◾လောကမှာ အဆိုးလုပ်လည်း ပြောမည့်သူ၊ ဝေဖန်မည့်သူရှိစမြဲ။ အကောင်းလုပ်လျှင်လည်း ဝေဖန်ကဲ့ရဲ့ရှုတ်ချမည့်သူ၊ မနာလိုဖျက်ဆီးမည့်သူ ရှိနေစမြဲ။ အကောင်းလုပ်နေလည်းမလွတ်ဘူး။ မကောင်းမှတော့ ပိုဆိုးပြီပေါ့။
◾ဒီတော့ မှန်ကန်စွာလုပ်နေရင်း ဝေဖန်ထိုးနှက်မှု့ကြုံလာရရင် မတုန့်ပြန်ပဲထားပစ်လိုက်ပါ။ ပို၍မင်္ဂလာဖြစ်ပါမယ်။ ဒါဝိဒ်ကိုဖျက်ဆီးမည့် ရှောလုရှင်ဘုရင် ဒါဝိဒ်ကိုလိုက်နေရင်း သူပဲမောခဲ့ရသလို ဆုံးရှုံးခဲ့တယ်မဟုတ်လား။
◾ဝေဖန်ထိုးနှက်တတ်သောသူဟာ ဘယ်သောအခါမှ အဆုံးမလှသလို သူ့စိတ်မငြိမ်ဘူး။ထိုအရာနဲ့သာ သူ့ရဲ့အကျိုးရှိတဲ့အချိန်ကို ကုန်ဆုံးစေတတ်တယ်။ စိတ်ငြိမ်သက်ခြင်းကိုမခံစားရတတ်ပေ။ စားလည်းဒီစိတ်၊ အိပ်လည်းဒီစိတ်မို့ စိတ်နှလုံးက ကောင်းစားနိုင်မှာမဟုတ်ပါ။ စိတ်နှလုံးမကောင်းစားတာကြောင့် ဝိညာဉ်အသက်တာရော၊ ကာယပိုင်းမှာရော ယိုယွင်းမှု့တွေကိုသာ ပေးဆပ်ရတတ်တယ်။
ကောင်းမွန်စွာပြု၍ ဆင်းရဲခံရသောအခါ သည်းခံလျှင်၊ ဘုရားသခင်ရှေ့တော်၌ ကျေးဇူးရှိ၏။ ၁ပေ ၂:၂၀
◾ မိမိဖက်က ကောင်းမွန်စွာ နှလုံးသားမှန်ကန်စွာပြုဖို့အရေးကြီးပါတယ်။ ကောင်းမွန်မှန်ကန်စွာပြုနေလျက် ကဲ့ရဲ့ပြစ်တင်ခြင်း၊ ဝေဖန်ရှုတ်ချခြင်းခံနေရလျှင် သီးခံပါ။ ဘုရားသခင်ကသိနေပါတယ်။ ကြည့်နေပါတယ်။
ကောင်းသောအရာကို ကြိုးစားရှာပါ။ သူတစ်ပါးရဲ့ ကောင်းကွက်ကိုပဲ ရှာဖွေပါ။ မြင်အောင်ကြည့်ပါ။ ချီးမွမ်းပါ။ ဘုရားသခင်ရဲ့ ကျေးဇူးပြုခြင်းခံရပါမယ်။ ကိုယ်တိုင် စိတ်ငြိမ်သက်ခြင်းကို ခံစားရပါလိမ့်မယ်။
◾ကောင်းသောအရာကိုကြိုးစား၍ ရှာသော သူသည် ကျေးဇူးကို ခံရလိမ့်မည်။ သူ့အကျိုးကိုဖျက်ခြင်းငှါ ရှာကြံသောသူမူကား၊ ကိုယ်အကျိုးပျက်ခြင်းရှိလိမ့်မည်။
-သုတ္တံကျမ်း။ 11 : 27🦅





Leave a Reply