Bible Study

ဗတ္တိဇံမင်္ဂလာဆိုတာ

မဿဲ၊ ၃:၁၁-၁၂
၁ကော၊ ၁၂:၁၃

ခရစ်တော်မရပဲလုပ်တာ ဘုရားရှေ့မှာအကြုံးမဝင်ပါ—-

ဗတ္တိဇံမင်္ဂလာဟုပြောသောကြောင့် မင်္ဂလာတစ်ပါးဖြစ်ပါသည်။သို့သော် ဘိသိဒ်ယူခြင်း၊ခံခြင်းတော့မဟုတ်ပါ။

  • [ရေချိုးခြင်းမဟုတ်ပါ။ ဘာသာရေးရဲ့စေခိုင်းချက်လည်းမဟုတ်ခဲ့ပါ

မဿဲ၊ ၂၈း၁၉

သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ် တော်၏ နာမ၌ ဗတ္တိဇံ ကိုပေးကြလော့။

ခရစ်တော်၏စေခိုင်းချက်ဖြစ်ပါသည်။

  • [ ] ခရစ်တော်ကိုယ်တိုင်က ဗတ္တိဇံခံယူခြင်းသည် နာခံခြင်းဖြစ်သည်။ဘုရားသခင်၏ စကားကို နားထောင်ခြင်းဖြစ်ပါသည်။

မဿဲ ၃:၁၅

ယေရှုကလည်းအလုံးစုံသော တရားတို့ကို အကုန်အစင်ကျင့်သင့်သည်ဖြစ်၍ ၊ ယခုအခွင့်ပေးပါဟု ပြန်ပြောတော်မူ၏။ ထိုအခါယောဟန်သည်ဝန်ခံလေ၏။ :

  • မည်သူက ရေနှစ်ခြင်းခံရမလဲ …

တ၊ ၂:၄၁-၄၂ – Acts

၄၁ ထိုစကားကို အသင့်နှလုံးသွင်းမိသောသူတို့သည် ဗတ္တိဇံ ကိုခံ၍ ၊ ထိုနေ့၌ အရေအတွက်အားဖြင့် သုံးထောင်မျှလောက်သော သူတို့သည်ဝင်ကြ၏။
၄၂ ထိုသူများသည် တမန်တော်တို့၏ ဆုံးမသြဝါဒကို ခံခြင်း၊ အပေါင်းအသင်းဖွဲ့ခြင်း၊ မုန့်ကိုဖဲ့ခြင်း၊ ပဌနာပြုခြင်း တို့ကို အမြဲဆောင်ရွက်၍ နေကြ၏၊

ထိုစကားကိုအသင့်နှလုံးသွင်းမိသောသူ —— ဧဝံဂေလိစကားကိုကြား၍ ယုံကြည်လက်ခံသောသူ

သခင်ယေရှူခရစ်တော်သည်လည်း နှစ်ခြင်းခံယူပါသည်။ ဘုရားသားဖြစ်ဖို့မဟုတ်ပါ။ ဘုရားသားဖြစ်လို့ အဖစကားကို နာခံသောအားဖြင့် လုပ်ဆောင်ခြင်းဖြစ်ပါသည်။

ရေပေါ်ပေါ်ထစဉ် ကောင်းကင်ကအသံ ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သားပေတည်း ဟု ကောင်းကင်ကအသံတော် . . … စကားနားထောင်သောသားဖြစ်သောကြောင့် နှစ်သက်တယ်။ မြတ်နိုးတယ်။

ဘုရားသားဖြစ်ပြီးမှ နှစ်ခြင်းခံနေရခြင်းဖြစ်ပါသည်။

  • [ဗတ္တိဇံခံခြင်း၏ အဓိပ္ဗါယ်. The definitions of the baptism

ရောမ ၆:၃-၆ Romans

၃ ယေရှုခရစ်၌ ဗတ္တိဇံ ကိုခံသောသူရှိသမျှတို့သည် အသေခံတော်မူခြင်း ၌ ဗတ္တိဇံကို ခံကြသည်ဟု သင်တို့ မသိသလော။
၄ ထိုကြောင့်၊ အသေခံတော်မူခြင်း ၌ ဗတ္တိဇံကိုခံသော အားဖြင့်၊ ထိုသခင်နှင့် အတူသြင်္ဂိုဟ်ခြင်း ကိုခံကြ၏။ အကြောင်းမူကား၊ ခရစ်တော်သည် ခမည်းတော်၏ ဘုန်းတန်ခိုးအားဖြင့် သေခြင်း မှထမြောက်တော်မူသည်နည်းတူ၊ ငါတို့သည်လည်းအသစ်သော အသက်၌ ကျင်လည်ရကြသတည်း။
၅ တနည်းကား၊ အသေခံတော်မူခြင်း ၏ ပုံသဏ္ဌာန်ကိုဆောင်၍ ၊ ထိုသခင်နှင့်အတူ ငါတို့သည် စိုက်ပျိုးလျက်ရှိသည်မှန် လျှင်၊ ထမြောက်တော်မူခြင်း ၏ ပုံသဏ္ဌာန်ကိုဆောင်၍ စိုက်ပျိုးလျက်ရှိကြလိမ့်မည်။
၆ ထိုမှတပါး၊ ငါတို့၏လူဟောင်းသည် ထိုသခင်နှင့် အတူလက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်း ကိုခံပြီဟု ငါတို့သိကြ၏။ အကြောင်းမူကား၊ ငါတို့သည်နောက်မှအပြစ်တရား၏ အစေကိုမခံစေခြင်း ငှါ၊ အပြစ်တရား၏ ကိုယ်ကိုဖျက်ဆီးမည် အကြောင်းတည်း။

  • လူဟောင်းဆိုသည့်အရာကို ချွတ်ပယ်ခြင်း . .. . ဇာတိအရာများကိုဖယ်ရှားလျက် ခရစ်တော်၏နောက်လိုက်ရန် (တပည့်အဖြစ်) ဆုံးဖြတ်ချက်ချခြင်းလည်းဖြစ်ပါသည်။
  • ခရစ်တော်နှင့်အတူသေခြင်း၊သဂြိုလ်ခြင်း၊ ထမြောက်ခြင်း . . . ပုံသက်သေထူခြင်းဖြစ်သည်။ ဘုရားသခင်ရှေ့၊အမှူ့တော်ဆောင်များ၊ယုံကြည်သူများရှေ့၊ စာတန်ရှေ့၌ ဝန်ခံခြင်းဖြစ်သည်။
  • ခရစ်တော်၏အထဲ၌ မြှပ်နှံခြင်းသက်သေ

ဣသရေလလူမျိုးများအားဗတ္တိဇံပေးခြင်း

၁ကော ၁၀:၁-၃. 1 Corinthians

၁ ညီအစ်ကိုတို့၊ ငါတို့ဘိုးဘေးအပေါင်းတို့သည် မိုဃ်းတိမ်အောက်မှာရှိ၍ ၊ ပင်လယ်အလယ်၌ ရှောက်သွား ကြသည်ဟူ၍ ၎င်း၊ hu
၂ မိုဃ်းတိမ်နှင့်ပင်လယ်ထဲမှာ မောရှေ၌ ဗတ္တိဇံ ကိုခံကြသည်ဟူ၍ ၎င်း၊
၃ ဓမ္မအစာကို အတူစား ကြသည်ဟူ၍ ၎င်း၊ ဓမ္မရေကို အတူသောက်ကြသည်ဟူ၍ ၎င်း သင်တို့မသိမမှတ်ဘဲ နေစေခြင်း ငှါ ငါအလိုမရှိ။

မောရှေအားဖြင့် အဲဂုတ္တုပြည် ကျွန်ဘဝမှလွတ်မြောက်လာခဲ့ကြသကဲ့သို့ ယေရှူအားဖြင့် အပြစ်မှလွတ်မြောက်လာကြပါသည်။ ထို့နောက် ပင်လယ်ထဲမှ မိုးတိမ်ဖုံးခြင်းဖြင့် ဗတ္တိဇံကိုပေးပါသည်။

ဗတ္တိဇံမင်္ဂလာသည် ခရစ်တော်ရသူအတွက်သိပ်ထူးတယ်။

  • ဗတ္တိဇံအသက်တာဆိုတာ ခရစ်တော်နှင့်အတူလျှောက်လှမ်းခြင်း —
  • ခရစ်တော်ကိုယူတင်ဝတ်ဆောင်ခြင်း

( ဂလာ၊ ၃း၂၆-၂၇) ၂၆ Galatians

အဘယ်သို့ နည်း ဟူမူကား၊ သင်တို့အပေါင်းသည် ယေရှုခရစ်ကို ယုံကြည်သဖြင့် ဘုရားသခင်၏ သားဖြစ်ကြ၏။
၂၇ ခရစ်တော်၌ ဗတ္တိဇံကိုခံသောသူရှိသမျှတို့သည် ခရစ်တော်ကို ယူတင်ဝတ်ဆောင်သော သူဖြစ်ကြ၏။

  • ကိုယ့်ကိုသိသောစိတ်ကြည်လင်ခြင်း

၁ပေ၊ ၃:၂၁ 1 Peter

၂၁ ထိုသို့သော ဥပမာအတိုင်း၊ ယခုတွင် ဗတ္တိဇံ သည် ယေရှုခရစ်ထမြောက်တော်မူသော အားဖြင့်၊ ငါတို့ကိုကယ်တင် တတ်၏။ ဗတ္တိဇံ ဟုဆိုသော်၊ ကိုယ်ကာယ၏ အညစ်အကြေးဆေးကြောခြင်း ကို မဆိုလို။ ကိုယ်ကိုကိုယ်သိသော စိတ် ကြည်လင်၍ ၊ ဘုရားသခင့်ရှေ့၌ ဝန်ခံခြင်း ကို ဆိုလိုသတည်း။

  • ခရစ်တော်မရခင် လုပ်သမျှအရာအားလုံးသည် ဘာမှအကျိုးမရှိပါ။ ဘုရားရှေ့မှာ အကျုံးမဝင်ပါ။ ဘုရားက ထိုသို့လုပ်ရန် တစ်ခါမှကျမ်းစာထဲမှာဖော်ပြမထားပါ။ ကျမ်းစာထဲက ဖော်ပြမထာခြင်းကို ကိုယ့်အတွေးအခေါ်နဲ့ ရမည်ဟုယုံနေခြင်းထက် နှူတ်ကပတ်တော်ကိုယုံသင့်ပါသည်။
  • [ ] ခရစ်တော်မရခင် ပြုလုပ်သောရေနှစ်ခြင်းသည် မင်္ဂလာမရှိပါ။ တစ်နည်းဆိုရလျှင် ဘုရားရှေ့တော်တွင် ရေနှစ်ခြင်းမင်္ဂလာခံယူနေခြင်းမဟုတ်ပါ။ ဘုရားအသိအမှတ်မပြုနိုင်ပါ။ ရေနှစ်ခြင်းကိုအရင်ခံယူပြီး နောက်မှခရစ်တော်ရခြင်းဖြစ်ပါကဘာဆက်လုပ်ရမည်နည်း။ နှစ်ခြင်းမင်္ဂလာပြန်ခံယူရမည်လော။ ရေနှစ်ခြင်းခံယူရမည်လော။ ပြန်ခံရမည်မဟုတ်ပါ။ ရေနှစ်ခြင်းခံယူရန် ဘုရားသခင်၏အမိန်ံဖြစ်ပါသည်။ ခရစ်တော်မရခင်လုပ်ခြင်းသည် အကျုံးမဝင်ပါ။ ခံကောမခံရသေးခြင်းဖြစ်သည်။ နှူတ်ကပတ်တော်၏ သွန်သင်ခြင်းတွင် နှစ်ခြင်းအရင်ခံ နောက်မှခရစ်တော်ရဖို့မသွန်သင်ပါ။

ရေနှစ်ခြင်းမင်္ဂလာ၏ သင်္ကေတ

  • [ ] ယေရှူခရစ်တော်က ရေနှစ်ခြင်းမင်္ဂလာနှင့် ပွဲတော်မင်္ဂလာကို အလေးထားသွန်သင်ခဲ့သည်ကိုတွေ့ရပါမည်။
  • [ ] နှစ်ခြင်းမင်္ဂလာပေးရမှာ ခရစ်တော်၏ အမိန့်ဖြစ်သည်။

ယေရှူသည် ကျွန်ပ်တို့ကိုယ်စားအသေခံတော်မူခြင်း

၁ကော၊ ၁၅း၃-၄

၃ ငါသည် ကိုယ်တိုင်ခံယူသည်အတိုင်း သင်တို့အား ရှေ့ဦးစွာအပ်ပေးသော အကြောင်းအရာဟူမူကား၊ ခရစ်တော်သည် ကျမ်းစာလာသည်အတိုင်း ငါတို့အပြစ်ကြောင့် အသေခံတော်မူ၏။
၄ သြင်္ဂိုဟ်ပြီးမှ၊ ကျမ်းစာလာသည်အတိုင်း သုံးရက်မြောက်သောနေ့၌ ထမြောက်တော်မူ၏။

ရော၊ ၄း၂၅

၂၅ ထိုသခင်ယေရှု သည် ငါတို့အပြစ်ကြောင့်အပ်နှံခြင်း ကိုခံတော်မူ၏။ ငါတို့သည်ဖြောင့်မတ်ရာသို့ ရောက်မည်အကြောင်း ထမြောက်တော်မူ၏။

ရော၊ ၆း၆

၆ ထိုမှတပါး၊ ငါတို့၏လူဟောင်းသည် ထိုသခင်နှင့် အတူလက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကိုခံပြီဟု ငါတို့သိကြ၏။ အကြောင်းမူကား၊ ငါတို့သည်နောက်မှအပြစ်တရား၏ အစေကိုမခံစေခြင်း ငှါ၊ အပြစ်တရား၏ ကိုယ်ကိုဖျက်ဆီးမည် အကြောင်းတည်း။

ကော၊ ၂း၁၂

ဗတ္တိဇံအားဖြင့် ထိုသခင်နှင့် အတူသြင်္ဂိုဟ် ခြင်းကိုခံကြ၏။ ခရစ်တော်ကို သေခြင်းမှထမြောက်စေတော်မူသော ဘုရားသခင်၏ ပြုပြင်အားထုတ်တော်မူခြင်းကို ယုံကြည်သောအားဖြင့်၊ ဗတ္တိဇံကိုခံ၍ ထိုသခင်နှင့် အတူထမြောက်ခြင်းသို့ ရောက်ကြ၏။

ယော၊ ၁၄း၁၉
၁၉ ခဏကြာပြီးမှ လောကီသားတို့သည် ငါ့ကိုမမြင်ရကြ။ သင်တို့မူကား မြင်ရကြ လိမ့်မည်။ ငါသည် အသက်ရှင်သောကြောင့် သင်တို့သည်လည်း အသက်ရှင်ရကြလိမ့်မည်။

ရော၊ ၆း၄

ထိုကြောင့်၊ အသေခံတော်မူခြင်း၌ ဗတ္တိဇံကိုခံသောအားဖြင့်၊ ထိုသခင်နှင့် အတူသြင်္ဂိုဟ်ခြင်းကိုခံကြ၏။ အကြောင်းမူကား၊ ခရစ်တော်သည် ခမည်းတော်၏ ဘုန်းတန်ခိုးအားဖြင့် သေခြင်းမှထမြောက်တော်မူသည်နည်းတူ၊ ငါတို့သည်လည်းအသစ်သောအသက်၌ ကျင်လည်ရကြသတည်း။

ဂလာတိ၊ ၂း၂၀

ငါသည်ခရစ်တော်နှင့် အတူလက်ဝါးကပ်တိုင်မှာ အသေခံပြီ။ သို့သော်လည်း အသက်ရှင်သေး၏။ ထိုသို့ဆိုသော်ငါသည် ကိုယ်တိုင်မရှင်၊ ခရစ်တော်သည် ငါ၌ရှင်တော်မူ၏။ ကိုယ်ခန္ဓာ၌ယခုငါရှင်သော အသက်သည် ဘုရားသခင်၏ သားတော် ကိုယုံကြည်ခြင်းအားဖြင့်တည်၏။ သားတော်သည် ငါ့ကိုချစ်၍ ငါ့အဘို့ကိုယ်ကိုကိုယ်စွန့် တော်မူ၏။

ဂလာတိ၊ ၃း၂၇

ခရစ်တော်၌ ဗတ္တိဇံကိုခံသောသူရှိသမျှတို့သည် ခရစ်တော်ကို ယူတင်ဝတ်ဆောင်သော သူဖြစ်ကြ၏။

ရည်ရွယ်ချက်

  • [ ] ရေထဲသို့နှစ်မြုပ်ခြင်းသည် . . . . . အပြစ်ကိုဆေးကြောခြင်း၊ အသက်တာဟောင်းကိုဖယ်ရှားခြင်း
  • [ ] ရေထဲမှပြန်ထလာခြင်းသည် …. အသစ်သောအသက်တာ၌ ခရစ်တော်နှင့်အတူ တစ်လုံးတစ်ကိုယ်တည်းဖြစ်ခြင်း ထမြောက်ခြင်း
  • [ ] ထွက်လာခြင်းသည် …. Decision to serve the Lord …. ခရစ်တော်နှင့်အတူလျှောက်လှမ်း၍ အစေခံဖို့ရန်ဆုံးဖြတ်ချက်ဖြစ်သည်။

ယနေ့ ရေနှစ်ခြင်းမင်္ဂလာခံယူခြင်းသည် ယုံကြည်သူများရှေ့မှောက်တွင် သက်သေထူခြင်းနှင့်အတူ ယုံကြည်သူများနှင့် မိသဟာယဖွဲ့ခြင်း အသင်းတော်၌ ပါဝင်ရန်ဖြစ်သည်။

Pages: 1 2 3 4

Pastor Manar Chai


သင့်ဝိညာဉ် ကျန်းမာဖို့ နှုတ်ကပတ်တော်များများဖတ်ပါ။ သင့်ယုံကြည်ခြင်း ကြီးမားဖို့ နှုတ်ကပတ်တော်များများ နားထောင်ပါ။ သင့်ဝိညာဉ် ကြီးထွားရင့်ကျင့်လာဖို့ နှုတ်ကပတ်တော် ကိုနေ့စဉ်သင်ကြားခံယူပါ။


Let’s connect

အလိုအပ်ဆုံးအရာ