ချစ်လှစွာသော [ဇနီး
ကိုယ်ရေးတဲ့ ဒီစာလေးဟာ မင်းရဲ့ မယိမ်းယိုင်တဲ့ ချစ်ခြင်းမေတ္တာ၊ ကြိုးစားအားထုတ်မှုနဲ့ ဘုရားသခင်ရဲ့ အမှုတော်ထမ်းဆောင်ရာမှာ ကိုယ့်ကို အမြဲထောက်မပေးနိုင်ခဲ့တဲ့ အံ့သြဖွယ်ရာ စွမ်းအားတွေအတွက် ကျေးဇူးတင်ကြောင်းကို ပြောပြချင်တာပါ။ ကိုယ်ဟာ သင်းအုပ်ဆရာတစ်ယောက်အနေနဲ့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ဝေမျှဖို့၊ သက်သေခံဖို့ ခေါ်ခြင်းခံရပြီး၊ မင်းဟာ ဒီသာသနာ့လုပ်ငန်းမှာ ကိုယ်နဲ့အတူ ဘုရားသခင်၏ ဘုန်းတော်ထင်ရှားခြင်းရဲ့ ပုံသက်သေတစ်ဦးအဖြစ် ရပ်တည်ပေးခဲ့တယ်။ ထောက်မပေးခဲ့တယ်။
မင်းရဲ့ စိတ်ရှည်မှု၊ အားပေးမှုနဲ့ ကိုယ့်ရဲ့ အမှုတော်ထမ်းဆောင်ခြင်းတွေမှာ နောက်ကွယ်က တိတ်တဆိတ် ထောက်ပံ့ပေးနိုင်တဲ့ မင်းရဲ့ စွမ်းရည်ဟာ ကိုယ့်အတွက် အဖိုးမဖြတ်နိုင်တဲ့ ဘုရားသခင်ဆီကလက်ဆောင်တစ်ခုပါပဲ။ မင်းရဲ့ ကြိုးစားအားထုတ်မှုတွေဟာ ဘုရားသခင်ရဲ့ ဘုန်းတော်ကို ပိုမိုထင်ရှားစေပြီး၊ ကိုယ်တို့ရဲ့ အစေခံမှု့ ပိုမိုခိုင်ခံ့စေတယ်။ မင်းရဲ့ ယုံကြည်ခြင်းနဲ့ အဆက်ကပ်ပ်နှံမှုဟာ ကိုယ့်ကို နေ့စဉ်နဲ့အမျှ လှုံ့ဆော်ပေးပြီး၊ ကိုယ့်ရဲ့ အမှုတော်ထမ်းဆောင်မှုမှာ ပိုမိုအားထုတ်ဖို့ တွန်းအားဖြစ်စေတယ်။ ခွန်အားဖြစ်စေခဲ့တယ်။ ကိုယ့်ရဲ့တရားဟော ပလ္လင်ရဲ့နောက်ကွယ်မှာ၊ သင်တန်းတွေရဲ့နောက်ကွယ်မှာ မင်းရဲ့တိတ်တစ်ဆိတ် ဒူးထောက်ဆုတောင်းခြင်းတွေဟာ ဝိညာဉ်ရိတ်သိမ်းခြင်း အသီးအပွင့်တွေပါပဲ။
မင်းကို ကိုယ်အလွန်လေးစားပြီး ချီးမွမ်းပါတယ်။ မင်းရဲ့ အဆက်ကပ်ပ်နှံမှုနဲ့ ဘုရားသခင်ရဲ့ အမှုတော်ကို ထောက်မပေးတဲ့ မင်းရဲ့ ချစ်ခြင်းမေတ္တာဟာ ကိုယ့်နှလုံးသားထဲမှာ ပိုမိုနက်ရှိုင်းစွာ ချစ်ခင်လေးစားမှုကို ဖြစ်ပေါ်စေတယ်။ မင်းဟာ ကိုယ့်ဘဝရဲ့ အရေးအကြီးဆုံး လက်တွဲဖော်တစ်ဦးဖြစ်ပြီး၊ ဒီခရီးလမ်းကို မင်းနဲ့အတူ လျှောက်လှမ်းရတာ ကိုယ့်အတွက် မယုံနိုင်စရာ ကျေးဇူးတော်တစ်ခုပါပဲ။ ဘုရားသခင်က ရှေးမဆွကတည်းက ရွေးချယ်ပြင်ဆင်ပေးတဲ့ ဆုလဒ်ပါပဲ။ မင်းအတွက် ကိုယ်အမြဲဆုတောင်းပေးနေပြီး အမြဲပိုချစ်နေပါတယ်။ ဘုရားသခင်က မင်းအတွက် ကောင်းကင်ဆုလဒ်တွေပြင်ဆင်ပေးနေတယ်လို့ ငါယုံကြည်တယ်။ သင်၌ ဝမ်းမြောက်ငြိမ်သက်ခြင်းရှိပါစေ။
အမြဲချစ်နေလျက် –
Manar Chai
[ခေတ္တ – Pittsburgh, Pennsylvania






Leave a Reply