God wants you to care for the church
ဘုရားသခင်က သင့်အား အသင်းတော်ကို ဂရုစိုက်စေလိုသည်
အသင်းတော်ဆိုတာ ခရစ်တော်၏ ကိုယ်ခန္ဓာတော်ဖြစ်တယ်။ ခရစ်တော်သည်အသင်းတော် ဦးခေါင်းဖြစ်တယ်။
- ယုံကြည်သူအားလုံးဟာ ကိုယ်အင်္ဂါအသီးသီးဖြစ်ကြတယ်။
- ဘုရားသခင်၏ မိသားစုဝင်တွေဖြစ်ကြတယ်။ . . . . . မိသားစုထဲတွင် ညီကိုမောင်နှမတွေက တစ်ဦးကို တစ်ဦးဂရုစိုက်ကြသလိုမျိုး ဂရုစိုက်ကြဖိုဖို့ …
- Unity in the family of God
ဘုရားသခင်၏ မိသားစုထဲ၌ စည်းလုံးညီညွတ်မှူ့ရှိခြင်း
ခရစ်တော်က ကားတိုင်ပေါ် မတက်ခင် ဆုတောင်းသည်မှာ …..
ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ် တော်မူသည်ကို လောကီသားတို့သည် ယုံကြမည်အကြောင်း၊ ထိုသူအပေါင်းတို့သည် တလုံးတဝတည်း ဖြစ်လျက်၊ အဘ၊ ကိုယ်တော်သည် အကျွန်ုပ်၌ရှိတော်မူ၍ အကျွန်ုပ်သည်လည်း ကိုယ်တော်၌ရှိသကဲ့သို့၊ ထိုသူအပေါင်းတို့သည် ငါတို့၌ တလုံးတဝတည်းဖြစ်စေခြင်းငှါ ဆုတောင်းပါ၏။
ယော၊ ၁ရး၂၁
စည်းလုံးခြင်းဟာ အသင်းတော် တိုးတက်ဖို့ အောင်မြင်ဖို့ အင်မတန်မှအရေးကြီးပါတယ်။ တစ်ခါတစ်ရံ ကိုယ်ခန္ဓာထဲမှာလည်း မစည်းလုံးမိတာတွေ ပြတ်လပ်နေတာတွေရှိတတ်ပါတယ်။ ထိုအခါမျိုးမှာ ဆိုရင် နာကြင်မှူ့ခံစားလာရတတ်ပါတယ်။ ရောဂါဖြစ်လာပြီး ကင်ဆာဖြစ်လာရင် လူကိုသေစေနိုင်တာဖြစ်ပါတယ်။ ထိုနည်းတူ အသင်းတော်ကို သတ်ပစ်လာနိုင်ပါတယ်။
ထိုသို့ စည်းလုံးခြင်းဖြစ်နိုင်ဖို့ရန် သိခြင်း တတ်ခြင်း၊ ဥစ္စာရှိခြင်း၊ ဆင်းရဲခြင်း၊ ပညာတတ်ခြင်း မတတ်ခြင်းပေါ်မှာ မမူတည်ပါ။ ချစ်ခြင်းမေတ္တာပေါ်မှာသာ အခြေခံသည်ဟု ပေါလုကထောက်ပါသည်။
၁ကော၊ ၁၃
ဖတ်ရှူ ရှင်းလင်းရန်
ရှင်ယာကုပ်ကလည်း မစည်းလုံးခြင်းရဲ့ပြသနာကိုတွေ့ထားပြီး ဒီလိုတင်ပြဆိုထားပါတယ်။
ယာ၊ ၂း၈-၉
၈ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟု ကျမ်းစာ၌ပါသော ရွှေပညတ်တော်ကို သင်တို့သည် စောင့်ရှောက်လျှင်၊ ကောင်းသောအကျင့်ကိုကျင့်ရာသို့ရောက်ကြ၏။
၉ သို့မဟုတ် လူမျက်နှာကို ထောက်လျှင်၊ ဒုစရိုက် ကိုပြုသောသူဖြစ်ကြ၏။ တရားကိုလွန်ကျူးသောသူဟု ပညတ်တော်အားဖြင့် ထင်ရှားစွာဖြစ်ကြ၏။
ပေါလုက …….. ၁ကော၊ ၃း၁၈
၁၈ အဘယ်သူမျှ ကိုယ်ကိုမလှည့်ဖြားစေနှင့်။ သင်တို့တွင် အကြင်သူသည် ဤလောက၌ ပညာရှိဖြစ်သည်ဟု ကိုယ်ကိုထင်၏၊ ထိုသူသည် ပညာရှိအဖြစ်သို့ ရောက်လို သောငှါ လူမိုက်ဖြစ်ပါစေ။
ယေရှူက . . . . မဿဲ၊ ၂၀း၂၅-၂၇
ယရှုသည် ထိုသူတို့ကိုခေါ်တော်မူ၍၊ သင်တို့သိသည်အတိုင်း လောကီမင်းတို့သည် အစိုးတရပြုတတ် ကြ၏။
၂၆ အကဲအမှူးတို့သည် အာဏာထားတတ်ကြ၏။
၂၇ သင်တို့အမှုကား ထိုသို့မပြုကြနှင့်။
ဤဝါကြွားခြင်း၊ထောင်လွှားခြင်း မာန်မာနသည် တစ်ဦးနှင့်တစ်ဦး စည်းလုံးခြင်းကိုပျက်စီးစေတတ်သောကြောင့် သတိပြုရပါမည်။
ဧဖက်၊ ၂း၉
ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာအခွင့်မရှိ။
နောက်ဆုံးဖတ်ရန် . . . ဧဖက် ၂း၁-၅
၁-၂ သင်တို့သည် အထက်က လောကီတရားသို့လိုက်၍ အာကာသကောင်းကင်၏ တန်ခိုးကိုအစိုးရသော မင်းတည်းဟူသော ငြင်းဆန်သောသူတို့၌ ပြုပြင်သောဝိညာဉ်၏ အလိုနှင့်အညီ၊ ဒုစရိုက်အပြစ်တို့၌ ကျင်လည် ကြ၍၊ ထိုဒုစရိုက်အပြစ်၌ သေလျက်ရှိနေသော သင်တို့ကိုပင် ဘုရားသခင်သည် အသက်ရှင်စေတော်မူပြီ။
၃ ထိုငြင်းဆန် သောသူတို့နှင့်တကွ၊ ငါတို့ရှိသမျှသည် အထက်ကကိုယ်ကာယ၏ အလိုသို့၎င်း၊ စိတ်၏အလိုသို့၎င်း၊ လိုက်သဖြင့်၊ ကာမဂုဏ်တို့၌ ကျင်လည်သည်ဖြစ်၍၊ ကြွင်းသောသူတို့ကဲ့သို့ပင် ပကတိအတိုင်း အမျက်တော်ကို ခံရသောသူ ဖြစ်ကြ၏။
၄ သို့သော်လည်း ကရုဏာတော်နှင့် ကြွယ်ဝတော်မူသော ဘုရားသခင်သည် ငါတို့ကို ချစ်တော်မူသော မဟာမေတ္တာတော်အားဖြင့်၊
၅ ဒုစရိုက်အပြစ်၌ သေလျက်ရှိနေသော ငါတို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေ တော်မူပြီ။ ကျေးဇူးတော်ကြောင့်သာ ကယ်တင်ခြင်းသို့ ရောက်ရ၏။



