သင်၏သခင် သင့်ချစ်သူသည် သင့်ကိုခေါ်တော်မူပြီ။ ချစ်ခင်စုံမက်စွာ ခေါ်နေပြီ။ ရှိရာအရပ်ကနေ လှမ်းလာခဲ့ပါ။
ရှောလမုန်သီချင်း ၊ ၂း၈-၁၄
ထ၍ လာခဲ့လော့၊ သခင့်ခေါ်သံ
“ချစ်သူ၏အသံကို ငါကြားရ၏။ ထိုသူသည် တောင်ကုန်းများပေါ်မှာ ခုန်ကျော်လျက်၊ တောင်ပို့များပေါ်မှာ လျှင်မြန်စွာ လာလျက်ရှိ၏။ … အိုငါ၏ချစ်သူ၊ ထ၍လာ၊ အိုငါ၏မယ်လှသည်၊ လာခဲ့လော့။ အကြောင်းမူကား၊ ဆောင်းကာလသည်ကုန်လွန်၍၊ မိုးသည်လည်း ရပ်စဲပြီး၊ ပန်းများသည် မြေပေါ်မှာ ပေါက်လျက်၊ သီချင်းဆိုရာကာလသည် ရောက်လာ၍၊ ချိုးငှက်၏အသံသည် ငါတို့ပြည်၌ ကြားရလေပြီ။”
ဆင်ခြင်တွေးတောခြင်း
ဤကျမ်းပိုဒ်သည် ချစ်ခြင်းမေတ္တာ၏ နူးညံ့သိမ်မွေ့မှုနှင့် အသစ်ပြန်လည်မွေးဖွားခြင်း၏ အလှတရားကို ပုံဖော်ထားသည်။ ချစ်သူ၏ အသံနှင့် သူ၏ လှုပ်ရှားလာမှု့သည် စိတ်အားထက်သန်မှု့နှင့် မျှော်လင့်ချက်ကို ဖြစ်ပေါ်စေသည်။ ဆောင်းကာလပြီးဆုံးပြီး နွေဦးရာသီ ရောက်လာသည်နှင့်အမျှ သဘာဝတရားသည် အသက်ဝင်လာပြီး ပန်းများပွင့်လန်းလျက်၊ ကြေးငှက်များသီဆိုကျူးဧကြသည်။ ဤပုံရိပ်သည် ဘုရားသခင်၏ ကျွန်ုပ်တို့အပေါ်ထားရှိသော ချစ်ခြင်းမေတ္တာနှင့် ကျွန်ုပ်တို့၏ဝိညာဉ်ဘဝအသက်တာတွင် အသစ်ပြန်လည်နိုးကြားမှု့့၊လန်းဆန်းနိုးကြားမှု့ ကို ထင်ဟပ်စေသည်။
ဘုရားသခင်သည် ကျွန်ုပ်တို့ကို “ထ၍ လာ” ဟု ခေါ်ဆိုနေသည်။ သူ၏အသံသည် ကျွန်ုပ်တို့၏ဘဝတွင် မျှော်လင့်ချက်နှင့် ကောင်းကြီးမင်္ဂလာများကို ယူဆောင်လာပြီး၊ ကျွန်ုပ်တို့၏ “ဆောင်းကာလ” ဖြစ်သော အခက်အခဲများနှင့် ဝမ်းနည်းခြင်းများကို ကျော်လွှားရန် အားပေးသည်။ ဤကျမ်းပိုဒ်သည် ဘုရားသခင်နှင့် ပိုမိုနီးကပ်စွာ ဆက်သွယ်ရန်နှင့် သူ၏ချစ်ခြင်းမေတ္တာတွင် အနားယူရန် ဖိတ်ခေါ်ချက်ဖြစ်သည်။
မေးခွန်းများနှင့် ဆင်ခြင်စို့
1. ဘဝတွင် “ဆောင်းကာလ” ကဲ့သို့ ခံစားခဲ့ရသည့်အချိန်များ ရှိခဲ့ပါသလား။ ထိုအခါများတွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မည်သို့တွေ့ကြုံခဲ့ပါသလဲ။
2. ဘုရားသခင်သည် သင့်ကို “ထ၍ လာ” ဟု ခေါ်ဆိုနေသည်ဟု သင်ခံစားရသည့် နယ်ပယ်များရှိပါသလား။ ထိုခေါ်ဆိုမှုကို မည်သို့တုံ့ပြန်နိုင်မည်နည်း။
3. သဘာဝတရား၏ အလှတရားသည် သင့်အား ဘုရားသခင်၏ ချစ်ခြင်းနှင့် ဖန်တီးမှုအကြောင်း မည်သို့သတိပေးသနည်း။
ဆုတောင်းစို့
**ချစ်သော ကောင်းကင်ဘုံရှင်အဖ . . .
ကိုယ်တော်၏ ချစ်ခြင်းမေတ္တာသည် ကျွန်ုပ်၏ဘဝထဲသို့ နွေဦးရာသီအလား ဝင်ရောက်လာပြီး၊ မျှော်လင့်ချက်နှင့် အသစ်သောအရာများကို ယူဆောင်လာပါသည်။ ကိုယ်တော်၏အသံကို ကျွန်ုပ်ကြားနိုင်ရန်နှင့် ကိုယ်တော်ခေါ်ဆောင်ရာ နေရာသို့ ရဲရင့်စွာ လိုက်လျှောက်နိုင်ရန် ကျွန်ုပ်ကို ကူညီတော်မူပါ။ ကျွန်ုပ်၏ “ဆောင်းကာလ” တည်းဟူသော ခက်ခဲသော အချိန်ကာလများတွင် ကိုယ်တော်နှင့် ပိုမိုနီးကပ်စွာ လျှောက်လှမ်းနိုင်ရန်နှင့် ကိုယ်တော်၏ ပြင်ဆင်မှု့ကောင်းကြီးများကို ကျေးဇူးတင်သောစိတ်ဖြင့် မြင်နိုင်ရန် ခွန်အားပေးတော်မူပါ။ ယေရှုခရစ်တော်၏ နာမတော်အားဖြင့် ဆုတောင်းပါသည်။ အာမင်။
လက်တွေ့လုပ်ဆောင်ရန်
- သဘာဝတရားထဲသို့ ထွက်သွားပြီး ပန်းများ၊ ငှက်သံများကို သတိပြုကြည့်ပါ။ ဤအရာများသည် ဘုရားသခင်၏ ချစ်ခြင်းကို မည်သို့ထင်ဟပ်နေသနည်းဟု ဆင်ခြင်ပါ။
- သင့်ဘဝတွင် ဘုရားသခင်ခေါ်ဆိုနေသည်ဟု ခံစားရသည့် နယ်ပယ်တစ်ခုကို ခွဲခြားသတ်မှတ်ပြီး၊ ထိုနေရာတွင် ယုံကြည်ခြင်းဖြင့် ခြေလှမ်းတစ်လှမ်းလှမ်းပါ။
ဤ ခွန်အားပေးချက်သည် သင့်အား ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ပိုမိုနီးကပ်စွာ ဆက်သွယ်ရန် ခွန်အားပေးပါစေလို့ ဆုတောင်းပေးပါသည်။





Leave a Reply