ဝိညာဉ်ကျန်းမာဖို့ နှုတ်ကပတ်တော်များများဖတ်ပါ။

သင်တန်းကာလမှာ ဆုတောင်းအစေခံဖို့ ဖိတ်ခေါ်ပါတယ်။

သင်တန်းပြုလုပ်တိုင်းမှာ သင်တန်းကာလအတွင်း မိမိရှိနေတဲ့နေရာမှာ အချိန်ရတဲ့အခါတိုင်း ဆုတောင်းခြင်းနဲ့ အစေခံပါဝင်ဆက်ကပ်မဲ့သူကို တောင့်တတယ်။ ဖိတ်ခေါ်လိုတယ်။ ဆုတောင်းခြင်းက အရေးကြီးဆုံးဖြစ်လို့ပါ။

@mcministry

ကျွန်ုပ်သည် ဘုရားသခင်၏ကျေးဇူးတော်ကြောင့် နှစ်စဉ် ဧဝံဂေလိကယ်တင်ခြင်းသင်တန်းများ ပြုလုပ်ခွင့်ရရှိပါသည်။ အမေရိကန်နိုင်ငံအတွင်းရှိ ပျောက်ဆုံးဝိညာဉ်များကို စိတ်ဝင်စားသည့် အသင်းတော်များ၏ ဖိတ်ကြားခြင်းကို လက်ခံရရှိပြီး၊ ပြည်နယ်များစွာသို့ သွားရောက်ခဲ့ပြီးဖြစ်သည်။ ဘုရားသခင်သည် အံ့ဖွယ်အမှုများစွာ ပြုတော်မူခဲ့သည်။ ၂၀၁၃ ခုနှစ်မှစ၍ ယနေ့အထိ နှစ်စဉ် အနည်းဆုံး အသင်းတော် ၄ ခုခန့်သို့ ဖိတ်ကြားခံရပြီး အစေခံခွင့်ရရှိခဲ့သည်။ ၎င်းသည် ကျွန်ုပ်၏အရည်အချင်း ၊ တတ်စွမ်းမှုကြောင့်မဟုတ်ဘဲ၊ ဘုရားသခင်၏ ကျေးဇူးတော်သက်သက်ကြောင့်သာဖြစ်သည်။

ဤသို့သွားရောက်နိုင်ရန် ကျွန်ုပ်ပါဝင်သောအသင်းတော်၏ ခွင့်ပြုချက်မရှိပါက နိုသွားရောက်င်မည်မဟုတ်ပါ။ IMC အသင်းတော်မှ လူကြီးများ၊ တာဝန်ရှိသူများနှင့် အသင်းသားများသည် ပျောက်ဆုံးဝိညာဉ်များကို စိတ်ဝင်စားမှုရှိကြသည်။ ထို့ကြောင့်သာ သကျွန်ပ် ဤသို့သွားနိုင်ခြင်းအခွင့်ရခြင်းဖြစ်သည်။ သင်တန်းတစ်ခုချင်းစီသို့ သွားရောက်တိုင်း အနောက်တွင် ဆုတောင်းပေးသည့် အသင်းတော်ရှိသည်။

အထူးသဖြင့် ကျွန်ုပ်၏ဇနီးသည်၏ ဆုတောင်းပေးမှုသည် ကြီးမားသောအထောက်အပံ့ဖြစ်သည်။ အသင်းသားများထဲတွင် ပျောက်ဆုံးဝိညာဉ်များကို စိတ်အားထက်သန်စွာ ကယ်တင်လိုသူများရှိပြီး၊ သင်တန်းကာလအတွင်း သတိတရဖြင့် စာပို့မေးမြန်းခြင်းဖြင့် ၎င်းတို့၏စိတ်ဝင်စားမှုကို ပြသလျက်ရှိကြသည်။ သူတို့ကြောင့် ကျွန်ုပ်အား ခွန်အားဖြစ်ပေါ်စေပြီး၊ ပြောင်းလဲလာသူများကို မြင်တွေ့ရသောအခါ သူတို့သည် ပို၍ဝမ်းမြောက်ကြသည်ကို တွေ့ရသည်။ သထိုအချက်ည် ပျောက်ဆုံးဝိညာဉ်များကို စိတ်ဝင်စားမှု၏ သက်သေဖြစ်သည်။

အကယ်၍ ပျောက်ဆုံးဝိညာဉ်များကို စိတ်မဝင်စားပါက၊ သင်၏ကယ်တင်ခြင်းအပေါ် သံသယဖြစ်စရာရှိသည်။ ပြောင်းလဲလာသူများကို ဝမ်းမြောက်တတ်ပါသလား၊ ဧဝံဂေလိဟောပြောသူများကို ထောက်မဆုတောင်းပေးတတ်ပါသလား။ ပျောက်ဆုံးဝိညာဉ်များ ကယ်တင်ခြင်းရရှိရန်ထက် အရေးကြီးသည့်အရာ မရှိပါ။ လူမှုရေး၊ လူမျိုးရေးနှင့် အလုပ်ရှုပ်နေသည့် ခရစ်ယာန်တစ်ဦး သို့မဟုတ် အသင်းတော်ဖြစ်နေပါသလား။

ကျွန်ုပ်အလွန်ဝမ်းမြောက်ရသည့်အချက်မှာ သင်တန်းကာလအတွင်း “ဆုတောင်းပေးနေပါတယ်” ဟူသော စကားပင်ဖြစ်သည်။ အခြားအချိန်များတွင် ပြောသည်ထက် သင်တန်းကာလအတွင်း ကြားရသည့် ဤသတင်းသည် ပို၍ခွန်အားဖြစ်စေသည်။ ဆုတောင်းခြင်းသည် အရေးကြီးဆုံး ခွန်အားဖြစ်ပြီး၊ တစ်ဦးတည်း၏ ဆုတောင်းခြင်းထက် အများပြည်သူ၏ ဆုတောင်းခြင်းသည် ပို၍လိုအပ်သည်။ ချုပ်နှောင်ခံရသော ဝိညာဉ်များ လွတ်မြောက်ရန် ဆုတောင်းခြင်းသည် အလွန်အရေးကြီးသည်။

ထို့ကြောင့် ကျွန်ုပ်အမြဲတောင်းဆိုနေသည်မှာ သင်တန်းကာလအတွင်း ဆုတောင်းခြင်းဖြင့် ပူးပေါင်းပါဝင်ပေးမည့်သူများဖြစ်သည်။ ၎င်းတို့ရှိရာနေရာမှ သင်တန်းအစမှအဆုံးထိ အချိန်ရတိုင်း သတိရဆုတောင်းပေးခြင်းဖြင့် ပါဝင်အစေခံမည့်သူများဖြစ်သည်။ သင်တန်းအတွက် သတိရဆုတောင်းပေးသူတစ်ဦးချင်းစီအား ဤနေရာမှ အထူးကျေးဇူးတင်ရှိကြောင်း ဖော်ပြလိုပါသည်။


ဆုတောင်းခြေင်းနဲ့အစေခံလိုတယ်ဆိုရင် ကျနော့်ထံ အောက်တွင်စာရေးပို့ပေးပါ။ Thank you!❤️

← Back

Thank you for your response. ✨


❤️ GOD BLESS YOU 🙏🏼

Leave a Reply

Pastor Manar Chai


သင့်ဝိညာဉ် ကျန်းမာဖို့ နှုတ်ကပတ်တော်များများဖတ်ပါ။ သင့်ယုံကြည်ခြင်း ကြီးမားဖို့ နှုတ်ကပတ်တော်များများ နားထောင်ပါ။ သင့်ဝိညာဉ် ကြီးထွားရင့်ကျင့်လာဖို့ နှုတ်ကပတ်တော် ကိုနေ့စဉ်သင်ကြားခံယူပါ။


Let’s connect

အလိုအပ်ဆုံးအရာ

Discover more from mcministry

Subscribe now to keep reading and get access to the full archive.

Continue reading