ဝိညာဉ်ကျန်းမာဖို့ နှုတ်ကပတ်တော်များများဖတ်ပါ။

မုန်တိုင်းကြားမှာ ဘုရားကိုမျှော်ကြည့်ပါ


၁ ငါသည် ထာဝရဘုရားကို စေ့စေ့မြော်လင့်သည်ကာလ၊ ငါကို မျက်နှာပြု၍ ငါအော်ဟစ်သော အသံကို ကြားတော်မူ၏၊၊
၂ ပျက်စီးရာတွင်းနှင့်အလွန်ဆိုးသော ရွှံ့ထဲက ငါ့ကို ဆယ်နှုတ်ပြီးလျှင် ငါ့ခြေတို့ကို ကျောက်ပေါ်မှာ တင်၍ ငါခြေရာတို့ကို တည်စေတော်မူ၏၊၊

ဆာလံ၊ ၄၀:၁-၂

မုန်တိုင်းဆိုတဲ့ အခက်ခဲပြဿနာ၊ ဒုက္ခဆင်းရဲခြင်းဆိုတာ မကြိုက်လည်းကြုံရမှာပဲ။ မဖိတ်ခေါ်ပဲလည်း ရောက်လာမှာပဲ။ ရှောင်လွှဲဖို့ ကြိုးစားနေရင်းကလည်း ပိုပြီးရင်ဆိုင်ကြုံတွေ့ရတတ်ပါတယ်။ လူ့ဘဝသက်တမ်းခရီးတိုလေးအတွင်းမှာ အကြိမ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရပြီ ကြုံတွေ့နေကြရအုံးမှာပါပဲ။�ဒါပေမဲ့ မုန်တိုင်းအထက်မှာစိုးစံ၍ မုန်တိုင်းကိုငြိမ်းစောသော ယေရှူကို မျှော်ကြည့်တတ်ဖို့သာအရေးကြီးသည်။

ဒံယေလနှင့်အဖွဲ့ဟာ ခြင်္သေ့တွင်းထဲရောက်သွားကြသည့်တိုင် အထက်ကိုသာမျှော်ကြည့်တယ်။ ဘုရားရှင်ရဲ့မစခြင်းကိုခံစားကြရတယ်။ ဒံယေလတို့ကိုးကွယ်သောဘုရားဟာ ယနေ့သင်ကိုးကွယ်သော ဘုရားမဟုတ်လား။ ဒုက္ခဆင်းရဲခြင်းထဲက ကယ်မဖို့ရန် သူကိုယ်တိုင် ဒုက္ခဆင်းရဲခြင်းကို ခံယူ၍ ထိုဆင်းရဲခြင်းထဲက ထမြောက်အောင်မြင်သောအရှင်ဖြစ်တယ်။ ဒုက္ခထဲက ခေါ်ကြည့်ပါ။မျှော်ကြည့်ပါ။ သင့်ကိုကယ်မမည်ဖြစ်သည်။


၁ ငါး၏ဝမ်းထဲမှာနေစဉ်တွင်၊ ယောနသည် မိမိဘုရားသခင် ထာဝရဘုရားကို ဆုတောင်းသောစကား ဟူမူ ကား၊
၂ ငါသည် ဒုက္ခဆင်းရဲကိုခံရသောကြောင့်၊ ထာဝရဘုရားကို ဟစ်ခေါ်၍ ငါ့စကားကို ကြားတော်မူ၏။ မရဏာ နိုင်ငံ၏ဝမ်းထဲက ဟစ်ခေါ်သောစကားသံကို နားထောင်တော်မူ၏။

ယောန၊ ၂:၁-၂

Leave a Reply

Pastor Manar Chai


သင့်ဝိညာဉ် ကျန်းမာဖို့ နှုတ်ကပတ်တော်များများဖတ်ပါ။ သင့်ယုံကြည်ခြင်း ကြီးမားဖို့ နှုတ်ကပတ်တော်များများ နားထောင်ပါ။ သင့်ဝိညာဉ် ကြီးထွားရင့်ကျင့်လာဖို့ နှုတ်ကပတ်တော် ကိုနေ့စဉ်သင်ကြားခံယူပါ။


Let’s connect

အလိုအပ်ဆုံးအရာ

Discover more from mcministry

Subscribe now to keep reading and get access to the full archive.

Continue reading