Jobs 21:17
မတရားသောသူတို့၏ မီးခွက်သည် သေ၍၊ သူတို့ကို ဖျက်ဆီးခြင်းငှါ ဘုရားသခင်သည် အမျက်တော် ထွက်သဖြင့်”
_______________________
မကောင်းမှု့၊ မတရားမှု့ဆိုတာ အဆုံးသတ်မလှပါဘူး။ မဖြောင့်ဖြူးပါဘူး။ ခဏသာမျှ အဆင်ပြေဟန်ရှိကောင်းရှိနိုင်ပေမဲ့ ခြောက်ခန်းမှု့၊ စိုးရိမ်မှု့တွေ ပြည့်နှက်နေပါလိမ့်မယ်။
သမ္မာကျမ်းစာမှာ သူများ ဥယျဉ်ခြံကို မတရားလုယူခဲ့တဲ့ အာဟပ်ရှင်ဘုရင်နှင့်ခင်ပွန်းယေဇဗေလအကြောင်းကို (၃ရာ၂၁) တွင်ဖတ်ရသည်။နာဗုတ်စပျစ်ခြံကိုလိုချင်လို့မတရားကြံစည်ခဲ့ကြတယ်။မတရားသက်သေဖန်တီးခဲ့ကြတယ်။သူတို့ရဲ့ပက်စက်ယုတ်မာတဲ့အကြံစည်ကြောင့်အပြစ်မဲ့တဲ့နာဗုတ်အသတ်ခံရတယ်။ရှင်ဘုရင်ကဥယျဉ်ခြံကိုသိမ်းယူခဲ့တယ်။အဲ့ဒီအကြံဆိုးကိုယေဇဗေလကပေးခြင်းဖြစ်တယ်။ဒါပေမဲ့ကြည့်ပါ။သူတို့နှစ်ယောက်လုံးရဲ့အဆုံးသတ်ဟာမလှပဘူး။မရှုမလှဖြစ်ခဲ့ရတယ်။သူတို့ရဲ့ဆွေစဉ်မျိုးဆက်လည်းကျိန်ခြင်းခံရတယ်။
ဘုရားမရှိ၊တရားမရှိတဲ့သူတွေဟာမတရားမှု့ကို၊မကောင်းမှု့ကိုလုပ်ဖို့ဝန်မလေးတတ်ကြပါ။စိတ်ရှိတိုင်းလုပ်ဆောင်တတ်ကြတယ်။ဒါပေမဲ့မတရားမှု့တိုင်းရဲ့အဆုံးသတ်ဟာအင်မတန်မှအကျည်းတန်ပါတယ်။ဘုရားသခင်ကဒီအတိုင်းလွှတ်မထားဘူးဆိုတာတွေ့ရပါတယ်။
ဒါဝိဒ်က မကောင်းမှု့ကိုပြုပြီး ဖုံးဖိဖို့ကြိုးစားခဲ့တယ်။ သို့သော် ဖုံးကွယ်လို့မရပါ။ နှုတ်ကပတ်တော်က သင့်ရဲ့ဒုစရိုက်ကို နေရှေ့မှာ စပါးလှန်းသကဲ့သို့ ဖော်ထုတ်မယ်လို့ပြောပါတယ်။ ဒါကြောင့် မတရားသောသူတို့အတွက်ကြောင့်စိတ်မပျက်နဲ့လို့ ပြောခြင်းဖြစ်တယ်။ သူတို့ရဲ့အဆုံးသတ်သည်လာလိမ့်မည်။
အသက်တာတွင်မကောင်းမှု့များ၊မတရားမှု့များကိုဖယ်ရှား၊ရှောင်ရှား၍ဘုရားသခင်ရဲ့အလိုတော်ဘာလဲဆိုတာကိုသိနားလည်၍အသက်ရှင်ကြပါစို့။
အလွဲမယူကြနှင့်။ ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကို ခံတော်မမူ။ လူသည် မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကိုရိတ်ရလိမ့်မည်။-
ဂလာတိ၊ ၆း၇





Leave a Reply