နှုတ်ကပတ်တော်ကတောင်းကြပါ၊ရမည်ဟုပြောသော်လည်းဆုတောင်းပြီးမရတာဘာကြောင့်လဲ။အဖြေရှာဖို့လိုပါသည်။ဆုတောင်းခြင်းဆိုသည်မှာဘုရားနှင့်စကားပြောခြင်းဖြစ်သည်။ကိုယ်ပြောတဲ့စကားကိုကိုယ်တော်ကြားရဲ့လား။ကိုယ်တော်ကသင်တို့စကားကိုမကြားနိုင်အောင်နားမထိုင်းဘူးလို့ပြောပါတယ်။သို့သော်လည်းကိုယ်တော်မကြားနိုင်အောင်တားဆီးနေသောအရာရှိပါတယ်။
• အပြစ်ဒုစရိုက်
လွန်ကျူးပြစ်မှားခဲ့သောအရာများကိုဖော်ပြဝန်ချတောင်းပန်ခြင်းမပြုပါကဘုရားသခင်နားမညောင်းဘူး။ဆာ၊၆၆း၁၈။သင်တို့ဒုစရိုက်သည်သင်တို့ကိုဘုရားနဲ့ကွာစေကြောင်းဟေရှာ၊၅၉း၂မှာဖော်ပြထားပါတယ်။လွန်ကျူးသောဒုစရိုက်အပြစ်များအားဖော်ပြတောင်းပန်ခြင်းမရှိပါကနားမညောင်းပါ။အပြစ်ကိုဖော်ပြရုံမဟုတ်ပါ။ထိုဒုစရိုက်ကိုစွန့်လွှတ်ခြင်းပင်ဖြစ်သည်။
သုတ္တံ၊၂၈:၁၃ – မိမိအပြစ်ကိုဝှက်ထားသောသူသည်ချမ်းသာမရ။မိမိအပြစ်ကိုဘော်ပြဝန်ချ၍ စွန့်ပစ်သောသူမူကား၊ဂရုဏာတော်ကိုခံရလိမ့်မည်။
ဆာ၆၆:၁၈ — ငါသည်စိတ်နှလုံးထဲမှာဒုစရိုက်ကိုငဲ့ကွက်လျှင်၊ဘုရားရှင်သည်နားထောင်တော်မမူ။
မာကု၁၁:၂၅-၂၆ | သင်တို့သည်ဆုတောင်းသောအခါသူတပါး၌အပြစ်တင်ခွင့်ရှိလျှင်၊သူ့အပြစ်ကိုလွှတ်ကြလော့။လွှတ်လျှင်ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည်သင်တို့၏အပြစ်ကိုလွှတ်တော်မူမည်။သင်တို့သည်သူ့အပြစ်ကိုမလွှတ်လျှင်၊ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည်သင်တို့၏အပြစ်ကိုလွှတ်တော်မမူဟုမိန့်တော်မူ၏။
• တွေးတောသံသယစိတ် (စိတ်နှစ်ခွ) ဖြစ်ခြင်း
ယာ၊၁း၆-၇ | ရပါ့မလားဆိုတဲ့သံသယစိတ်မျိုးနှင့်တောင်းပါကလည်းမရပါ။သံသယဆိုတာမယုံကြည်ခြင်း၊စိတ်မချခြင်းပင်ဖြစ်သည်။ယေရှုကယုံသောစိတ်နှင့်လုပ်ဆောင်ဖို့သွန်သင်ထားပါတယ်။ဒါကြောင့်ဆုတောင်းတဲ့အခါတွေးတောသံသစိတ်နှင့်မဟုတ်ပဲယုံကြည်ခြင်းအပြည့်၊မျှော်လင့်ခြင်းအပြည့်နှင့်တိုးဝင်ဆုတောင်းပါ။သို့ရာတွင်တွေးတောခြင်းမရှိဘဲယုံကြည်သောစိတ်နှင့်တောင်းရမည်။တွေးတောခြင်း ရှိသော သူသည်ကား၊လေခတ်၍လှုပ်ရှားတတ်သော လှိုင်းတံပိုးနှင့်တူ၏။ ထိုသို့သောသူသည်စိတ်နှစ်ခွရှိသော သူ၊ပြုလေသမျှတို့၌ မတည်ကြည်သောသူဖြစ်၍၊ထာဝရဘုရား၏လက်တော်မှတစုံတခုကိုရမည်ဟုမထင်မမှတ်စေနှင့်။
• ကာမဂုဏ်ခံစားလိုသောစိတ်
ယာ၊၄း၃ ကိုယ်ဆုတောင်းသောအရာသည်ဝါကြွားစရာဖို့၊သူတစ်ပါးကိုပြိုင်နှိုင်းဖို့၊သူ့ထက်သာလို၍ရလိုသောနှလုံးနဲ့တောင်းပါကကိုယ်တော်ကလုံးဝမပေးပါဘူး။အရိုးသားဆုံးနှလုံးသားနဲ့နှိမ့်ချစွာတောင်းလျှောက်တတ်ဖို့လိုပါတယ်။ဒါကြောင့်ဆုတောင်းခြင်းတားဆီးနေတဲ့အရာများကိုဖယ်ရှားပြီးတောင်းသမျှဆုကိုရနိုင်ကြပါစေကြောင်းဝေငှခွန်အားပေးပါတယ်။
ဆုတောင်းလျှင်လည်းကာမဂုဏ်ခံစားစရာဘို့ရှိစေခြင်းငှါ၊အလွဲတောင်းသောကြောင့်မရကြ။






Leave a Reply