ဘုရားကို ကိုးစားတတ်တဲ့ ယုံကြည်သူ ရှိတဲ့နေရာမှာ ဘုရားသခင်ရဲ့ မင်္ဂလာရှိတယ်။
🔹အိမ်မိသဟာယဟာ အကျိုးသိပ်များတယ်။ ကာယမျက်စိနဲ့ကြည့်သောသူအဖို့ အိမ်ရှင်များအတွက် ပင်ပန်းစရာ၊ နစ်နာဆုံးရှုံးစရာတွေရှိတယ်လို့ ခံစားမြင်နိုင်ပါတယ်။ ဒါမှန်ကန်တဲ့အမြင်ပါ။ ဒါပေမဲ့ ဝိညာဉ်ရဲ့အကျိုးကတော့ အိမ်ရှင်အတွက်ရော လာရောက်သူများအဖို့ပါ ဘုရားသခင်ရှေ့မှာ မင်္ဂလာကြီးတယ်။ ဘုရားသခင်က မင်္ဂလာရှိတယ်လို့ သတ်မှတ်သောအမှု့ကို လွှဲရှောင်ချင်အုံးမလား။
🔹တမန်တော်ကာလ ရှေးယုံကြည်သူများရဲ့ ဝိညာဉ်မီးတောက်လောင်ခြင်းတွေ၊ နိုးထမှု့တွေဟာ ဘုရားကျောင်းတွေ၊ ဗိမာန်တော်ဇရပ်ကြီးကနေစတင်တာမဟုတ်ပဲ Home meeting, Home fellowship တွေကနေ စတင်လာတာတွေ့ရပါတယ်။ ယုံကြည်သူတွေ အိမ်မှာ ဝတ်ပြုဆုတောင်းခြင်း၊ ကျမ်းစာသင်ကြားခြင်း၊ ချီးမွမ်းခြင်းတွေဟာ တစ်ဦးချင်းစီရဲ့ အသက်တာမှာ ဝမ်းမြောက်ခြင်းမှ ကူးစက်လာတာဖြစ်ပါတယ်။ အိမ်မှာတွေ့ဆုံရခြင်းဟာ ထူးခြားနွေးထွေးမှု့ကိုဖြစ်စေပါတယ်။
🔹နိုးထတဲ့အသင်းတော်တွေရဲ့ဇစ်မြစ်ကိုလေ့လာကြတဲ့အခါမှာ Home cell ကနေစတင်လာတာ များတယ်လို့ဆိုကြပါတယ်။ ကမ္ဘာမှာနာမည်ကြီး နိုးထတဲ့ကိုးရီးယားအသင်းတော်ဟာ အိမ်မိသဟာယကနေကူးစက်လာတယ်လို့ အသင်းတော်ရဲ့ သင်းအုပ်ဆရာကြီးက ဝန်ခံဖူးပါတယ်။ အသင်းတော်နိုးထမှု့ဖြစ်လာဖို့ဆိုတာ ယုံကြည်သူ တစ်ဦးချင်းစီရဲ့ နှုတ်ကပတ်တော်ဆာငတ်မှု့၊ ဝိညာဉ်တော်ပြည့်၀မှု့ ခံယူနာခံမှု့ရှိမှဖြစ်လာမယ်မဟုတ်လား။
🔹မိသားစုမှာ ဝိညာဉ်ရေးရာဘာလို့မှေးမှိန်နေရတာလဲ၊ အခြားယုံကြည်သူများနှင့် ထိတွေ့မိသဟာယမရှီခြင်းဟာ ဝိညာဉ်ရေးရာအထီးကျန်မှု့ကိုဖြစ်စေတယ်။ ကျွန်ပ်တို့မိသားစုမှာ ဝိညာဉ်တော်ဦးဆောင်မှု့နဲ့အတူ ဝိညာဉ်ရေးရာ ရှင်သန်နိုးကြားမှု့ဖြစ်ဖို့ ယုံကြည်သူအချင်းချင်း မိဿဟာယဖွဲ့ခြင်းကို မရှောင်မလွှဲဖို့ ရှင်ပေါလုက အထူးတိုက်တွန်းထားပါတယ်။
🔹Home meeting ကြောင့် ပေတရုရဲ့ ယောက္ခမကြီးကျန်းမာခြင်း အခွင့်ရခဲ့တယ်။ သခင်ယေရှုရှိစဉ်တုန်းက မာရိ၊မာသတို့ အိမ်ဟာ အမြဲမိဿဟာယဖွဲ့တဲ့အိမ်ဖြစ်ခဲ့ပါတယ်။ သေနေပြီဖြစ်တဲ့ သူတို့ရဲ့မောင် လာဇရုအသက်ပြန်ရှင်လာခဲ့ဖူးပါတယ်။ ထောင်ထဲမှာရောက်နေတဲ့ပေတရု၊ မနက်မိုးလင်းချိန်အသတ်ခံရမည့်ပေတရုဟာ အိမ်မိသဟာယရဲ့ တစ်ညလုံးဆုတောင်းခြင်းကြောင့် အသက်ပေးကလွတ်မြောက်လာခဲ့တယ်။
🔹သုတ္တံဆရာက ဘုရားသခင်ရဲ့သားသမီးတွေစုဝေးနေတဲ့နေရာဟာ ဝမ်းမြောက်ခြင်းပြည့်တယ်၊ ကယ်တင်ခြင်းအသံရှိတယ်လို့ပြောပါတယ်။ ယနေ့ ဘုရားနာမ၌ စုဝေးနေတဲ့ကျနော်တို့အိမ်တွေဟာ မင်္ဂလာရှိတယ်။ အိမ်မိသဟာယရောက်နေတဲ့ ကျနော်တို့ရဲ့ ကိုယ်ခန္ဓာတွေဟာ မင်္ဂလာရှိတယ်။ သင့်အထဲမှာ ဘုရားသခင်ဝိညာဉ်တော်ကျိန်းဝပ်တဲ့အတွက် ဘုရားသခင်ထံတိုးဝင်ရမှာဖြစ်ပါတယ်။
🔹ဒါကြောင့် ညီကိုမောင်နှမအပေါင်းတို့ ကျွန်ပ်တို့အိမ်တွေကို ဘုရားနာမ၌စုဝေးရာအိမ်အဖြစ်အသုံးပြုခြင်းဟာ မျက်စိနဲ့မမြင်နိုင်တဲ့ ကောင်းကြီးမင်္ဂလာများစွာ၊ မျက်စိနဲ့မြင်နိုင်တဲ့ ကောင်းကြီးမင်္ဂလာများစွာ အကျိုးဖြစ်ထွန်းတယ်ဆိုတာ မသိပဲမနေစေချင်ပါ။ အထူးသဖြင့် အိမ်မိဿဟာယကို ယုံကြည်သူအနေနှင့်သွားရခြင်းဟာလည်း ကိုယ်တော်ပြုစေလိုသောအရာကို ပြုခြင်းဖြစ်ကြောင်း သိစေလိုပါတယ်။
🔹ချစ်စွာသော ညီကိုမောင်နှမများ၊ မိမိတို့အိမ်ကို ဘုရားသခင်နာမ၌ စုဝေးဆုတောင်းသောအိမ်၊ ချီးမွမ်းသောအိမ် ဖြစ်စေကြရအောင်။ ဘုရားသခင်ပိုင်ဆိုင်သော မိမိကိုယ်ခန္ဓာအား ဘုရားနာမ၌စုဝေးတဲ့နေရာကို ပို့ဆောင်ကြရအောင်။ မြင်နိုင်သောကောင်းကြီး၊ မမြင်နိုင်တဲ့ကျေးဇူးပြုခြင်းတွေ ပြည့်နှက်နေပြီး ဘုရားဘုန်းတော်အတွက်ဖြစ်ပါတယ်။ သင့်အိမ်ဟာ ဘုရားသခင်နာမကို ရိုသေစွာဝတ်ပြုသောနေရာ၊ ပေးကမ်းခြင်းအစပြုရာနေရာ၊ မေတ္တာကိုသွန်သင်ရာနေရာ၊ ဧဝံဂေလိကိုစတင်ရာနေရာဖြစ်ဖို့ ပြင်ဆင်ဆက်ကပ်ဖို့ တိုက်တွန်းနှိုးဆော်လိုပါတယ်။
©️ဟေဗြဲ 10:25 ✍️
လူအချို့တို့၏ ထုံးစံရှိသည်အတိုင်း၊ အချင်းချင်း စည်းဝေးခြင်းအမှုကို မရှောင်မလွှဲကြနှင့်။ အချင်းချင်းတို့ကို တိုက်တွန်းနှိုးဆော်ကြလော့။ ကာလအချိန် ရောက်လုနီးသည်ကို ထောက်သဖြင့်၊ သာ၍ ကြိုးစားကြလော့။





Leave a Reply