ဆယ်ဖို့တစ်ဖို့ ပေးတယ်ဆိုတာ ကုန်သွားတာမဟုတ်ဘူး။ ပို၍တိုးပွားဖို့ဖြစ်တယ်။ ဘုရားစကားကို နာခံခြင်းဖြစ်တယ်။ အဦးသီးဟာလည်း ဘုရားသခင်ကပိုင်တာဖြစ်တယ်။ မပေးမဖြစ်ပေးရမှာ။ ဘုရားစကားဖြစ်တယ်။
@mcministry10
▶︎ ဘုရားနဲ့ဆိုင်တဲ့အရာကို ဘုရားစီမံတဲ့အတိုင်း ဘုရားပြောတဲ့အတိုင်း စီမံဆောင်ရွက်ခြင်းက အကောင်းဆုံးဖြစ်တယ်။ မင်္ဂလာရှိတယ်။ ဘုရားအလိုတော်ကို ဆောင်ခြင်းဖြစ်တယ်။ ဘုရားသဘောတော်အတိုင်း မလုပ်ဆောင်ခြင်းက ဘုရားစကားကို ငြင်းပယ်ခြင်းဖြစ်တယ်။ အဲ့ဒါဟာ နတ်ဆိုးဗေဒင်အတတ်ကို ပေါင်းဖော်ခြင်းကဲ့သို့ အပြစ်ရှိတယ်လို့ ( ၁ဓမ္မရာဇဝင် ၁၅း၂၃ ) မှာဖော်ပြထားပါတယ်။
▶︎ ဆယ်ဖို့တစ်ဖို့ဟာ ငါ့ဥစ္စာဖြစ်လို့ မာလခိ ၃ မှာပြောထားပြီး၊ အဦးသီးဟာလည်း သူပိုင်ကြောင်းအတိအလင်းဖော်ပြရေးသားထားတယ်။ ဒါကြောင့် ဆယ်ဖို့တစ်ဖို့နှင့်အဦးသီးကို ဗိမာန်တော်ကိုသာ ယူဆောင်လာရမှာဖြစ်ကြောင်း နေဟမိမှတ်စာမှာရော၊ မာလခိမှာရော သတိပေးထားတယ်။ ဘယ်နေရာကိုမှ ယူသွားလို့မရပါဘူး။ အဓိပ္ပါယ်က ကိုယ်ကြိုက်တဲ့နေရာ ပေးလို့မရသလို ကိုယ်တိုင်ကစီမံ ခန့်ခွဲလို့မရဘူး။
▶︎ ဆယ်ဖို့တစ်ဖို့နဲ့ပတ်သက်တဲ့အခါ နှုတ်ကပတ်တော်သုံးဆောင်ရာ ဗိမာန်တော်ကို ယူဆောင်ဖို့ဖြစ်တယ်။ အဦးသီးနဲ့ဆိုင်လာတဲ့အခါ ယဇ်ပရောဟိတ် ( သင်းအုပ်) တွေဆီကိုယူဆောင်သွားနိုင်ကြောင်း ဖော်ပြထားတယ်။ ဤသို့ပြောရခြင်းမှာ ဘုရားသဘောတော်ကို နားထောင်ခြင်းအပေါ် ဘုရားသခင်ရဲ့ ကြွယ်၀စွာသော ကောင်းကြီးသွန်းလောင်းရန် ရည်ရွယ်ထားတာဖြစ်တယ်။
▶︎ ယနေ့ ယုံကြည်သူအချို့က ဆယ်ဖို့တစ်ဖို့တော့ပေးတယ်၊ အဦးသီးတွေကိုပေးကြတယ်။ ဒါပေမဲ့ ဘုရားသဘောတော်အတိုင်းမပေးဘဲ မိမိသဘောနဲ့စီမံခန့်ခွဲနေကြတာက ဝမ်းနည်းစရာပါ။ ဒါကြောင့် ပေးသော်လည်း ပေးတိုင်းပြန်မရတာ ပေးတယ်လို့ခေါ်မလား။ ကောင်းကြီးဖြစ်သင့်သလောက်မဖြစ်ဘူး။ ဘုရားသဘောတော်အတိုင်း ကျေးဇူးတော်ကိုချီးမွမ်းသောနှလုံးသားနဲ့ ဘုရားရှင်ကို ချစ်သောနှလုံးသားနဲ့ ပေးခြင်းကသာ ကောင်းကင်ပြူတင်းတံခါးများကို ပွင့်လာစေမှာဖြစ်တယ်။
▶︎ ဆယ်ဖို့တစ်ဖို့ကို ဗိမာန်တော်ကို ယူဆောင်သွားပါ။ မိမိပါဝင်နေတဲ့ အသင်းတော်ကိုသာ ယူသွားပါ။ ဟိုပို့ဒီပို့မလုပ်ပါနဲ့။ ဆင်းရဲသား၊ ကျမ်းစာကျောင်းသားတွေဆီလည်းမပို့ပါနဲ့။ လက်ရှိဘုရားကျောင်းတက်နေတဲ့နေရာကိုသာယူသွားပါ။ သင်ကောင်းမယ်ထင်တဲ့အတိုင်းမလုပ်ပါနဲ့။ လူထင်တဲ့အတိုင်းမှန်သော လက္ခဏာရှိပေမဲ့ အဆုံးမကောင်းဘူး။
▶︎ အဦးသီးနဲ့ပတ်သက်လာရင်လည်း သတိပြုပါ။ အချို့က အဦးသီးပေးဖို့မေ့နေကြတယ်။ ကျမ်းစာမှာပြောထားပြီးဖြစ်တယ်။ နှုတ်ကပတ်တော်ဟာ ဘုရားစကားပါလို့ သင်ယုံတယ်ဆိုရင် ထိုအတိုင်းလုပ်ပါ။ အမှန်တကယ်ကောင်းကြီးရှိတယ်။ အဦးသီးပေးတဲ့အခါမှာလည်း ဗိမာန်တော်ကို ယူသွားလို့ရသလို သင့်ရဲ့သင်းအုပ်ဆရာကိုလည်း ပေးလို့ရပါတယ်။
ဆယ်ဖို့တစ်ဖို့နှင့် အဦးသီးဟာ ဘုရားဥစ္စာဖြစ်ကြောင်း သိမှတ်ပြီး ဘုရားသဘောတော်အတိုင်း လုပ်ဆောင်ကြပါစို့လို့ မေတ္တာနဲ့အသိပေးတိုက်တွန်း နှိုးဆော်လို့က်ရပါတယ်။ အယောက်တိုင်းကို ဘုရားရှင်ကောင်းကြီးပေးပါစေ။
@mcministry10
◼️ဆယ်ဖို့တစ်ဖို့ဆိုတာ ဘုရားသခင်ထံ သွယ်တန်းထားသော ကောင်းကြီးမင်္ဂလာ သွန်းလောင်းရာ ပြူတင်းတံခါးဖြစ်တယ်။ ပိတ်ထားရင် ဝင်မလာဘူး။
ဆယ်ဖို့တစ်ဖို့ပေးတယ် ဆိုတာ ဘုရားသခင်ကို မမေ့လျော့ခြင်း၊ ဘုရားသခင်ကိုသာ အရှင်သခင်အဖြစ်ကိုးစားခြင်းရဲ့ သက်သေဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ ကျေးဇူးကိုသိတတ်ခြင်း၊ကျေးဇူးတင်ခြင်းဖြစ်တယ်။
◼️ ဆယ်ဖို့တစ်ဖို့ကို ဗိမာန်တော်သို့ ယူဆောင်လာခြင်းဟာ ဘုရားသခင်ရဲ့ စကားကိုနာခံလိုက်လျှောက်ခြင်းဖြစ်လို့ ကောင်းကြီးဖြစ်တယ်။ သစ္စာနဲ့ပုံမှန်ပေးပါ။ သာဓုသစ္စာရှိသော ငယ်သားကောင်းကို ဆတိုးပေးသောဘုရားဖြစ်တယ်။ နေရာမှန်ကိုပို့ပါ။ သင့်ကိုဆုတောင်းပေးသောအသင်းတော်၊ ကျမ်းစာသင်ကြားပေးသော အသင်းတော်ကိုပေးပါ။ ကောင်းသောမြေမှာ မစိုက်ပျိုးတတ်ရင်လည်း ပိုးစား၍ ကုန်တတ်ပါတယ်။
◼️ ဆယ်ဖို့တစ်ဖို့ပေးခြင်းရဲ့ ကောင်းကြီးမင်္ဂလာဟာ သိပ်ကိုကြီးမားလွန်းပါတယ်။ မနက်ဖြန်အဖို့မစိုးရိမ်ဖို့ပြောခြင်းဟာ ဤပြူတင်းပေါက်ကို ဖွင့်ထားသောသူများအတွက် ပိုမှန်ပါတယ်။
◼️ ဆယ်ဖို့တစ်ဖို့ကို ပေးလိုက်မပေးလိုက် လုပ်ခြင်းဟာ သစ္စာပျက်ခြင်းဖြစ်ပါတယ်။ လုံး၀ မပေးခြင်းကတော့ သစ္စာမဲ့ခြင်းဖြစ်ပါတယ်။ ကောင်းကြီးမင်္ဂလာ သွန်းလောင်းရာ ပြူတင်းတံခါးများကို ပိတ်ထားခြင်းနှင့်တူပါတယ်။ မျိုးစေ့ကိုမစိုက်ပဲ စားပစ်ခြင်းနှင့်တူပါတယ်။ ဆယ်ဖို့တစ်ဖို့ကို ကိုယ့်သဘောနှင့် စီမံခန့်ခွဲခြင်းကတော့ ဘုရားသခင်ကို ဆရာလုပ်ခြင်းနှင့်တူသလို နှုတ်ကပတ်တော်ရဲ့ သွန်သင်ချက်ကို နာမခံခြင်းဖြစ်ပါတယ်။
◼️ ဆယ်ဖို့တစ်ဖို့ကို သစ္စာနှင့်ပုံမှန်ပေးခြင်းအပြင် ပူဇော်သက္ကာတည်းဟူသော စေတနာစိတ်နှင့် ပေးကမ်းလှုဒါန်းစွန့်ကြဲတတ်သောသူဖြစ်မယ်ဆိုရင် ကြွယ်၀သောကောင်းကြီး၊ လျှံထွက်သော ကောင်းကြီး၊ နေ့စဉ်လိုသမျှ ပူစရာမရှိ၊ ရရှိမှာအမှန်ပဲဖြစ်ပါတယ်။
ရွှေနှင့်ငွေကို ပိုင်တဲ့ဘုရားက သင့်ရဲ့ငွေကိုလိုချင်တာမဟုတ်ဘူး။ သင့်ရဲ့ ကိုးစားခြင်း၊ သင့်ရဲ့ယုံကြည်ခြင်း၊ သင့်ရဲ့ သစ္စာရှိခြင်း၊ သင့်ရဲ့ နာခံခြင်း၊ သင့်ရဲ့စေတနာစိတ်နဲ့ ပြုခြင်းကိုမြင်လိုခြင်းဖြစ်ပါတယ်။ သင့်ရဲ့ကျေးဇူးသိတတ်ခြင်းဖြစ်တယ်။အထူးသဖြင့် ကောင်းကြီးပေးလို၍ဖြစ်တယ်။
◼️ မပေးဖြစ်သေးဘူး။ မမှန်သေးဘူးဆိုရင် မြည်းကြည့်ပါ။ ကောင်းကြီးလိုချင်တဲ့စိတ်မျိုးထက် နာခံခြင်းနှင့်စေတနာစိတ်ထက်သန်စွာ ကိုးကွယ်ထိုက်သောအရှင်ဖြစ်ကြောင်းသိမှတ်၍ပေးပါ။ သာ၍မင်္ဂလာရှိကြောင်း အားပေးတိုက်တွန်းလိုက်ရပါတယ်။
Pastor Manar Chai
Chicago, Illinois.
- Audio | အသံဖိုင်ဝေငှချက်များ
- ကယ်တင်ခြင်း
- ကျမ်းစာလေ့လာမယ်။
- ခရစ်ယာန်အိမ်ထောင်
- ဓမ္မသီချင်းများ
- ဝိညာဉ်ခွန်အား အတွက် သတင်းများ လိုအပ်ပါသလား?
- ဝိညာဉ်အဟာရ
- သက်သေခံချက်ပေးပို့ပါ
- Bible Study
- Categories
- Give
- Ministers















Leave a Reply