စိုးရိမ်ပူပန်မှုကို ရပ်တန့်ပြီး ဘုရားသခင်ကို ယုံကြည်ပါ
လူ့ဘဝတွင် စိုးရိမ်ပူပန်စရာများနှင့် ပြည့်နှက်နေပါသည်။ လောကတွင် အပြစ်မဝင်ရောက်မီက စိုးရိမ်ပူပန်မှုမရှိဘဲ၊ ငြိမ်သက်ခြင်းနှင့် ပြည့်စုံခြင်းရှိခဲ့ပါသည်။ ဘုရားသခင်၏ အုပ်စိုး ကာကွယ်မှုအောက်တွင် အရာအားလုံး ငြိမ်းချမ်းပြီး ပြည့်စုံနေခဲ့သည် (ကမ္ဘာ ဦး 2)။ သို့သော် ဘုရားသခင်ကို မယုံကြည်ခြင်း၊ သူ့စကားကို နားမထောင်ခြင်း ကြောင့် ထိုအရာအားလုံး ပျက်စီး ဆုံးရှုံး ခဲ့ရပါသည် (ကမ္ဘာဦး 3)။ မယုံကြည်ခြင်းသည် ပျက်စီးမှုကို ဖြစ်စေပြီး၊ ဘဝ သေဆုံးမှုကို ဖြစ်ပေါ်စေပါသည်။ ဘုရားစကားကို နားမထောင်ခြင်းက သောက နှင့် စိုးရိမ်ပူပန်မှုများကို ဖြစ်စေ ပါသည်။
ယနေ့ ကျွန်ုပ်တို့ ထိုအကျိုး ဆက်များကို ခံစားနေရပါသည်။ လူတိုင်း စိုးရိမ်ပူပန်မှု နှင့် သောက များနေ ရပါသည်။ သေရမှာ ကို ကြောက်ရွံ့နေ ကြရပါသည်။ စားဝတ်နေ ရး အတွက်လည်း စိုးရိမ်နေကြရပါသည်။ မည်သူမျှ မလွတ်မြောက်နိုင်ပါ။ ဤ ဆိုး ရွားသော အခြေ အနေ မှ ကယ်တင်ရန် ယေရှု ခရစ်တော် ဤ လောက သို့ ကြွ လာ ခဲ့ ပါ ပြီ။ အသက်ကို ကယ်တင်ရန် သူ့ အသက်ကို လက်ဝါး ကပ်တိုင်မှာ စွန့်လွှတ်အသေခံခဲ့ ပါ သည်။
သေရမှာကို စိုးရိမ်နေကြတဲ့ လောက သားများအတွက် ကျေးဇူး ပလ္လင်တော်ကို ရဲ ရင့်စွာ ချဉ်း ကပ်နိုင်ရန် သူ အသက်ပေး ခဲ့ ပါ သည် ( ဟေဗြဲ 4:16 )။ စိုးရိမ် ကြောက်ရွံ့ ခြင်း မှ လွတ်မြောက်ရန် ဖိတ်ခေါ်နေ ပါ သည်။ “မစိုးရိမ်ကြနဲ့ ငါသည်လောက (သေခြင်း) ကို အောင်ခဲ့ပြီ။” သင်တို့သည် ငါ့ကို အမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှါ ဤစကားကိုငါဟောပြောပြီ။ သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကို ခံကြရလိမ့်မည်။ သို့သော်လည်းမစိုးရိမ်ကြနှင့်။ ငါသည်လောကကို အောင်ပြီဟု မိန့် တော်မူ၏။ ( ယောဟန် 16:33 )။ ငါ့ကိုယုံကြည်ကြပါ၊ ယုံကြည်လျှင် သေခြင်းကနေ လွတ်မယ်လို့ ဖိတ်ခေါ် တော်မူ ပါ သည်။
ယနေ့ သင့် ရဲ့ စိုးရိမ်ပူပန်မှုတွေ၊ ကြောက်ရွံ့ မှုတွေ ကို ကျော်လွှားချင်ရင်၊ စိုးရိမ်သောကကို ရပ်တန့် ချင်ရင် တစ်ခု တည်း သော နည်းလမ်း က ဘုရားသခင်ရဲ့ သားတော်ယေရှုကို ကယ်တင်သူ အဖြစ် ယုံကြည်လက်ခံ ခြင်း ပဲ ဖြစ်ပါသည်။ ယေရှုခရစ်မှ တစ်ပါး ကယ်တင်နိုင်သော သူ ဤ လောက မှာ တစ်ယောက်မှ မရှိ ပါ ( တမန်တော် 4:12 )။ ထို ခရစ်တော်ကို ယနေ့ သင့် အသက်တာ မှာ သေရမှာ ကြောက်ရွံ့ ခြင်း ကနေ၊ စိုးရိမ်သောက တွေ မှ ကယ်တင်သော သူ၊ ယခု ဘဝ နောင်ဘဝ ကို ကယ်တင်နိုင်သော သူ အဖြစ် သင့် နှလုံး ထဲ မှာ ယုံကြည်လိုက်မယ် ဆိုရင် ကယ်တင်ခံရ ပြီ ဖြစ်ပါသည်။
ယခု ဘဝ အတွက်လည်း သူ အာမခံ ပါ သည်။ လောက မှာ ဆင်းရဲ ဒုက္ခ တွေ ရှိ ဦး မယ်၊ ဒါ ပေမဲ့ မစိုးရိမ်ဖို့ ပြောပါသည်။ တဖန်တုံ ယေရှုက၊ သင်တို့ စိတ်နှလုံး ပူပန်ခြင်း မရှိ စေ နှင့်။ ဘုရားသခင်ကို ယုံကြည်ကြလော့။ ငါ့ကို လည်း ယုံကြည်ကြလော့။ ( ယောဟန် 14:1 )။ သင်နှင့် အတူ အမြဲ ရှိ နေ မယ်လို့ ပြော ပါ သည် ( မဿဲ 28:20 )။ စိုးရိမ်မှုတွေ ကို ရပ်တန့်ပြီး ကယ်တင်ရှင်က သင့် အနာဂတ်ကို အကောင်းဆုံး ပြင်ဆင်ပေးနေ တယ်ဆိုတာ ယုံကြည်ပါ။ မျှော်လင့်ပါ။ ဘုရားသခင်ကို ယုံကြည်ပါ။ သူ့ စကားကို နားထောင်ပါ။ ဒါ ဆိုရင် လုံခြုံ စွာ နေ ရ မယ်လို့ ကတိ ပြု ပါ သည်။ အဘယ်အမှုကိုမျှ စိုးရိမ်ခြင်း မရှိဘဲ အရာ ရာ၌ ကျေးဇူး တော်ကို ချီးမွမ်း ခြင်း နှင့် တကွ ဆုတောင်း ပဌနာ ပြု သော အားဖြင့်၊ သင်တို့ တောင်း ပန် လို သော အရာ များတို့ကို ဘုရားသခင် အား ကြားလျှောက်ကြလော့။ ထိုသို့ ပြု လျှင် အဘယ် သူ မျှ ကြုံ၍ မမှီ နိုင်သော ဘုရားသခင်ရဲ့ ငြိမ်သက်ခြင်း သည် ယေရှု ခရစ်အားဖြင့် သင်တို့၏ စိတ်နှလုံး တို့ကို စောင့် မလိမ့် မည်။ ( ဖိလိပ္ပိ 4:6-7 )။ သင်တို့ကို သတိနှင့် ကြည့် ရှု တော်မူ သော ကြောင့်၊ သင်တို့၌ စိုးရိမ်ခြင်း အမှု ရှိ သမျှ တို့ကို ကိုယ်တော်၌ အပ်နှံ ကြလော့။ (၁ ပေတရု 5:7 )။
ဘုရားသခင်ကို ယုံကြည်ခြင်း ဆိုတာ နာခံ ခြင်း ဖြစ်ပါသည်။ သူ နဲ့ နေ့တိုင်း ရင်းနှီး ကျွမ်းဝင် ခြင်း၊ သူ နဲ့ အတူ လျှောက်လှမ်း နေ ခြင်း ဖြစ်ပါသည်။ နေ့ စဉ် ဘုရားသခင်နှင့် အတူ လျှောက်လှမ်း ရန် သန့် ရှင်း သော ဝိညာဉ်တော်ရဲ့ လမ်း ပြ ခြင်း ကို ခံ ယူ ပြီး ဆုတောင်း ခြင်း၊ ကျမ်း စာ ဖတ်ခြင်း၊ ယုံကြည်သူ များနဲ့ မိတ်ဆွေ ဖွဲ့ ခြင်း ဖြစ်ပါသည်။ ဘုရားသခင်ကို ကြောက်ရွံ့ ခြင်း ဆိုတာ ဒုစရိုက်ကို မုန်း တီး ခြင်း ဖြစ်ပါသည် ( သု 8:13 )။ နေ့ စဉ် ဘုရားသခင်နှင့် အတူ လျှောက်လှမ်း နေ ရင် ဒုစရိုက် က သင့်ကို ကြောက် သွား လိမ့် မယ်။ ဒုစရိုက်က ရှောင် သွား လိမ့် မယ်။ အကြောင်း မှာ သင့် နှင့် အတူ ဘုရားတန်ခိုး ရှိ နေ တာ ကြောင့် ပါ။
လောကကို အောင်ခြင်း အခွင့် ဟာ ယုံကြည်ခြင်း ကြောင့် သာ ဖြစ်တယ်လို့ ပြော ပါ သည် (၁ ယော ဟန် 5:4 )။ လောက နဲ့ ဆိုင်တဲ့ သေခြင်း ကို လည်း အောင်ခွင့် ရ ပါ သည်။ သေခြင်း ကို အောင်တဲ့ ယေရှုကို ယုံ ရင် အပ်ပါယ် င ရဲ သေ ခြင်း ကို လည်း အောင်ပြီး သား ဖြစ်ပါသည်။ လောက ရဲ့ စိုးရိမ်ပူပန်ခြင်း၊ သောက ကို လည်း အောင်မြင် မှာ ဖြစ်ပါသည်။ ဒုက္ခ ကင်း သွား မယ်လို့ မဆို လို ပါ။ ဒုက္ခ မုန်တိုင်း ကြား မှာ ငြိမ်သက်ခြင်း ခံ စား ရ မယ်။ ထို အထဲ က ထွက်မြောက်သော လမ်း က နေ ထွက်သွား ခွင့် ရ မယ်။ လိုအပ်ချက်များနှင့် ပတ်သက်၍ မဿဲ 6:25-34 တွင် ယေရှု ခရစ်တော်က စိုးရိမ်ခြင်း မရှိရန် ဆုံး မပါ သည်။
ဘုရားသခင်ကို ယုံကြည်သော သူ များအတွက် ဘုရားသခင်ဟာ အချိန်မီ ပါ သည်။ ဘယ်တော့ မှ နောက်မကျ၊ အမှားမလုပ်ပါ။ အမြဲ အဆင်သင့် ဖြစ်ပါသည်။ ဣသရေလ လူမျိုး တွေ အဲ ဂုတ္တု ပြည်က ထွက်ခွာ ချိန်တွင် ရှေ့ မှာ ပင်လယ် ကြီး က ကာ ဆီး နေ ပါ သည်၊ နောက်မှ ရန်သူ တွေ လိုက်လာ ပါ သည်။ ပြေး စရာ နေ ရာ မရှိ ပါ။ ငို ကြ အော် ကြ လုပ် ကြ ပါ သည်။ မောင့် မှ တစ်ပါး မကြောက်ကြနှင့်။ ထာ ဝ ရ ဘု ရား ကယ်တင်ခြင်း ကို ယနေ့ ခံ ရ မည် ဖြစ်သည်။ ယနေ့ မြင်ရသော အဲ ဂုတ္တု လူ တို့ ကို နောက် တဖန် မမြင်ရကြ။ ထာ ဝ ရ ဘု ရားသည် သင်တို့ အတွက် စစ်တိုက်မည်။ သင်တို့ သည် ငြိမ်ဝပ်နေရုံ သာ။ ( ထွက်မြောက်ရာ 14:13-14 )။ ဘုရားသခင်ရဲ့ လက်တော် အချိန်မီ ရောက်လာ ပါ သည်။ တစ်ယောက် မှ ဆုံး ရှုံး ခြင်း မရှိ ဘဲ ထွက်မြောက် ခဲ့ ကြ ပါ သည်။
ယနေ့ ထို ဘုရားသခင် ဟာ ကျွန်ုပ်တို့ ရဲ့ ဘုရားသခင် မဟုတ်လား။ သင့် ရဲ့ စိုးရိမ်ပူပန်မှု တွေ ကို ရပ်တန့် ပစ် ချင် တယ် ဆိုရင် ယေရှု ကို သာ ယုံကြည်ပါ။ ဘုရားသခင် အမှု ပြု မယ် ဆိုတာ မျှော်လင့် ပါ။ စောင့် နေ ပါ။ ဘုရားသခင် နဲ့ နေ့ တိုင်း ရင်း နှီး ကျွမ်း ဝင်ပါ။ ဆု တောင်း ပါ။ ဘုရားစကားကို နားထောင်နေ ပါ။ ဘုရားကို ယုံကြည်ခြင်း ဆိုတာ တစ်ပတ် တစ်ခါ ဘုရားကျောင်း သွား တာ၊ ဆု တောင်း တာ လောက် ကို ပြော တာ မဟုတ်ပါ။ နေ့ တိုင်း အသက်ရှင်မှု အတွက် အရေး ကြီး ပါ သည်။ စိုးရိမ်ခြင်း အမှု ရှိ သမျှ အားလုံး ကို ဘုရားသခင် လက်တော် ထဲ ကို ယုံကြည်စွာ အပ်နှံ ပါ။ ဘုရားသခင် စီရင်လိမ့် မယ်။





Leave a Reply