service in the family of God
ဘုရားသခင်၏ မိသားစုအတွက် ဝန်ဆောင်မှူ့
ဘုရားသခင်မိသားစုဝင်ဖြစ်ပြီးသည့်အခါ သဟာဇတ ဖြစ်အောင် ရောနှောပြီး ဝတ်ပြုကိုးကွယ်ခြင်း၊ အလုပ်လုပ်ရုံနှင့် မပြီးသေးပါဘူး။
ဟန်ဆောင်မှူ့ကင်းတဲ့ အမှန်ချစ်သောစိတ် ဖြစ်ဖို့အရေးကြီးပါတယ်။ လက်တွေ့ လုပ်ဆောင်လျက် ဝန်ဆောင်ဖို့လိုတယ်။
ရော၊ ၁၂း၉-၁၁
၉ မေတ္တာစိတ်သည် လျှို့ဝှက်ခြင်းနှင့်ကင်းစေလော့။ ဆိုးညစ်သောအမှုကို စက်ဆုပ်ရွံရှာကြလော့။ ကောင်းမွန်သောအမှု၌ မှီဝဲဆည်းကပ်ကြလော့။
၁၀ ညီအစ်ကိုချစ်ခြင်းအရာမှာ၊ ပကတိပေါက်ဘော်ကဲ့သို့ တယောက် ကိုတယောက်စုံမက်ကြလော့။ ချီးမွမ်းခြင်းအရာမှာ၊ သူတပါးကို ကိုယ်ထက်မြှောက်ကြလော့။
၁၁ အားထုတ်ခြင်း အရာမှာ ပျင်းရိခြင်းမရှိဘဲလျက်၊ စိတ်တန်းသဖြင့် သခင်ဘုရား၏ အလိုတော်သို့လိုက်၍ အားထုတ်ကြလော့။
Respect
လေးစားသမှူ့ပြုတတ်ခြင်း
၁တိ၊ ၅း၁-၂
၁ အသက်ကြီးသောသူကို ကျပ်တည်းစွာမဆုံးမနှင့်။ အဘကဲ့သို့မှတ်၍ တောင်းပန်လော့။ လူပျိုတို့ကို ညီအစ်ကိုကဲ့သို့၎င်း၊
၂ အသက်ကြီးသောမိန်းမတို့ကို အမိကဲ့သို့၎င်း၊ မိန်းမပျိုတို့ကို အလွန်စင်ကြယ်သော အချင်း အရာနှင့်တကွ၊ နှမကဲ့သို့၎င်း မှတ်၍ကျင့်လော့။
….. ၁တ၊ ၄း၁၂ . . . . ၂ သင်၏အရွယ်နုပျိုသည်ကို အဘယ်သူမျှမထီမဲ့မြင် မပြုစေနှင့်။ စကားပြောခြင်း၊ ကျင့်ကြံပြုမူခြင်း၊ သူတပါးကို ချစ်ခြင်း၊ ဝိညာဉ်သဘောရှိခြင်း၊ သစ္စာစောင့်ခြင်း၊ စင်ကြယ်ခြင်းအရာမှာ၊ ယုံကြည်သောသူတို့အား ပုံသက်သေကို ပြလော့။
ကူညီပံ့ပိုးပေးတတ်သောသူဖြစ်ရမည်။ ကောင်းသောအကျင့်ကိုကျင့်သောသူဖြစ်ရန်
ဂလာတိ၊ ၆း၉-၁၀
ငါတို့သည် အားမလျော့၊ စိတ်မပျက်ဘဲကောင်းသော အကျင့်ကို ကျင့်ကြကုန်အံ့။ ထိုသို့တည် ကြည်၍ ကျင့်လျှင် အချိန်တန်သောကာလ၌ အသီးအနှံကို ရိတ်ရကြလိမ့်မည်။
၁၀ ထိုကြောင့် ငါတို့သည် အဆင်သင့် သည်အတိုင်းယုံကြည်ခြင်း၏ အိမ်သူအိမ်သားတို့၌ အထူးသဖြင့် ကျေးဇူးပြုလျက်၊ ခပ်သိမ်းသောသူတို့အားကျေးဇူး ပြုကြကုန်အံ့။
၁ကော၊ ၁၀း၂၄
ကိုယ်အကျိုးကို အဘယ်သူမျှမရှာစေနှင့်။ သူ့အကျိုးကို လူတိုင်းရှာစေ။
ရောမ၊ ၁၅း၁-၂
သို့ဖြစ်၍၊ အားရှိသောငါတို့သည် ကိုယ်အလိုသို့မလိုက်၊ အားနည်းသောသူတို့၏ အားနည်းခြင်းကို သည်းခံ ရကြမည်။
၂ ထိုသို့ ငါတို့ရှိသမျှသည် ကိုယ်နှင့်စပ်ဆိုင်သောသူ၏ အကျိုးကိုထောက်၍၊ သူ့ကိုတည် ဆောက်စေခြင်းငှါ သူ၏အလိုသို့ လိုက်ကြကုန်အံ့။
ရော၊ ၁၅း၅-၇
သင်တို့သည် ငါတို့သခင် ယေရှုခရစ်၏ ခမည်းတော်တည်းဟူသော ဘုရားသခင်ကို တညီတညွတ်တည်း နှုတ်မြွက်၍ ချီးမွမ်းစေခြင်းငှါ၊
၆ ယေရှုခရစ်၏ အလိုတော်အတိုင်း အချင်းချင်း စိတ်တညီတညွတ်တည်း ရှိကြမည် အကြောင်း၊ သည်းခံခြင်း၊ သက်သာခြင်း ၏ အရှင်၊ ဘုရားသခင်သည် ကယ်မသနားတော်မူပါစေသော။
၇ ခရစ်တော်သည် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေလျက်၊ သင်တို့ကို လက်ခံတော်မူသည် နည်းတူ၊ သင်တို့သည် တယောက် ကိုတယောက် လက်ခံ ကြလော့။
ပျူငှါစွာဧည့်သည်ဝတ်ပြုတတ်ခြင်း၊ တစ်ဦးကိုတစ်ဦးလက်ခံတတ်ဖို့
ဟေဗြဲ၊ ၁၃း၁-၃
၁ ညီအစ်ကိုခြင်း ချစ်ခြင်းမေတ္တာ၌ တည်ကြလော့။ ဧည့်သည်ဝတ်ပြုခြင်းအမှုကို မမေ့မလျော့ကြနှင့်။
၂ အချို့သောသူတို့သည် ဧည့်သည်ဝတ်ကို ပြုသည်တွင်၊ ကောင်းကင်တမန်တို့ကို အမှတ်တမဲ့ဧည့်ခံကြပြီ။
၃ အကျဉ်း ခံရသောသူတို့နှင့်အတူ ကိုယ်ခံရသကဲ့သို့ မှတ်၍၊ သူတို့ကို အောက်မေ့ကြလော့။ သင်တို့သည် ကိုယ်ခန္ဓွာနှင့် မကင်းမလွတ်သောသူဖြစ်၍၊ ညှဉ်းဆဲခံရသောသူတို့ကို အောက်မေ့ကြလော့။
မဿဲ၊ ၅း၄၀
မင်းကြီးက၊ ငါအမှန်ဆို သည်ကား၊ သင်တို့သည် ဤသူတည်းဟူသော ငါ့ညီတို့တွင် အငယ်ဆုံးသောသူတယောက်အား ပြုကြသမျှတို့ကို ငါ့အားပြုကြပြီဟု ပြန်၍ မိန့်တော်မူလတံ့။
ယာ၊ ၁း၂၇
ခမည်းတော်ဘုရားသခင့်ေ့ရှ၌ စင်ကြယ်သန့်ရှင်းသော သီလဟူမူကား၊ မိဘမရှိသောသူငယ်တို့နှင့် မုတ်ဆိုးမတို့သည် ဆင်းရဲခံရသောအခါ၊ သူတို့ကိုကြည့်ရှုပြုစုခြင်း၊ ကိုယ်တိုင်လည်းလောကီအညစ်အကြေးနှင့် ကင်းစင်အံ့သောငှါ စောင့်ရှောက်ခြင်း ပေတည်း။
တ၊ ၄း၃၂
ယုံကြည်သောသူအပေါင်းတို့သည် စိတ်နှလုံးတညီတညွတ်တည်း ရှိကြ၍၊ အဘယ်သူမျှ မိမိဥစ္စာ တစုံတခုကို ငါ့ဥစ္စာဟု၍မဆိုဘဲလျက်၊ ရှိသမျှသောဥစ္စာတို့ကို ဆက်ဆံသဖြင့် သုံးဆောင်ကြ၏။
Stewardship In The Family Of God



