လူတစ်ဦးကို ထောက်ခံမှု့ပေးတယ်ဆိုတာ သူ့ရဲ့အကျင့်သီလ၊ သူ့ရဲ့မှု့ဆက်ဆံရေးနဲ့ ယုံကြည်ရပ်တည်ချက်ကို ကြည့်ပြီးပေးရတာမျိုးဖြစ်တယ်။
@mcministry10
ထောက်ခံမှု့ပေးခြင်း
💕 ကျနော် minister ခြောက်လသင်တန်းအတွက် ဖောင်တင်တော့ recommendation တောင်းကြတယ်။ ကိုယ့်ရဲ့ သင်းအုပ်ဆရာ ဒါမှမဟုတ် ကိုယ့်ကိုဝိညာဉ်ရေးရာမှာ လမ်းပြပေးသူက ပေးရမယ်လို့ပြောတယ်။ တစ်ခြားသူကို လက်မခံပါဘူး။ အဆင်ပြေခဲ့ပါတယ်။ တစ်ယောက်ကို ကျနော်က recommendation ပေးဖို့ပြောလာတော့ ပေးမယ်လို့ပြောထားတယ်။ အဲ့ဒီထောက်ခံချက် တောင်းတဲ့အဖွဲ့က ကျနော့်ဆီ email ပို့ကြတယ်။ ဖတ်ကြည့်တဲ့အခါ ဖြေရတဲ့မေးခွန်းတွေအများကြီးပါပဲ။ ဘယ်လိုသူ့ကိုစသိတာ၊ ဘယ်လောက်ကြာတာ၊ သူ့ရဲ့အကျင့်စရိုက်၊ ယုံကြည်ခြင်း၊ သူ့ရဲ့ ဝိညာဉ်ရေးရာတက်ကြွမှု့၊ ခံယူချက်၊ နာခံမှု့၊သစ္စာရှိမှု့၊ ဘုရားကျောင်းမှာ လှုပ်ရှားပါဝင်မှု့ စတဲ့စုံလင်တဲ့ မေးခွန်းတွေပါပဲ။
💕 ဒီထောက်ခံချက်ပေးတာကလည်း လွယ်တဲ့ကိစ္စမဟုတ်ဘူးလို့တွေးမိတယ်။ ပြီးတော့ လူတိုင်းကပေးလို့မရသလို လူတိုင်းကိုပေးနေရတဲ့အရာမဟုတ်ဘူး။ ထောက်ခံပေးသူကလည်း ထောက်ခံချက်ပေးနိုင်သူအဖြစ်ရှိနေရမယ်ဆိုတာ နားလည်ရသလို၊ ထောက်ခံပေးရမဲ့သူလည်း အရေးကြီးတယ်။ သိရုံနဲ့မရဘူး၊ သိကျွမ်းနေဖို့လိုတယ်။ ထောက်ခံမှု့ပေးသူရဲ့ အခြေအနေ၊ သမ္မာသစ္စာနဲ့ လွှမ်းမိုးမှု့အပေါ် အရေးကြီးတာတွေ့ရပါတယ်။
💕 ရှင်ပေါလုက သခင်ဖိလေမုန်ထံမှ ထွက်ပြေးသွားတဲ့ ဩနေသိမ်အတွက် တောင်းပန်စာပို့ထားတယ်။ ဩနေသိမ်ဟာ ထောင်ထဲမှာ ပေါလုနဲ့တွေ့ပြီး ပြောင်းလဲလာတယ်။ ပေါလုက သူ့ကိုနေ့တိုင်းသွန်သင်ပေးခဲ့တယ်။ ဖိလေမုန်ကတော့ ဩနေသိမ်ကို လူဆိုးအကျင့်ယုတ်သူဟု စွပ်စွဲပြစ်တင်လိုသူဖြစ်တယ်။ ဒါပေမဲ့ ပေါလုနဲ့ဖိလေမုန်ဟာ ရင်းနှီးသိကျွမ်းသူတွေဖြစ်ခဲ့တယ်။ ဒါကြောင့် ပေါလုက ဩနေသိမ်ကို ဖိလေမုန်ထံပြန်ခိုင်းခဲ့တယ်။ သူ့အကျင့်စရိုက် မဆိုးသွမ်းတော့ကြောင်း၊ လိမ္မာနေကြောင်း၊ ယေရှုကိုယုံကြည်ကြောင်း အာမခံချက်နဲ့ ထောက်ခံချက်ပေးပို့လိုက်တယ်။ ဖိလေမုန်ကလည်း ပေါလုရဲ့ ထောက်ခံမှု့နဲ့ ပြန်လက်ခံတာတွေ့ရပါတယ်။ ပေါလုဟာ သူ့ရဲ့လုပ်ဖော်ဆောင်ဖက်များစွာကို ထောက်ခံမှု့ပေးကြောင်းတွေ့ရပါတယ်။
💕 ကျွန်ပ်တို့ကိုလည်း ထောက်ခံချက်ပေးမဲ့ ယေရှုခရစ်တော် ဤလောကကိုကြွလာခြင်းဖြစ်တယ်။ ကျနော်တို့ဟာ အထက်ကအပြစ်သားတွေဖြစ်ခဲ့ကြပေမဲ့ ယေရှုကိုယုံကြည်လို့ ဖြောင့်မတ်သူတွေဖြစ်ကြောင်း သန့်ရှင်းသူတွေ ဖြစ်ကြောင်းကို ခရစ်တော်က အာမခံချက်ပေးမှာဖြစ်တယ်။ ဒါကြောင့် ယေရှုခရစ်တော်ကို ယုံကြည်ကိုးစားဖို့ အရေးကြီးတယ်။ အသက်တာမှာလည်း ခရစ်တော်နှစ်သက်တဲ့အသက်တာမှာ အသက်ရှင်ဖို့ရန် ဖြစ်ပါတယ်။
💕 ယနေ့ ကျွန်ပ်တို့ တမလွန်ခရီး ထာ၀ရအသက်အာမခံချက် ထောက်ခံချက်ရဖို့ ယေရှုကို စိတ်နှလုံးသားကနေ ယုံကြည်လက်ခံပါ။ မြေကြီးပေါ်မှာ အသက်ရှင်ချိန်မှာလည်း ဘုရားသခင်ရဲ့ ကောင်းကြီးသွန်းလောင်းခြင်းခံစားရဖို့ အသက်တာဖြောင့်မတ်စွာအသက်ရှင်ကြောင်း အာမခံထောက်ခံမှု့နိုင်ဖို့ ခရစ်တော်၏အလိုတော်အတိုင်း အသက်ရှင်ဖို့ဖြစ်ပါတယ်။ ဆုလဒ်အတွက်လည်း ခရစ်တော်ထံမှ ထောက်ခံမှု့ရရှိရန် အဆုံးထိပြေးကြဖို့ တိုက်တွန်းနှိုးဆော်ပါတယ်။ ဘုရားသခင်ကောင်းကြီးပေးပါစေ။





Leave a Reply