လျှာ၏အစွမ်းတန်ခိုး
ခရစ်တော်ကို အုပ်စိုးခွင့်ပြုသော ယုံကြည်သူ၏အသက်တာတာ၌ ခရစ်တော်၏ ဂုဏ်အင်လက္ခဏာများပေါ်လွင်တယ်။
mcministry
၁။ နှုတ်ကပတ်တော်က လျှာနှင့်ပတ်သက်ပြီး ဤသို့ဆိုထားသည် . . .
ယာ၊ ၃း၈-၁၀ – လျှာကိုကား၊ အဘယ်လူမျှမအောင်နိုင်၊ မဆုံးမနိုင်သော အဆိုးအညစ်ဖြစ်၏။ သေစေတတ်သော အဆိပ်အတောက်နှင့် ပြည့်စုံ၏။- 9ငါတို့သည် လျှာဖြင့် ခမည်းတော်ဘုရားသခင်ကို ကောင်းချီးပေးတတ်ကြ၏။ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းသောလူတို့ကို လျှာဖြင့် ကျိန်ဆဲတတ်ကြ၏။- 10နှုတ်တစ်ပါးတည်းအထဲက၊ ထောမနာချီးမွမ်းခြင်းနှင့် ကျိန်ဆဲခြင်း ထွက်တတ်ပါသည်တကား၊ ငါ့ညီအစ်ကိုတို့၊ ထိုသို့မဖြစ်ကောင်းရာ။
‣ မဆုံးမနိုင်သောအဆိုးအညစ်
‣ သေစေတတ်သော အဆိပ်အတောက်
ဆာ၊ ၅၂း၂-၄ – သင်၏လျှာသည် ထက်သောသင်တုန်းကဲ့သို့ လှည့်စားသဖြင့်၊ သူ့အကျိုးကိုဖျက်ခြင်းအမှုကို ပြုစုတတ်၏။ 3သင်သည် သုစရိုက်ထက် ဒုစရိုက်ကိုလည်းကောင်း၊ ဖြောင့်မတ်သောစကားထက် မုသားစကားကိုလည်းကောင်း သာ၍နှစ်သက်တတ်၏။ 4အို လှည့်စားတတ်သောလျှာ၊ သင်သည် ပျက်စီးသောစကားရှိသမျှတို့ကို နှစ်သက်တတ်၏။
‣ သူတစ်ပါးကိုလှည့်စားတတ်ခြင်း
‣ သူ့အကျိုးကိုဖျက်ခြင်း
‣ သုစရိုက် ဒုစရိုက်၊ မုသာကိုနှစ်သက်
‣ ပျက်စီးသောစကားကို နှစ်သက်တတ်
☑️ ဒီလိုဆိုးညစ်ခြင်းကို နှစ်သက်တဲ့အတွက် သမ္မာကျမ်းစာက သတိပေးထားတာတွေ့ရတယ်။
၂။ လျှာနဲ့ပတ်သက်ပြီး သတိပေးချက် ( ၃) ချက်
(၁) သုတ္တံ၊ ၁၀:၁၉ – “စကားများသောအားဖြင့် အပြစ်ပါတတ်၏။ မိမိနှုတ်ကိုချုပ်တည်းသောသူမူကား ပညာရှိ၏။”
‣ စကားများခြင်းဖြင့် အပြစ်ပါတတ်တယ်
‣ နှုတ်ကိုချုပ်တည်းသူဟာ ပညာရှိ
(၂) သုတ္တံ၊ ၁၇:၉ – “သူတစ်ပါးပြစ်မှားသော အမှုကို ဝှက်ထားသောသူသည် မေတ္တာကို ပြုစု၏။ ကြားပြောသောသူမူကား၊ မိတ်ဆွေတို့ကို ကွဲပြားစေ၏။”
‣ မိတ်ဆွေတွေကိုကွဲပြားစေတတ်တယ်
(၃) ယာကု၊ ၁:၂၆ – “သင်တို့တွင် အကြင်သူသည် သီလဆောက်တည် ဟန်ပြုသော်လည်း၊ မိမိနှုတ်ကို မချုပ်တည်း၊ မိမိနှလုံးကို လှည့်ဖြား၏။ ထိုသူ၏ သီလသည် အချည်းနှီးသက်သက် ဖြစ်၏။-”
‣ နှုတ်မချုပ်တည်းခြင်းက နှလုံးကိုလှည့်ဖြားခြင်း
၃။ ဘုရားသခင်က ကျွန်ပ်တို့နှုတ်ကို ဤသို့အသုံးပြုစေချင်သည် …..
(က) ဟေရှာယ၊ ၅၀:၄ – “ငါသည် ပင်ပန်းသောသူအား မစခြင်းငှာ စကားပြောတတ်မည်အကြောင်း၊ အရှင်ထာဝရဘုရားသည် လူတတ်၏နှုတ်သတ္တိကို ငါ့အားပေးတော်မူပြီ။ နံနက်အစဉ်အတိုင်း ငါ့ကိုနှိုးတော်မူ၏။ စာသင်သောသူကဲ့သို့ နားထောင်စေမည်အကြောင်း ငါ့နားကို နှိုးဆော်တော်မူ၏။”
‣ ပင်ပန်းသောသူကို မစပေးတတ်ဖို့
(ခ) ဆာ၊ ၃၅:၂၈ – “အကျွန်ုပ်သည်လည်း၊ ကိုယ်တော်၏ ဖြောင့်မတ်တော်မူခြင်းအကြောင်းအရာကို မြွက်ဆို၍ အစဉ်မပြတ် ကိုယ်တော်ကို ချီးမွမ်းပါမည်။”
‣ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကိုပြောဖို့
‣ ကိုယ်တော်ကိုချီးမွမ်းဖို့
(ဃ) ဆာ၊ ၁၄၅:၁၀-၁၂ – “အိုထာဝရဘုရား၊ ဖန်ဆင်းတော်မူသမျှတို့သည် ဂုဏ်တော်တို့ကိုပြ၍၊ ကိုယ်တော်၏ သန့်ရှင်းသူတို့သည် ကောင်းချီးပေးကြပါ၏။ နိုင်ငံတော်၏ဘုန်းကိုလည်းကောင်း၊ တန်ခိုးတော်ကိုလည်းကောင်း ဟောပြောမြွက်ဆိုသဖြင့်၊ တန်ခိုးပါသောအမှုတော်များနှင့် နိုင်ငံတော်၏ဘုန်းအသရေများကို လူသားတို့အား ဖော်ပြကြပါ၏။”
‣ နိုင်ငံတော်၏ဘုန်း၊ တန်ခိုးတော်ကိုဟောပြောရန်
၄။ အပြောအဆိုနှင့်ပတ်သက်ပြီး ကျမ်းစာ၏သွန်သင်ချက်မှာ . . .
(က) အချင်းချင်းပုတ်ခတ်ပြောဆိုခြင်းမပြုပါနဲ့။
ယာကုပ် ၊ ၄း၁၁ – 1ညီအစ်ကိုတို့၊ အချင်းချင်းပုတ်ခတ်ပြောဆိုခြင်းမပြုကြနှင့်။ ညီအစ်ကိုကိုပုတ်ခတ်ပြောဆိုသောသူ၊ သို့မဟုတ် မိမိညီအစ်ကိုကိုစီရင်သောသူသည် ပညတ်တရားကိုပုတ်ခတ်ပြောဆို၍ ပညတ်တရားကိုစီရင်သူဖြစ်၏။ သင်သည် ထိုသို့ ပညတ်တရားကိုစီရင်လျှင် ပညတ်တရားကိုလိုက်နာကျင့်သုံးသောသူမဟုတ်ဘဲ တရားစီရင်သောသူဖြစ်၏။
‣ မိမိညီကိုကိုစီရင်သောသူဖြစ်၏
‣ ပညတ်တော်ကိုစီရင်သောသူဖြစ် - ဘုရားသခင်တစ်ပါးတည်းသာလျှင် စီရင်ပိုင်သောသူဖြစ်တယ်။
(ခ) မှန်သောစကားကိုပြောရန်
ဧဖက်၊ ၄း၂၅ – ထို့ကြောင့် မုသားစကားကိုဖယ်ရှား၍ သင်တို့တစ်ဦးစီသည် မိမိဝန်းကျင်၌ရှိသောသူအား မှန်သောစကားကိုပြောကြလော့။
‣ မုသာစကားကိုဖယ်ရှားရန် . .. သင်တို့စကားမှာ ဟုတ်တာကိုအဟုတ် မဟုတ်တာကိုမဟုတ်ပြောကြပါ။
(ဂ) ချစ်ခြင်းမေတ္တာနဲ့ပြောဆိုဖို့ရန်
ဧဖက်၊ ၄း၁၅ – ချစ်ခြင်းမေတ္တာဖြင့် သမ္မာတရားကိုဟောပြောလျက် ဦးခေါင်းဖြစ်တော်မူသောခရစ်တော်၌ အရာရာတွင် ကြီးထွားကြမည်ဖြစ်၏။
‣ မေတ္တာအားဖြင့် ပြောဆိုရန်
‣ သမ္မာတရား ( သစ္စာစကား) ပြောဆိုခြင်း
(ဃ) နှုတ်နဲ့လျှကြိုစောင့်ထိန်းပါ
သုတ္တံ၊ ၂၁း၂၃ – – မိမိနှုတ်နှင့် လျှာကို စောင့်ထိန်းသောသူသည်
မိမိအသက်ကို ဆင်းရဲဒုက္ခမှ စောင့်ထိန်းသောသူဖြစ်၏။
‣ မိမိနှုတ်လျှာကိုစောင့်ထိန်းခြင်းရန်အရေးကြီး - နှုတ်ကြောင့်သေရတဲ့သူတွေရှိတယ်။ သမ္မာကျမ်းစာထဲက အမတ်တစ်ဦး။ ရှောလုကို သတ်ပါတယ်ဆိုပြီး မျက်နှာရလိုစိတ်နဲ့ လျှောက်တင်မိလို့ အသေသတ်ခြင်းခံရတယ်။ ( ၂ဓမ္မ၊ ၁း၁၅-၁၆)
‣ မိမိအသက်ကို ဆင်းရဲခြင်းမှကယ်နှုတ် - မိမိအသက်ရှင်သမျှ စိတ်ငြိမ်သက်စွာနေနိုင်ဖို့လို။ ကိုယ့်စကားကြောင့် စိတ်ပူရ၊ စိတ်ဆိုးနေရ၊ မဖြစ်ရန်။
- ယာကုပ် (၃) နှင့်သုတ္တံ၊ (၁၀ ၊ ၁၅) တွင် ကျွန်ပ်တို့၏ နှုတ်ကို ဘယ်လိုကောင်းစွာအသုံးပြုရမလဲ၊ လွဲမှားစွာအသုံးမပြုရန် သွန်သင်ချက်ကို အသေးစိတ်တွေ့မြင်ရပါတယ်။
၅။ ကျွန်ပ်တို့ပြောသောစကားက ဒီအရာကိုဖော်ပြနေသည်။
မဿဲ၊ ၁၂း၃၄-၃၅ – 34အချင်းမြွေဆိုးအမျိုးတို့၊ သင်တို့သည်အဆိုးဖြစ်လျက် ကောင်းသောစကားကို အဘယ်သို့ ပြောနိုင်မည်နည်း။ စိတ်နှလုံးအပြည့် ရှိသည်အတိုင်း နှုတ်မြွက်တတ်၏။- 35ကောင်းသောသူသည် ကောင်းသောစိတ်နှလုံးဘဏ္ဍာတိုက်ထဲက ကောင်းသောအရာတို့ကို ထုတ်ဖော်တတ်၏။ မကောင်းသောသူသည် မကောင်းသောဘဏ္ဍာတိုက်ထဲက မကောင်းသောအရာတို့ကို ထုတ်ဖော်တတ်၏။-
‣ ကျွန်ပ်တို့ စိတ်နှလုံးထဲမှာ ဘာတွေပဲရှိနေသလဲဆိုတာကိုဖော်ပြနေတယ်
‣ ကောင်းသောလူလား၊ ဆိုးသောလူလားဆိုတာကို ဖော်ပြနေတယ်။ - ( သူတစ်ပါးကသတ်မှတ်တာမဟုတ်ဘူး။ ကိုယ့် နှုတ်ထွက်စကားကသာ ဖော်ပြပေးနေတာဖြစ်တယ်။
၆။ မိုက်မဲပြီး အသိညာဏ်မဲ့သောသူ၏လက္ခဏာများမှာ – –
(က) စကားများတတ်သည်
ဒေသနာ၊ ၁၀း၁၄ – မိုက်သောသူသည် စကားများတတ်၏။ သို့သော်လည်းဖြစ်လတ္တံ့သောအရာကို လူသည် မပြောနိုင်ရာ။ လူနောက်၌ အဘယ်သို့ဖြစ်လတ္တံ့သည်ကို အဘယ်သူ ပြောနိုင်သနည်း။
‣ စကားများတယ်ဆိုတာ – ဆိုင်တာရော၊ မဆိုင်တာရော ပြောတာ၊ စိတ်ဆိုးဒေါသထွက်ချိန်စကားများနေတာမျိုး၊ မဆင်မခြင်စကားပြောဆိုနေခြင်းမျိုးကိုသာဆိုလိုခြင်းဖြစ်တယ်။ ( ရိုးရိုး ကျနော်တို့ပြောနေတာ၊ ဟာသလုပ်နေတာမျိုးမဟုတ်ပါဘူး။)
(ခ) မိုက်သောအရာကိုသွန်းလောင်းတတ်သည်
သုတ္တံ၊ ၁၅း၂ – ပညာရှိသောသူ၏လျှာသည် ပညာအတတ်ကို တင့်တယ်စေတတ်၏။ မိုက်သောသူတို့၏နှုတ်မူကား၊ မိုက်သောအရာကို သွန်းလောင်းတတ်၏။
‣ မိုက်သောအရာကို သွန်းလောင်ခြင်း - သူများရန်ဖြစ်စရာစကား၊ လင်မယားစကားများစရာစကားမျိုး၊ အနာပေါ် တုန်ကျသလိုမျိုး -
(ဂ) လျှို့ဝှက်အပ်သောစကားကိုလည်းဖော်ပြတတ်၏
သုတ္တံ၊ ၂၉း၁၁ – မိုက်သောသူသည် မိမိကြံစည်သမျှကို ဖော်ပြတတ်၏။ ပညာရှိသောသူမူကား၊ အဆင်မသင့်မီ ထိမ်ဝှက်တတ်၏။
‣ မိမိ အကြံအစည် လျှို့ဝှက်ရမဲ့အရာကိုလည်း ပြောပြတတ်တယ်။ အခြား မပြောရမဲ့စကား၊ လျှို့ဝှက်ချက်တွေကိုလည်း ဖော်တတ်တယ်။ သစ္စာဖောက်တတ်တယ်။
၇။ နှစ်လိုဖွယ်စကားပြောခြင်း၏ အကျိုးရလဒ်များ
(က) ရွှင်လန်းစေတတ်၏
သုတ္တံ၊ ၁၂း၂၅ – ဝမ်းနည်းခြင်းအကြောင်းသည် ညှိုးငယ်စေတတ်၏။ ကောင်းသောစကားမူကား၊ ရွှင်လန်းစေတတ်၏။
‣ ကောင်းသောစကား၊ အားပေးသောစကားဟာ နှစ်လိုဖွယ်ဖြစ်တယ်။ အကျိုးရလဒ်ကတော့ ဝမ်းနည်းညိုးငယ်နေသူပင်ရွှင်လန်းစေတတ်တယ်။
(ခ) ခန္ဓာ၊စိတ်ဝိညာဉ် လန်းဆန်းကျန်းမာစေ တတ်၏
သုတ္တံ၊ ၁၆း၂၄ – သာယာသောစကားတို့သည် ပျားလပို့ကဲ့သို့ဖြစ်၍၊ စိတ်ဝိညာဉ်၌ ချိုမြိန်လျက်၊ ကိုယ်အရိုးကို ကျန်းမာစေလျက်ရှိကြ၏။
‣ သာယာချိန်မြိန်တဲ့စကားက စိတ်ဝိညာဉ်ကို ချိုမြိန်စေတယ်၊ ကြွေစရာကောင်းတယ်။
(ဂ) စိတ်ကိုဖြေတတ်၏။
သုတ္တံ၊ ၁၅း၁ – ဖြည်းညင်းသော စကားသည် စိတ်ကိုဖြေတတ်၏။ ကြမ်းတမ်းသောစကားမူကား၊ အမျက်ကို နှိုးဆော်တတ်၏။
‣ ဖြေးဖြေးညင်သာစွာပြောတဲ့စကားကို လူတိုင်းကနှစ်သက်တယ်။
‣ စိတ်ဆိုးနေတဲ့သူကိုလည်း စိတ်ပြေစေတယ်။
(ဃ) တည်ဆောက်စရာကောင်း၏
ဧဖက်၊ ၄း၂၉ – ညစ်ညူးသော စကားတစ်ခွန်းကိုမျှ သင်တို့နှုတ်ထဲက မထွက်စေနှင့်။ ကြားနာသော သူတို့၏အကျိုးကို ပြုစုစေခြင်းငှာ၊ တည်ဆောက်စရာဖို့ ကောင်းသောစကားကိုသာ သုံးဆောင်ကြလော့။-
‣ နှစ်လိုဖွယ်သောစကားဟာ ကြားနာသောသူ၏ အကျိုးကိုပြုစုတယ်
‣ တည်ဆောက်စရာကောင်းတယ်။
နိဂုံးချုပ် –
လေ့လာခဲ့ပြီးသော သင်ခန်းစာများကို ပြန်လည်ဆင်ခြင်ကြည့်ပါ။
မည်သည့်နေရာတွင် ဘုရားသခင်ရဲ့ ကွယ်ကာမစလမ်းပြပေးခြင်းလိုအပ်ပါသလဲ။
ဤသို့ဆုတောင်းကြစို့။
ဆာ၊ ၁၄၁း၃ – 3အိုထာဝရဘုရား၊ အကျွန်ုပ်၏နှုတ်ရှေ့မှာ ကင်းကိုထားတော်မူပါ။ အကျွန်ုပ်၏နှုတ်ခမ်းတံခါးကို စောင့်တော်မူပါ။



