်ဆိုးတတ်တယ်။ဒါပေမဲ့ မေတ္တာကိုမဖန်တီးနိုင်ဘူး။ တစ်ဦးကိုတစ်ဦး အနိုင်ယူလိုတဲ့စိတ်ကလည်း လင်မယားကြား စကားမပြောနိုင်အောင်ဖြစ်စေတတ်ပါတယ်။
သင့်နှလုံးသားကို ခရစ်တော်အုပ်စိုးပါစေ။ သင့်မိသားစုမှာ ခရစ်တော်အုပ်စိုးပါစေ။
ခရစ်တော်အုပ်စိုးသောနေရာဟာ ဝမ်းမြောက်ခြင်းရှိပါတယ်။






Leave a Reply