ဝိညာဉ်ကျန်းမာဖို့ နှုတ်ကပတ်တော်များများဖတ်ပါ။

ခရစ်ယာန်မိဘများအတွက် သတိပေးခေါင်းလောင်း။

Netflix ရဲ့ Cocomelon Lane တွင် ကလေးငယ်များကို ပစ်မှတ်ထားသော လိင်ရှုပ်ထွေးမှုဆိုင်ရာ အကြောင်းအရာ

မင်္ဂလာပါ၊ ခရစ်ယာန်မိဘများ။ ယနေ့ ကျွန်ုပ်တို့ မိသားစုတွေရဲ့ ဝိညာဉ်ရေးရာ လုံခြုံရေးနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ သတိပေးချက်တစ်ခု မျှဝေချင်ပါတယ်။ Netflix ရဲ့ ရိုးရာ ကလေးရုပ်သံအစီအစဉ် Cocomelon Lane ( Seson ၁၊ အပိုင်း ၈) မှာ ဖခင်နှစ်ဦး (gay dads) က ကလေးငယ်တစ်ဦး (Nico) ကို တယ်ယားနဲ့ တူတူ ဝတ်ရင်း အကပြဖို့ အားပေးတဲ့ ဇာတ်လမ်း ၄၂ စက္ကန့်ကိစ္စတစ်ခု ပါဝင်နေပါတယ်။ ဒီအပိုင်း က ထွက်ရှိခဲ့တာ ၂၀၂၃ ခုနှစ်မှာ ဖြစ်ပြီး၊ ယနေ့ ၂၀၂၅ အောက်တိုဘာမှာ လူမှုကွန်ရက်တွေမှာ ပြန်လည်ပျံ့နှံ့လာပြီး အငြင်းပွားမှု ကြီးမားလာခဲ့ပါတယ်။

ခရစ်ယာန်မိဘတွေ နဲ့ မိသားစုတွေက ဒီကိစ္စကို “LGBTQ အတွေးအခေါ်ကို ကလေးငယ်တွေထံ အတင်း ထည့်သွင်းခြင်း” လို့ မြင်ပြီး၊ #CancelNetflix လှုပ်ရှားမှုကို လှုံ့ဆော်ခဲ့ကြပါတယ်။ ဒီကိစ္စက ကျွန်ုပ်တို့ ခရစ်ယာန်မိဘတွေအတွက် ဝိညာဉ်ရေးရာ သတိပေးချက်တစ်ခုပါ။ ကလေးငယ်တွေရဲ့ စိတ်ဝိညာဉ်ကို ဖျက်ဆီးချင်တဲ့ စာတန်ရဲ့ လှည့်ကွက်တွေ အိမ်ထဲထိ စိမ့်ဝင်လာနေပြီ။

Netflix လို မီဒီယာပလက်ဖောင်းတွေ၊ Cocomelon Lane လို ကလေးရုပ်သံတွေမှာ လိင်ရှုပ်ထွေးမှုဆိုင်ရာ အကြောင်းအရာတွေကို ထည့်သွင်းပြီး ကလေးငယ်တွေကို ပစ်မှတ်ထားနေတာ တွေ့ရတယ်။ ဒါဟာ စာတန်ရဲ့ လှည့်ဖျားမှုပဲ—ကျွန်ုပ်တို့ ကလေးတွေရဲ့ ယုံကြည်ခြင်း၊ ခရစ်ယာန်တန်ဖိုးတွေကို ဖျက်ဆီးချင်တဲ့ ရည်ရွယ်ချက်ရှိတယ်။

ခရစ်ယာန်မိဘတွေ၊ သတိထားပါ။ ရန်သူဟာ သင့်အိမ်ရဲ့ ဧည့်ခန်း၊ အိပ်ခန်း၊ ကလေးတွေရဲ့ စိတ်ဝိညာဉ်ထဲ စိမ့်ဝင်လာနေပြီ။ ဒီကိစ္စက ကျွန်ုပ်တို့ကို သတိပေးလိုက်ခြင်းဖြစ်တယ်။ကလေးတွေရဲ့ ဝိညာဉ်ရေးရာ လုံခြုံရေးကို ဘယ်လောက်ထိ ကာကွယ်ရန် လိုအပ်သလဲဆိုတာ သိရတယ်။ ဒါကြောင့် နေ့ ကျွန်ုပ်တို့ ဝိညာဉ်ရေးရာ အကြံပြုချက်တချို့ မျှဝေချင်ပါတယ်။ ဒါတွေက သင့်မိသားစုကို ခွန်အားပေးပြီး ဘုရားရှင်ရဲ့ အကာအကွယ်ထဲ ခိုင်မြဲစေရန်ဖြစ်ပါတယ်။

ဝိညာဉ်ရေးရာ အကြံပြုချက်များ

  • ဆုတောင်းပါ: သင့်မိသားစုနဲ့ ကလေးတွေအတွက် ဘုရားရှင်ရဲ့ အကာအကွယ်နဲ့ လမ်းညွှန်မှုအတွက် နေ့စဉ်ဆုတောင်းပါ။ “သင်တို့သည် ငါ၌တည်၍ ငါ့စကားသည်သင်တို့၌တည်လျှင်၊ သင်တို့သည်တောင်းချင်သမျှကို တောင်း ၍ရကြလိမ့်မည်။” (ယောဟန် ၁၅:၇)။ ဆုတောင်းခြင်းဟာ စာတန်ရဲ့ လှည့်ကွက်တွေကို ကျော်လွှားအောင်မြင်နိုင်မှာဖြစ်တယ်။
  • သမ္မာကျမ်းစာ သင်ကြားပါ: ကလေးတွေကို ဘုရားရှင်ရဲ့ နှုတ်ကပတ်တော်နဲ့ လမ်းညွှန်ပါ။ “ဤပညတ်တော်များကို … သင်၏သားသမီးတို့အား သင်ပေးရမည်” (တရားဟောရာ ၆:၆-၇)။ နေ့စဉ် ကျမ်းစာဖတ်ခြင်း၊ ဆုတောင်းခြင်း အလေ့အကျင့်ကို မိသားစုအတွက် စတင်ပါ။ ဒါက ကလေးတွေရဲ့ ဝိညာဉ်ရေးရာကို ခိုင်မာစေမှာ အလင်းပေးမှာဖြစ်ပါတယ်။
  • မီဒီယာကို စစ်ဆေးပါ: ကလေးတွေ ကြည့်ရှုတဲ့ အကြောင်းအရာတိုင်းကို မိဘတွေ ကိုယ်တိုင် စစ်ဆေးပါ။ Netflix လို ပလက်ဖောင်းတွေမှာ မိသားစုထိန်းချုပ်ရေး ကိရိယာတွေ ကို အသုံးပြုပါ။ ကလေးရုပ်သံတွေ၊ ဂိမ်းတွေ၊ ဆိုရှယ်မီဒီယာတွေကို ဘုရားရှင်ရဲ့ တန်ဖိုးနဲ့ ကိုက်ညီမှု စစ်ဆေးပါ။ မကိုက်ညီရင် ချက်ချင်း ရှောင်ပါ။
  • ယုံကြည်ခြင်းနဲ့ ခိုင်မြဲစွာ ရပ်တည်ပါ: လောကီသြဇာတွေ၊ LGBTQ အတွေးအခေါ်တွေ ကျွန်တော်တို့ ကလေးတွေကို ထိခိုက်မှာကို အမြဲသတိထားပါ။ ခရစ်ယာန်တန်ဖိုးတွေကို ခိုင်မြဲစွာ စောင့်ထိန်းပါ။ “သင်တို့သည် လောကီပုံသဏ္ဌာန်ကို မဆောင်ကြနှင့်၊- သင်တို့၏ စိတ်နှလုံးကို အသစ်ပြုပြင်ကြလော့” (ရောမ ၁၂:၂)။ ကျွန်တော်တို့ မိဘတွေရဲ့ တာဝန်က ကလေးတွေကို ဘုရားရှင်ရဲ့ လမ်းခရီးတော်ထဲ ဦးဆောင်ပေးဖို့ ဖြစ်တယ်။
  • အသိုင်းအဝိုင်းနဲ့ ဆက်သွယ်ပါ: အခြားခရစ်ယာန်မိဘတွေနဲ့ ဆွေးနွေးပါ၊ ဒီကိစ္စတွေကို မျှဝေပါ။ အသင်းတော်မှာ အတူတကွ ဆုတောင်းပါ၊ အကြံဉာဏ်ချင်း မျှဝေပါ။ အတူတကွ ခိုင်မြဲစွာ ရပ်တည်ရင် စာတန်ရဲ့ လှည့်ကွက်တွေကို အောင်မြင်နိုင်မှာဖြစ်တယ်။ စာတန်ဟာ တစ်ဖြည်းဖြည်း တန်ခိုးကြီးလာနေတယ်။ ယုံကြည်သူတွေနဲ့အတူတူ ဆုတောင်းခြင်းနဲ့ အနိုင်ယူပါ။

စာတန်ဟာ တီဗီ၊ Netflix၊ ဆိုရှယ်မီဒီယာတွေကနေ ကျွန်ုပ်တို့ ကလေးတွေကို ဖျက်ဆီးချင်နေတယ်။ ဒါဟာ သူတို့ရဲ့ ယုံကြည်ခြင်း၊ ခရစ်ယာန်တန်ဖိုးတွေကို ဖျက်ဆီးဖို့ ရည်ရွယ်ချက်ရှိတယ်။ ယုံကြည်သူမိဘတွေ၊ ဝိညာဉ်ရေးရာ နိုးကြားပါ။ မိသားစုကို ကာကွယ်ပါ။ Netflix ကို ပယ်ဖျက်ရန် စဉ်းစားပါ၊ ကလေးတွေကို ဘုရားရှင်ရဲ့ သမ္မာတရားနဲ့ ပြုစုပျိုးထောင်ပါ။ သင်တို့ ယုံကြည်ခြင်းမှာ ခိုင်မြဲစွာ ရပ်တည်ကြပါ—ဘုရားရှင်ရဲ့ အကာအကွယ်ထဲမှာ သင့်မိသားစုဟာ လုံခြုံစွာ ခိုလှုံနေမှာဖြစ်တယ်။

ဆုတောင်းချက်
အိုအဖခင်ဘုရားသခင်၊ ကျွန်ုပ်တို့ မိသားစုတွေ၊ ကလေးငယ်တွေကို ကိုယ်တော်ရဲ့ အကာအကွယ်နဲ့ လမ်းညွှန်မှုနဲ့ လွှမ်းခြုံပေးပါ။ စာတန်ရဲ့ လှည့်ကွက်တွေ၊ လောကီသြဇာတွေကနေ ကျွန်ုပ်တို့ကို ကာကွယ်ပေးပါ။ သမ္မာကျမ်းစာနဲ့ ဆုတောင်းခြင်းနဲ့ ကျွန်ုပ်တို့ မိသားစုကို ခိုင်မြဲစေပါ။ ယေရှုခရစ်တော်ရဲ့ နာမတော်အားဖြင့် ဆုတောင်းပါ၏။ အာမင်။

(ဒီဆုတောင်းချက်ကို မိသားစုနဲ့ အတူ ဆုတောင်းကြည့်ပါ—ဘုရားရှင်ရဲ့ အကာအကွယ်ဟာ သင့်မိသားစုကို လုံခြုံစေမယ်မယ်လို့ ယုံကြည်ပါတယ်။ သင့်မိသားစုကို ဘုရားသခင်ကွယ်ကာပါစေ။


Leave a Reply

Pastor Manar Chai


သင့်ဝိညာဉ် ကျန်းမာဖို့ နှုတ်ကပတ်တော်များများဖတ်ပါ။ သင့်ယုံကြည်ခြင်း ကြီးမားဖို့ နှုတ်ကပတ်တော်များများ နားထောင်ပါ။ သင့်ဝိညာဉ် ကြီးထွားရင့်ကျင့်လာဖို့ နှုတ်ကပတ်တော် ကိုနေ့စဉ်သင်ကြားခံယူပါ။


Let’s connect

အလိုအပ်ဆုံးအရာ

Discover more from mcministry

Subscribe now to keep reading and get access to the full archive.

Continue reading