ဝိညာဉ်ကျန်းမာဖို့ နှုတ်ကပတ်တော်များများဖတ်ပါ။

ကမ္ဘာကြီးကိုလွှမ်းမိုးနိုင်သော မိခင်များဖြစ်ပါစေ

သီလနဲ့ပြည့်စုံသော မိခင်ဆိုတာ ဘုရားသခင်ကို ကြောက်ရွံ့သောသူသာဖြစ်သည်။

ယနေ့ ၂၀၂၅ ခုနှစ် မေလ၌ ကျရောက်သော မိခင်များနေ့တွင် ကျွန်ုပ်၏ မိခင်နှင့် ယောက္ခမအား ကျေးဇူးအထူးတင်ရှိကြောင်း ဦးစွာဖော်ပြလိုပါသည်။ ထို့အတူ အသင်းတော်အတွင်းရှိ မိခင်များအားလုံးနှင့် ကမ္ဘာတစ်ဝှမ်းရှိ မိခင်များအား ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာများ ပေးသနားတော်မူပါစေကြောင်း ဆုတောင်းပါသည်။

မိခင်တို့၏ အခန်းကဏ္ဍ
မိခင်များသည် အိမ်ထောင်တစ်ခုတွင် ခင်ပွန်းသည်ပြီးလျှင် အရေးကြီးဆုံးပုဂ္ဂိုလ်များဖြစ်ပါသည်။ ဘုရားသခင်၏ အကြံအစည်နှင့်အညီ ခင်ပွန်း၏ ရည်မှန်းချက်များကို ဖြည့်ဆည်းပေးရန် လုပ်ဆောင်ပေးနေရသူများဖြစ်သည်။ သမ္မာကျမ်းစာတွင် ဖော်ပြထားသည့်အတိုင်း၊ ယောကျ်ားတစ်ဦးတည်း ရပ်တည်ရန်မဖြစ်နိုင်ကြောင်း ဘုရားသခင်ကိုယ်တိုင် သိရှိတော်မူသည် (ကမ္ဘာဦး ၂:၁၈)။ ထို့ကြောင့် ဇနီးသည်၏ အခန်းကဏ္ဍသည် ကျွန်ုပ်တို့ ထင်မှတ်ထားသည်ထက် ပိုမိုအရေးကြီးကြောင်း သမ္မာကျမ်းစာမှ နားလည်ရပါသည်။

ဆုတောင်းသောမိခင်
ဟန္န၏ဇာတ်လမ်း (၁ဓမ္မရာဇဝင် ၁:၉-၁၁) သည် မိခင်တစ်ဦး၏ ဆုတောင်းခြင်း၏ စွမ်းအားကို ပြသပါသည်။ ဟန္နသည် ကလေးမရရှိသည့်အတွက် ညှိုးငယ်စိတ်ဖြင့် ဘုရားသခင်၏ အိမ်တော်သို့လာကာရောက် စိတ်နှလုံးသွန်းလောင်းပြီး ဆုတောင်းခဲ့သည်။ သူမသည် သားယောက်ျားတစ်ဦးရရှိပါက ထာဝရဘုရားအား အဆက်ကပ်ပ်နှံမည်ဟု သစ္စာဂတိပြုခဲ့သည်။ ဘုရားသခင်သည် သူမ၏ ဆုတောင်းချက်ကို နားညောင်းပေးခဲ့ပြီး ရှမွေလကို ပေးသနားတော်မူခဲ့သည်။ ဟန္နသည် သူမရရှိသော အဖြေကို ဘုရားသခင်ထံ ပြန်လည်အပ်နှံခဲ့သည်။ ဤဇာတ်လမ်းမှ ဆုတောင်းခြင်း၏ တန်ဖိုးနှင့် သစ္စာရှိမှု၏ အရေးကြီးပုံကို သင်ယူနိုင်ပါသည်။ မိခင်များ သင်တို့၏ ဆုတောင်းချက်များကို မမေ့စေချင်ပါ။
အမျိုးသမီးများသည် စိတ်ခံစားမှုများကို ပိုမိုခံစားတတ်ပြီး စိုးရိမ်စိတ်များပိုများတတ်သည်။ သို့သော် ဤစိတ်နှလုံးများကို ဘုရားသခင်ထံ သွန်းလောင်းပြီး ဆုတောင်းခြင်းဖြင့် အားပေးမှုနှင့် အဖြေများကို ရရှိနိုင်ပါသည်။ ကြိုးစား၍ဆုတောင်းသော မိခင်များဖြစ်ရန် တိုက်တွန်းနှိုးဆော်ပါ၏။

မိခင်များ၏ ဝိညာဉ်ရေးရာလွှမ်းမိုးမှု
အာဗြဟံလင်းကွန်း၏ မိခင်ဖြစ်သူ နန်စီလင်းကွန်းသည် ခရစ်ယာန်တစ်ဦးဖြစ်ပြီး သူမ၏သားအား ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် ပြုစုပျိုးထောင်ခဲ့သည်။ သူမသည် အာဘေးအား ပညတ်တော်ဆယ်ပါးကို သင်ကြားပေးခဲ့ပြီး ဘုရားသခင်ကို ချစ်ရန်နှင့် ဖခင်ကို သနားကြင်နာရန် မှာကြားခဲ့သည်။ သူမ၏ ဝိညာဉ်ရေးရာလွှမ်းမိုးမှုသည် အာဘေး၏ ဘဝတွင် ရိုးသားမှုနှင့် ကိုယ်ကျင့်တရားများကို စွဲမြဲစေခဲ့သည်။ လင်းကွန်းက “ငါဖြစ်စေ၊ မျှော်လင့်တာအားလုံး ငါ့ရဲ့ကောင်းကင်တမန်မိခင်ကို ကြွေးတင်နေတယ်” ဟု ကြေငြာခဲ့သည်။

ထို့အတူ Robert Moffat ၏ မိခင်သည် သူ့အား နေ့စဉ်ကျမ်းစာဖတ်ရန် ကတိတောင်းခံခဲ့သည်။ ဤကတိသည် သူ၏ဘဝတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ဆက်နွှယ်နေစေခဲ့သည်။

မိခင်များအတွက် အားပေးစကား
မိခင်များအနေဖြင့် အောက်ပါအချက်များကို လုပ်ဆောင်ရန် တိုက်တွန်းလိုပါပါသည်။

  • ဆုတောင်းပါ။ အသင်းတော်တွင် ဆုတောင်းအားကြီးသော မိခင်များသည် သားသမီးများအတွက် ကောင်းကြီးမင်္ဂလာများ ဆောင်ကြဉ်းပေးနိုင်ပါသည်။ မိသားစုအတွက် ဘုရားသခင်၏ ကွယ်ကာမစခြင်းကို ရရှိနေမည်ဖြစ်သည်။
  • ကျမ်းစာဖတ်ပါ။ သားသမီးများနှင့်အတူ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုပြီး သွန်သင်ပေးပါ။
  • ဘုရားမျက်နှာကို ရှာပါ။ ဘုရားသခင်ထံတွင် အားကိုးအားထားပြုပြီး သားသမီးများအတွက် လမ်းညွှန်မှုရယူပါ။
  • ပြတ်သားစွာ ဆုံးဖြတ်ပါ။ ဘုရားသခင်နှင့်ဆိုင်သော ကိစ္စများတွင် ပြတ်သားသော ဆုံးဖြတ်ချက်များချပါ။
  • တိမောတေ၏ ဥပမာကို ကြည့်ပါ။ သူသည် ငယ်ရွယ်စဉ်တွင် သင်းအုပ်ဆရာဖြစ်လာခဲ့ပြီး၊ ထိုအောင်မြင်မှုသည် သူ့အဖွားနှင့် မိခင်၏ သွန်သင်မှုကြောင့်ဖြစ်သည် (၂တိမောသေ ၁:၅)။

ယောဘ၏ဇနီးသည် မိန်းမကောင်းဖြစ်ခဲ့သော်လည်း ခင်ပွန်း၏ ဆင်းရဲဒုက္ခများကို မခံနိုင်တော့သည့်အခါ မိုက်မဲသောစကားများပြောခဲ့သည် (ယောဘ ၂:၉)။ မိခင်များအနေဖြင့် စိန်ခေါ်မှုများကြားတွင်လည်း ဘုရားသခင်ကို ယုံကြည်ခြင်းဖြင့် ခိုင်မာစွာ ရပ်တည်ရန်လိုအပ်ပါသည်။ ဘုရားသခင်ကို ယုံကြည်ကိုးစားခြင်းဖြင့် ရပ်တည်ရန်လိုပါသည်။

အခက်ခဲများရင်ဆိုင်ကြုံလာရချိန်တွင် ခင်ပွန်းသည်ကို အပြစ်ရှာနေသူမဟုတ်ဘဲ အားပေးစကားပြောတတ်သောသူဖြစ်ရန် လိုပါသည်။ ထိုသို့ဖြစ်ရန် ဆုတောင်းသောသူဖြစ်ရန်လိုအပ်သည်။

မိခင်များသည် ဘုရားသခင်ထံမှ ပေးအပ်ထားသော အထူးတာဝန်များကို ထမ်းဆောင်နေသူများဖြစ်သည်။ တို့မိခင်၏ ဆုတောင်းခြင်း၊ သွန်သင်မှုနှင့် သစ္စာရှိမှုသည် သားသမီးများနှင့် လူ့အဖွဲ့အစည်းအပေါ် ကြီးမားသော သက်ရောက်မှုများ ရှိစေပါသည်။ ဤမိခင်များနေ့တွင် မိခင်များအားလုံးအတွက် ဆုတောင်းပြီး၊ သတို့င်၏ ဝိညာဉ်ရေးရာခရီးလမ်းတွင် ဘုရားသခင်ထံမှ ခွန်အားနှင့် လမ်းညွှန်မှုများ ရရှိပါစေကြောင်း ဆန္ဒပြုပါသည်။ ဖတ်ရှုသူ အယောက်ချင်းစီတိုင်းကို ဘုရားသခင် ကောင်းကြီးပေးပါစေ။


Leave a Reply

Pastor Manar Chai


သင့်ဝိညာဉ် ကျန်းမာဖို့ နှုတ်ကပတ်တော်များများဖတ်ပါ။ သင့်ယုံကြည်ခြင်း ကြီးမားဖို့ နှုတ်ကပတ်တော်များများ နားထောင်ပါ။ သင့်ဝိညာဉ် ကြီးထွားရင့်ကျင့်လာဖို့ နှုတ်ကပတ်တော် ကိုနေ့စဉ်သင်ကြားခံယူပါ။


Let’s connect

အလိုအပ်ဆုံးအရာ

Discover more from mcministry

Subscribe now to keep reading and get access to the full archive.

Continue reading