ရက်ရောမှုဆိုသည်မှာ စိတ်နှလုံးဖြင့် ရက်ရောစွာ ပေးကမ်းခြင်းဖြစ်သည်။ ၎င်းသည် ဘုရားသခင်၏ ဂုဏ်တော်တစ်ပါးဖြစ်သည် (၁ တိမောသေ ၆:၁၇)။ သဘုရားသခင်ည် ကျွန်ုပ်တို့အတွက် သားတော်ကိုပင် ပေးအပ်ခဲ့သည် (ယောဟန် ၃:၁၆)။ ရက်ရောမှုသည် လောဘ၏ ဆန့်ကျင်ဘက်ဖြစ်၏။ လောဘရှိသူသည် မိမိအတွက်သာ စုဆောင်းသော်လည်း၊ ရက်ရောသူသည် အခြားသူများ၏ အကျိုးအတွက် ဝေမျှပါသည် (တမန်တော် ၂:၄၅; ၄:၃၄-၃၇)။
ပေးကမ်းခြင်းသည် ဘုရားသခင်၏ စည်းစိမ်ဥစ္စာများကို စီမံခန့်ခွဲရာ၌ ကောင်းသောဘဏ္ဍာစိုး၏ အရေးကြီးသော အစိတ်အပိုင်းဖြစ်သည်။ လောဘရှိသူသည် ဘုရားသခင်၏ ဥစ္စာများကို မိမိအလိုအတိုင်း အသုံးပြုသော်လည်း၊ ရက်ရောသူသည် ဘုရားသခင်၏ အလိုတော်နှင့်အညီ စီမံသည်။ ဘုရားသခင်သည် သူ၏ ဘဏ္ဍာစိုးများအား ရက်ရောသူများဖြစ်စေလိုပြီး၊ ထိုရက်ရောမှုကို ပထမဦးစွာ ဘုရားသခင်နှင့် ဆက်ဆံရေး၌ ထင်ရှားစေရန် မျှော်လင့်ထားပါသည် (ထွက်မြောက်ရာ ၃၅:၅; တရားဟော ၁၆:၁၆-၁၇)။
ဘုရားသခင်အပေါ် ရက်ရောမှုပြသနိုင်သည့် နည်းလမ်းများမှာ
- ဆယ်ဖို့တစ်ဖို့နှင့် ပူဇော်သက္ကာ**များ ရက်ရောစွာ ပေးကမ်းခြင်း (မာလခိ ၃:၁၀)။
- အချိန်နှင့် အစွမ်းအစ**ကို ဘုရားသခင်၏ အမှုတော်အတွက် အသုံးပြုခြင်း၊ ဥပမာ- အသင်းတော်တွင် ဝန်ဆောင်မှုပြုခြင်း။ အိမ်တော်အမှု့၌ ပါဝင်ဆက်ကပ်ခြင်း။
- ဆုတောင်းခြင်းနှင့် ကျေးဇူးတော်ချီးမွမ်းခြင်း**ဖြင့် ဘုရားသခင်ထံ ရိုသေစွာ ချဉ်းကပ်ခြင်း (ဟေဗြဲ ၁၃:၁၅)။
- အခြားသူများကို ကူညီရာ၌** ဘုရားသခင်၏ မေတ္တာကို ထင်ရှားစေခြင်း၊ ဥပမာ- ဆင်းရဲသောသူများကို ဝေမျှခြင်း။
- ယုံကြည်ခြင်းနှင့် နာခံခြင်း**ဖြင့် ဘုရားသခင်၏ အလိုတော်ကို ဦးစားပေးလိုက်လျှောခြက်င်း။
ရက်ရောမှု၏ ဥပမာများ
မာရိ၏ ဥပမာသည် ရက်ရောမှု၏ ထူးခြားသော ပြယုဂ်ဖြစ်သည် (ယောဟန် ၁၂:၃)။ သူမသည် တန်ဖိုးကြီးသော ပူဇော်သက္ကာကို ယေရှုထံ ဆက်ကပ်ခဲ့ပြီး၊ ၎င်း၏ တန်ဖိုးမှာ ပစ္စည်းတန်ဖိုးထက် သူမ၏ ချစ်ခြင်းမေတ္တာနှင့်ရက်ရောမှု့ကိုထင်ဟပ်စေသည်။ ယေရှုက ဤလုပ်ရပ်ကို ထာဝရအမှတ်ရနေမည်ဟု မိန့်တော်မူခဲ့သည်။
ဆင်းရဲသားများ ရင့်ရော်နိုင်သလားဟု သင်မေးလိမ့်မည်။ သမ္မာကျမ်းစာအရ ဆင်းရဲသားများလည်း ရက်ရောနိုင်သည်။ ဓမ္မဟောင်းတွင် ဆင်းရဲသူများအတွက် ချိုးငှက်နှစ်ကောင် သို့မဟုတ် ခိုနှစ်ကောင်ဖြင့် ပူဇော်ရန် ခွင့်ပြုထားသည် (ဝတ်ပြုရာ ၁:၁၄; ၅:၇; ၁၂:၈)။ ယောသပ်နှင့် မာရိတို့သည်လည်း ဤတာဝန်ကို ထမ်းဆောင်ခဲ့သည် (လုကာ ၂:၂၄)။ နှစ်ပြားသာရှိသော မုဆိုးမသည် သူမ၏ ရှိသမျှကို ပေးကမ်းခဲ့ပြီး (လုကာ ၂၁:၂-၄)၊ မက္ကဒိုးနီးယားယုံကြည်သူများသည် ဆင်းရဲသော်လည်း စွမ်းအားထက်ပို၍ ရက်ရောစွာ ပေးခဲ့ (၂ ကောရိန္သု ၈:၁-၃) ကြောင်း မှတ်တမ်းတင်ထားသည်။
ရက်ရောမှုသည် စည်းစိမ်ထက် စိတ်နှလုံး၏ ဆန္ဒနှင့် ယုံကြည်ခြင်းပေါ်တွင် မူတည်ပါသည်။ ရင့်ရောစွာ ပေးမ်းခြင်းလှုဒါန်းခြင်းကို ဘုရားသခင်အလိုတော်ရှီပြီး ကောင်းကြီးများစွာ သွန်းလောင်းမည်ဟု ကတိပြုပါသည်။ ထို့ကြောင့် ရက်ရောစွဖြင့် ဘုရားသခင်၏ ဥစ္စာဏ္ဍာများကို ပြန်လည်အသုံးပြုကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။





Leave a Reply