မိခင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ဇနီးကောင်း၊ မယားကောင်းဖြစ်ဖို့ အရေးကြီးတယ်။ သီလသမ္မာဓိရှိသော မိခင်အမျိုးသမီးကောင်းဖြစ်ဖြစ်စေရန်
Ⓜ️ အိမ်ထောင်ပြုတဲ့ မိန်းကလေးတိုင်းက ယောကျာ်းတစ်ယောက်ရဲ့ မိန်းမတော့ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဇနီးကောင်းမယားမြတ်ဖြစ်ဖို့က အရေးကြီးတယ်။ ကလေးသားမွေးလိုက်ရုံနဲ့လည်း မိခင်ကောင်းမဟုတ်သေးဘူး။ မိခင်တော့မိခင်ပါပဲ။ ဒါပေမဲ့ မိခင်ကောင်းဖြစ်ဖို့ အရည်အချင်းရှိပါသေးတယ်။
Ⓜ️ ဇနီးကောင်းမယားကောင်းဖြစ်ဖို့ မိခင်ကောင်းဖြစ်ဖို့ ပညာအရည်အချင်းကို မဆိုလိုပါဘူး။ ဒါနဲ့လည်းတိုင်းတာလို့မရဘူး။ ဇနီးကောင်း၊မယားမြတ်တို့အတွက် သတ်မှတ်ထားတဲ့စံကို သမ္မာကျမ်းစာထဲမှာ ရေးသားဖော်ပြထားတယ်။ ထိုအရာကို သိမှတ်ရယူပြီး လုပ်ဆောင်လျှင် ခင်ပွန်းသည်ရှေ့မှာဖြစ်စေ၊ လူများရှေ့မှာဖြစ်စေ၊ ဘုရားသခင်ရှေ့၌ ဖြစ်စေ အသရေသီလနဲ့ပြည့်စုံသောသူဖြစ်မှာ အသေအချာပါပဲ။
Ⓜ️ ဇနီးကောင်းဖြစ်ဖို့၊မယားမြတ်ဖြစ်ဖို့ မိခင်ကောင်း (မြတ်သောအမျိုးသမီး) ဖြစ်ဖို့ ဆုတောင်းနေရုံနှင့်မဖြစ်ပါ။ သမ္မာကျမ်းစာရဲ့ လမ်းညွှန်သွန်သင်ချက်ကိုသိဖို့ လက်တွေ့လုပ်ဆောင်ဖို့လိုပါတယ်။ ခက်ခဲသောအချက်တွေကို ဘုရားသခင်ကမခိုင်းပါဘူး။ သင်သိလိုပါသလား။
🦅 မယားကောင်းဇနီးမြတ်ဖြစ်မှ မိခင်ကောင်းဖြစ်လာမှာပါ။ မိခင်ကောင်းဖြစ်မှ သားသမီးတို့ မျက်နှာပန်းလှသာဓုခေါ်စရာနဲ့ ရတနာကောင်းသဖွယ် အနာဂတ်လှပလာကြမှာပါ။ စကားပုံတောင်ရှိတယ်မလား။ အသီးကိုကြည့်ရင် အပင်ကိုသိနိုင်တယ်တဲ့။ သားကောင်းရတနာ သမီးမြတ်ရတနာရှိစေဖို့ ဇနီးကောင်းမယားမြတ်ဖြစ်ပါစေ။
”သို့ပြု၍၊ နှုတ်ကပတ်တရားတော်ကို နားမထောင်သော ယောက်ျားအချို့ရှိလျှင်၊ ထိုသူတို့သည် တရားမနာသော်လည်း၊ သင်တို့၏ ကြောက်ရွံ့ခြင်းနှင့် စင်ကြယ်သောအကျင့်တို့ကို ထောက်ရှု၍၊ မိမိမယား၏အကျင့်အားဖြင့် သွေးဆောင်လျက် အတူပါမည် အကြောင်းရှိ၏။- သင်တို့၌ တန်ဆာဆင်ခြင်းမှုကား၊ ဆံပင်ကျစ်ခြင်း၊ ရွှေဆင်ခြင်း၊ အဝတ်ဝတ်ခြင်းတည်းဟူသော အပြင်တန်ဆာ ဆင်ခြင်းမဖြစ်စေဘဲ၊- ဘုရားသခင့်ရှေ့မှာ အဖိုးများစွာထိုက်သော နူးညံ့ငြိမ်သက်ခြင်းသဘောတည်းဟူသော မဖောက်ပြန် မပျက်စီးတတ်သော တန်ဆာဆင်ခြင်းရှိသော စိတ်နှလုံး၏ အတွင်းလူဖြစ်စေကြလော့။- ဘုရားသခင်ကို ကိုးစား၍ သန့်ရှင်းသော မိန်းမတို့သည် ရှေးက ထိုသို့ ကိုယ်ကိုတန်ဆာဆင်လျက်၊ စာရာသည် အာဗြဟံကို သခင်ဟုခေါ်ဝေါ်၍ သူ၏စကားကို နားထောင်သကဲ့သို့၊ ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံကြ၏။ သင်တို့သည် ကောင်းမွန်စွာကျင့်၍၊ ကြောက်ရွံ့ တုန်လှုပ်ခြင်း အလျှင်းမရှိဘဲနေလျှင် စာရာ၏သမီးဖြစ်ကြ၏။“
၁ပ၊ ၃း၂-၆





Leave a Reply