
နွေးထွေးစွာကြိုဆိုပါတယ်။ နှုတ်ကပတ်တော်ဟာ ရွှေငွေနဲ့ ဝယ်ယူလို့မရနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ နှုတ်ကပတ်တော်ဟာ ရွှေငွေထက် တန်ဖိုးကြီးနေလို့ဖြစ်ပါတယ်။ ထိုနှုတ်ကပတ်တော်ကို ခွန်အားယူဖို့ အမြဲတမ်းဖိတ်ခေါ်ပါတယ်။ မိတ်ဆွေသူငယ်ချင်းများကိုလည်း မျှဝေပေးပါ။ သင့်ကို ဘုရားသခင်ကောင်းကြီးပေးပါစေ။
Pastor Manar Chai / Chicago
Posts | ဝိညာဉ်ခွန်အား
သတင်းကောင်းဆိုတာ။
သတင်းကောင်းဆိုတာ ကြားရသောသူအဖို့ အကျိုးဖြစ်မှ သတင်းကောင်းဖြစ်မယ်။ လေယာဉ်စျေးတွေ စျေးအရမ်းကျနေတယ်ဆိုတဲ့ သတင်းစကားဟာ လူချမ်းသာတွေအတွက် သတင်းကောင်းဖြစ်နိုင်သော်လည်း၊ ဆင်းရဲသောသူတွေအဖို့တော့ သတင်းကောင်းမဖြစ်နိုင်ပါဘူး။
အပြစ်ဒဏ်ခံရလို့ထောင်ကျနေသူတွေကို ထောင်ပိုင်ရှင်အာဏာပိုင်တွေက လွှတ်ပေးလိုက်တယ်ဆိုတဲ့သတင်းဟာ ထောင်သားတွေအတွက် သိပ်ကိုကောင်းမွန်ပြီး အဓိပ္ပါယ်ရှိတဲ့သတင်းကောင်းမဟုတ်လား။
ထိုနည်းတူစွာ အပြစ်သားဖြစ်တဲ့ လူတိုင်းအတွက် ခရစ်တော်ကအဖိုးအခပေးပြီး ရွေးနှုတ်ကယ်တင်ပေးခဲ့တယ်။ အပြစ်ကိုခွင့်လွှတ်ပေးတယ်။ ထိုယေရှုကို ယုံရင်အပြစ်လွှတ်တယ်ဆိုတဲ့ သတင်းစကားဟာ လူတိုင်းအတွက်ဖြစ်တယ်။ ဆင်းရဲသောသူ၊ ချမ်းသာသောသူတိုင်း အတူအမျှရရှိခံစားနိုင်တဲ့ အရာဖြစ်ပါတယ်။
ယေရှုက သင့်ကိုအပြစ်လွှတ်ပြီဆိုတဲ့ သတင်းစကားဟာ အကောင်းတကာ့အကောင်းဆုံးသတင်းစကားပါပဲ။ ဒီသတင်းစကားကို ကြားပြောရခြင်းဟာလည်း မင်္ဂလာအရှိဆုံးပဲဖြစ်ပါတယ်။ ဒါကြောင့် ယနေ့အဲ့ဒီသတင်းစကားကို လူတိုင်းကြားဖို့ ကိုယ်တော်အလိုတော်ရှိတယ်။ ဒီနေရာကနေ ထိုသတင်းကောင်း ပြောပြမှာဖြစ်ပါတယ်။
မိတ်ဆွေအနေနဲ့ ပြန်လည်မျှဝေခြင်းဖြင့် သတင်းစကားကို ဆက်လက်သယ်ဆောင်သွားဖို့ တိုက်တွန်းလိုပါတယ်။ ထိုသို့ပြုရန်လည်း သင့်ကို သခင်အလိုတော်ရှိနေပါတယ်။ အတူတကွ သတင်းကောင်းမျှဝေကြပါစို့။
- ကယ်တင်ခြင်းတရား
- ကလေးများလုပ်ငန်း
- ကျမ်းစာလေ့လာခြင်း
- ခရစ်ယာန်အသက်တာ
- ခရစ်ယာန်အိမ်ထောင်
- ခရစ်ယာန်၀ထ္တုတို၊ ဇတ်လမ်းများ
- ချီးမွမ်းခြင်းနှင့်ကိုးကွယ်ခြင်း
- ဆုတောင်းချက်များ
- တရားဒေသနာများ
- ဓမ္မစာစောင်
- ဓမ္မမေးခွန်းများ
- နောက်ဆုံးသောကာလ
- နေ့စဉ်ခွန်အား
- နှိုးဆော်ခြင်း
- ပုံပြင်ပြောပြမယ်။
- ပေးကမ်းလှုဒါန်းခြင်း
- လူငယ်များ
- ဝိညာဉ်ရေးရာဆောင်းပါး
- အမျိုးစားခွဲမထားသော
- အမျိုးသမီးများ
- အသင်းတော်ရေးရာ
- Devotion
- Ministers
- Prayer
- Sermon outline
- Sermons










