ဝိညာဉ်ကျန်းမာဖို့ နှုတ်ကပတ်တော်များများဖတ်ပါ။

မတုန်လှုပ်ဘူး၊ ဘုရားကိုပဲအပ်တယ်။

ကဲ့ရဲ့ရှုတ်ချခြင်းအတွက် မတုန်လှုပ်ပါနဲ့။ မင်းမှားရင်တော့ပြင်ပါ။ မမှားရင် ကဲ့ရဲ့ရှုတ်ချသူကို တုန့်ပြန်မနေနဲ့။ ဘုရားလက်ထဲအပ်လိုက်ပါ။

@mcministry10

လူတွေက ကဲ့ရဲ့ဝေဖန်ပြစ်တင် ရှူတ်ချနေလို့ အသားပဲ့မသွားသလို ဘာမှမဖြစ်ဘူး။ ဘုရားကိုအပ်နှံထားလိုက်တယ်။ ဘုရားကိုပိုကြည့်တယ်။ ဒီလိုအရာတွေကြုံတွေ့လာရတဲ့အခါ ပထမဦးဆုံးမိမိကိုယ်မိမိပြန်စစ်တယ်။ ငါတကယ် သူတို့ပြောတဲ့အတိုင်း ဖြစ်နေပြီလား။ ဖြစ်နေသလား။ ဟုတ်ရင် ပြင်ဖို့၊ မှားရင်ပြင်ဖို့ဝန်မလေးဘူး။ မမှန်မကန်မှု့တွေအတွက် ကိုယ်တိုင်ဖြေရှင်းမနေတော့ဘူး။ ဘုရားလက်ထဲကိုပဲ အပ်ထားလိုက်တယ်။ ဘုရားသခင်ပဲ တရားမျှတတယ်။ သူစီရင်သွားပါလိမ့်မယ်။  ဘုရားကနှိမ့်ချပြီဆိုရင်တော့ သိပ်ကိုခက်ပါတယ်။

ဒါဝိဒ်ကို ရှောလုက မနာလိုလို့ သတ်ဖို့ကြိုးစားခဲ့တယ်။ ဒါဝိဒ်က အကောင်းဘယ်လောက်ပဲလုပ်ပေးနေပေမဲ့ အကောင်းမမြင်ဘူး။ အကောင်းမမြင်တတ်တဲ့စိတ်ဟာ တစ်ကိုယ်ကောင်းသမားတွေနဲ့ ပညာအားနည်းသူ၊ စိတ်နှလုံးကျဉ်းမြောင်းသူမှာပဲ ရှိတာများ။ ရှောလုက ဒါဝိဒ်ကို အကြိမ်ကြိမ် သတ်ဖို့ကြိုးစားတယ်။ ကြိုးစားလေ သူဟာမောပမ်းလေ၊ ရှုံးနိမ့်လေပါပဲ။ 

ဒါဝိဒ်က ဘယ်တော့မှမတုန့်ပြန်တဲ့အပြင် တောကျော်တောင်ကြား၊ လျှိုမြောင်ချိုင့်ဝှမ်းတွေကြားပြေးလွှားတိမ်းရှောင်နေခဲ့ရတယ်။ သူဘာမှမဖြစ်ဘူး။ တုန့်ပြန်ခွင့်ရသော်လည်း ဒါဝိဒ်ကဘုရားကိုပဲအပ်တယ်၊ ဘုရားကိုပဲကြည့်တယ်။ အဲ့ဒါ ခြိမ်းခြောက်တာမဟုတ်ဘူး။ သက်သေတည်ဖို့ပြောတာဖြစ်တယ်။ ဘုရားချီးမြှောက်တဲ့နေ့မှာ  နန်းတော်ရောက်လာခဲ့တယ်။

ရှောလုဟာ နန်းတော်မှာနေရသော်လည်း ဒါဝိဒ်ကို ရှုတ်ချအပြစ်ရှာခဲ့တယ်။ ဘုရားသခင်နှိမ့်ချလိုက်ချိန်မှာတော့ ဆွေစဉ်မျိုးဆက်တိုင် နိမ့်ကျသွားခဲ့ရပါတယ်။

ဒါကြောင့် မမှန်မကန်တဲ့ စွပ်စွဲကဲ့ရဲ့ခြင်းတွေ ခံလာရတဲ့အခါ ဘုရားနဲ့သွား၊ဘုရားကိုသာအပ်နှံပါ။ ယနေ့သင့်ကို လူတွေက ဆွဲချဖို့ အကွက်ဆင်ကြိုးစားနေရင်တောင် တုန်လှူပ်စရာမရှိဘူး။နှုတ်ကပတ်တော်ကဘုရားသခင်ဟာငါတို့ဖက်မှာနေရင်ငါတို့ရဲ့တစ်ခြားတစ်ဖက်မှာဘယ်သူမှနေလို့မရဘူးလို့ပြောတယ်။သင်နှင့်အတူဘုရားသခင်အတူရှိဖို့မှန်ကန်စွာလုပ်ဆောင်ပါ။အသက်ရှင်ပါ။အမှားရှိရင်ပြင်ပါ။ဝန်ခံပါ။အမှု့ကိစ္စကြုံလာရတိုင်းဘုရားကိုသာအပ်ပါ။ 

လူတွေက ဆွဲချပေမဲ့ ဘုရားကဆုပ်ကိုင်ထားရင် ဘယ်တော့မှမကျဘူး။ လူတွေက မြှောက်စားပေမဲ့ ဘုရားကဆွဲချပြီဆိုရင် အနိမ့်ဆုံးရောက်သွားလိမ့်မယ်။ဘုရားကိုသာမျှော်ကြည့်ပါ။ကဲ့ရဲံ့ရှုတ်ချခြင်းခံလာရရင်ဘုရားဖက်လှည့်ဖို့အားပေးချင်တယ်။တန်ခိုးကြီးသောဘုရားလက်တော်အောက်မှာခိုလှုံရခြင်းကရန်သူလဲကျစရာအကြောင်းဖြစ်ပါတယ်။ဒါဝိဒ်ရဲ့တစ်ဖက်မှာအော်ကြီးဟစ်ကျယ်ကြွေးကြော်ခဲ့တဲ့သူသူ့ရှေ့မှာပဲလဲကျဆုံးရှုံးသွားခဲ့တယ်မဟုတ်လား။ 

မှားရင်ပြင်၊မှန်ရင်ဆက်သွားသစ္စာနဲ့ပြုပါ။ဘုရားသခင်ကိုအပ်နှံထား။ 



Leave a Reply

Pastor Manar Chai


သင့်ဝိညာဉ် ကျန်းမာဖို့ နှုတ်ကပတ်တော်များများဖတ်ပါ။ သင့်ယုံကြည်ခြင်း ကြီးမားဖို့ နှုတ်ကပတ်တော်များများ နားထောင်ပါ။ သင့်ဝိညာဉ် ကြီးထွားရင့်ကျင့်လာဖို့ နှုတ်ကပတ်တော် ကိုနေ့စဉ်သင်ကြားခံယူပါ။


Let’s connect

အလိုအပ်ဆုံးအရာ

Discover more from mcministry

Subscribe now to keep reading and get access to the full archive.

Continue reading